အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

ပို့ကုန်လုပ်ငန်းဆိုင်ရာ လေ့လာရန်

e-learning platform Myanmar Trade & Investment Project

e-learning platform Myanmar

မြန်မာနိုင်ငံမှ ဤသင်တန်းတက်ခွင့်ရယူများသည် ITC ၏ ဈေးကွက်အကဲဖြတ်ရေး ကိရိယာနှစ်မျိုးဖြစ်သည့် ကုန်သွယ်ရေးမြေပုံနှင့် ဈေးကွက်ရရှိရေးမြေပုံတို့၏ အကြောင်းအရာနှင့် အသုံးပြုပုံများကို အကျွမ်းတဝင်ဖြစ်စေရန်ရည်ရွယ်၍ e-learning ပလက်ဖောင်းကို ဒီဇိုင်းရေးဆွဲထားပါသည်။ ရိုးရှင်းသည့် အဆင့် (၃) ဆင့်ကို လိုက်နာပြီး ITC ၏ ကိရိယာများအား အသုံးပုံကို လေ့လာခြင်းဖြင့် အသုံးပြုသူများသည် သတင်းအချက်အလက်များကို အခြေခံသည့် စီးပွားရေး ဆုံးဖြတ်ချက်များ ချမှတ်သွားနိုင်မည် ဖြစ်ပါသည်။ ITC ၏ ကိရိယာများမှ အောက်ပါ အချက်အလက်များကို သင့်ကို ပြောပြပေးနိုင်ပါလိမ့်မည်။

  • သင်၏ ကုန်ပစ္စည်းများအတွက် လက်ရှိဝယ်လိုအား
  • ဦးတည်ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်မှုအဆင့်
  • ဦးတည်ဈေးကွက်အတွင်းရှိ မိမိ၏ အလားအလာရှိသော မိတ်ဖက်များ
  • သင်၏ကုန်ပစ္စည်းအပေါ် သတ်မှတ်ထားသော အကောက်ခွန်
  • ပို့ကုန်/သွင်းကုန်ဆိုင်ရာ လိုအပ်ချက်များ
  • ထို့အပြင် အခြားအကြောင်းအရာများစွာလည်း ပါဝင်ပါသည်။ 
ITC SME Trade Academy
helpdesk

ITC ၏ SME နှင့် ပတ်သက်သည့် ကုန်သွယ်ရေးဆိုင်ရာ သင်တန်း 

SME နှင့် ပတ်သတ်သည့်ကုန်သွယ်ရေးဆိုင်ရာသင်တန်းအား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာန (ITC) မှတည်ထောင်ပြီး အကူအညီများပေးအပ်ထားပါသည်။ ဤသင်တန်းကျောင်းတွင် တင်ပို့ကုန်လုပ်ငန်းနှင့်သက်ဆိုင်သော ဘာသာရပ်အမျိုးမျိုးအတွက် အခမဲ့အွန်လိုင်းသင်တန်းများ ရှိပါသည်။ သင်တန်းများအား ဤနယ်ပယ်၌ ကျွမ်းကျင်သောဆရာများမှသင်ကြားပြီး သင်တန်းကာလမှာ ၂ ပတ်သာ ကြာမြင့်ပါသည်။ ဤသင်တန်းများတွင် စာပို့ချချက်များ၊ လေ့ကျင့်ခန်းများနှင့် အောက်ပါနယ်ပယ်များစွာနှင့်ပတ်သက်ပြီး သေချာလေ့လာထားမှုများရှိပါသည်။ ဤနယ်ပယ်များမှာ 

  • ကော်ဖီတင်ပို့ခြင်းကို စတင်လေ့လာခြင်း၊
  • တရုတ်လူမျိုးများနှင့် စီးပွားရေးလုပ်ကိုင်ခြင်း၊
  • သင်၏ B2B စီးပွားရေးအတွက် E-Commerce လုပ်ကိုင်ခြင်း၊
  • နိုင်ငံတကာ ကုန်သွယ်ရေးကိုယ်စားလှယ်များနှင့် အတူတကွအလုပ်တွဲလုပ်ခြင်း၊
  • ဝန်ဆောင်မှုပေးခြင်းကဏ္ဍ ရှိ ကုန်သွယ်ရေးအား ငွေကြေးမတည်ခြင်း၊
  • ပို့ကုန်ဈေးကွက်များကို ထည့်သွင်းစဉ်းစားခြင်း၊
  • နယ်စပ်ရေးရာစာချုပ်များကို စတင်လေ့လာခြင်း၊
TTI, Trade Training Institute

Trade Training Institute (TTI)

ကုန်သွယ်ရေးဆိုင်ရာ လေ့ကျင့်ရေးသင်တန်းကျောင်း (TTI) သည် ပို့ကုန်/သွင်းကုန် အရေးကိစ္စများကို စိတ်ဝင်စားသူများအတွက် အခြေခံနှင့် အဆင့်မြင့်နိုင်ငံတကာကုန်သွယ်ရေးသင်တန်းများကို ပုံမှန် ပို့ချပေးနေပါသည်။ သင်တန်းများတွင် ကုန်သွယ်ရေးသီအိုရီ၊ မူဝါဒ၊ ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းခြင်းများ၊ ဥပဒေများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ လုပ်ရိုးလုပ်စဉ်များစသည့် အကြောင်းအရာအမျိုးမျိုး ပါဝင်ပါသည်။