အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

EU ဈေးကွက်အတွက် အကူအညီ

မြန်မာ-အီးယူ ကုန်သွယ်မှု အကူအညီပေးရေးဌာန (Myanmar-EU Trade Helpdesk)ကို ၂၀၁၆ မေလတွင် ရန်ကုန်ရှိ မြန်မာ့ကုန်သွယ်မှုဗဟိုဌာန(Myanmar Trade Center)၌ တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။

အဆိုပါဌာနကို ကုန်သွယ်ရေးဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်(Trade Development Programme-TDP)၏ အကူအညီဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(Ministry of Commerce-MoC)မှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။

           (TDP)သည် ဂျာမနီ ဗဟိုအစိုးရ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုဝန်ကြီးဌာန (the German Federal Ministry for Economic Cooperation and Development BMZ) နှင့် ဥရောပသမဂ္ဂ(အီးယူ)(Europian Union) ကိုယ်စား (Deutsche Gesellschaft für Internationale Zusammenarbeit-GIZ)တို့ ပူးပေါင်းအကောင်အထည်ဖော်ထားသော အစီအစဉ်တစ်ခုဖြစ်ပါသည်။

Help Desk မှ ပေးအပ်လျက်ရှိသောဝန်ဆောင်မှုများ 

သတင်းအချက်အလက်
    -    EU သို့တင်ပို့ရောင်းချနိုင်ရန်အတွက် EU ဈေးကွက်ဆိုင်ရာအစီအရင်ခံစာများ။ 
    -    မြန်မာထွက်ကုန်များအကြောင်း။ 
    -    ပို့ကုန်မြှင့်တင်ခြင်းအတွက် လမ်းညွှန်ချက်များ။ 

သင်တန်းများ။ 
    -    “EU သို့ ကုန်ပစ္စည်းများကို တင်ပို့ခြင်း”ဆိုင်ရာ သင်တန်း။ 
    -    “ဈေးကွက် လေ့လာစီစစ်ရေးကိရိယာများ/ EU ဈေးကွက်အခြေအနေ”ဆိုင်ရာ သင်တန်း။
    -    “ကုန်စည်ပြပွဲများ၌ပါဝင်ပြသခြင်း” ဆိုင်ရာ သင်တန်း။ 

ဤဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဆက်သွယ်ရန်-


ဦးကောင်းထွဋ်အောင်၊ ဦးစီးအရာရှိ

အမှတ် ၆၂၂/၆၂၆၊ ကုန်သည်လမ်း၊ ပန်းပဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မြန်မာနိုင်ငံ။
ဖုန်း : +၉၅ ၁ ၂၅၄၀၂၄ (ရန်ကုန်)၊ +၉၅ ၆၇ ၃၄၀၈၆၂၂ (နေပြည်တော်)
အီးမေးလ် -  [email protected]