အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Fishery Products Markets

အီးယူပို့ကုန်စျေးကွက်လေ့လာခြင်း(အေးခဲထားသော ပုဇွန်)

(EU Export Market Scan: Frozen Shrimps)

အီးယူ (EU) ၏ အေးခဲ ပုဇွန် (Frozen Shrimp) တင်သွင်းသည့် ပမာဏသည် ကမ္ဘာတစ်ဝန်းလုံးမှ တင်သွင်းသည့် စုစုပေါင်းပမာဏ၏ သုံးပုံတစ်ပုံခန့်ရှိပါသည်။ အီးယူ (EU) ၏ အေးခဲ ပုဇွန်တင်သွင်း မှုသည် လွန်ခဲ့သည့် သုံးနှစ်အတွင်း မှန်မှန် တိုးတက်လျှက်ရှိရာ ၂၀၁၇ တွင် တန်ချိန် (၅၄၀၀၀၀) နှင့် တန်ဖိုး ယူရို ၄.၂ ဘီလျှံထိ ရောက်ရှိလာပါသည်။

           အီးယူ၏ အေးခဲ ပုဇွန်တင်သွင်းမှုသည် လွန်ခဲ့သော ငါးနှစ်အတွင်း နှစ်စဉ်ပမာဏအားဖြင့် ၃ ရာခိုင်နှုန်းတန်ဖိုးအားဖြင့် ၉ ရာခိုင်နှုန်း မြင့်တက်လျှက်ရှိရာ ပြီးခဲ့သည့် နှစ်များအတွင်း သွင်းကုန် တန်ဖိုး တိုးတက်လာသည်ကို ဖော်ပြနေပါသည်။

           အီးယူ၏ စီးပွားရေးတိုးတက်မှု အထူးသဖြင့် အလယ်ပိုင်းနှင့် အရှေ့ပိုင်းအီးယူနိုင်ငံများ၏ လာမည့် ငါးနှစ်အတွင်း အီးယူသွင်းကုန် ပိုမိုကြီးထွားလာမှုများကြောင့် အေးခဲပုဇွန်တင်သွင်းမှု ဆက်လက်မြင့်တက်လာလိမ့်မည်ဟု မျှော်မှန်းထားကြပါသည်။

           တင်ပို့သည့် ပုဇွန်အမျိုးအစားပေါ်မူတည်၍ အီးယူစျေးကွက်အလားအလာလည်း ကွဲပြားမည်ဖြစ်ပါသည်။ အမဲရောင်ပုဇွန်ကျား (Black Tiger Shrimps)စျေးကွက်များကို အီးယူနေရာတိုင်းတွင် တွေ့ရသော်လည်း အဓိကစားသုံးသည့် နိုင်ငံများမှာ ဗြိတိန်၊ ဘယ်လ်ဂျီယမ်၊ နယ်သာလန်နှင့် ဂျာမဏီတို့ဖြစ်ပါသည်။ ဘယ်လ်ဂျီယမ်နှင့် နယ်သာလန်တို့သည် ပန်းရောင်ပုဇွန် (ပင်လယ်ပြင်မှ သဘာဝအတိုင်းဖမ်းယူရရှိသည့် သည့်ပုဇွန်) (Wild Caught Pink Shrimps)စျေးကွက်ဖြစ်ပြီး ဗြိတိန်သည်ရေချိုပုဇွန်များ(Freshwater Shrimps)ကို ဝယ်လိုအားများသည့် စျေးကွက်ဖြစ်ပါသည်။

Download Report

Download Report in Myanmar

 

အီးယူ၏ တီလားဗီးယား မွေးမြူရေးငါးစျေးကွက် (CBI စီရင်ခံစာ)(EU Market for Tilapia - CBI Report)

တီလားဗီးယားသည် မွေးမြူရေး ငါးအမျိုးအစားဖြစ်ပါသည်။ ၂၀၁၃ တွင် ဥရောပ ယူနီယံ (အီးယူ)သို့ တီလားဗီးယားတန်ချိန် ၄၄၈၀၀ တင်သွင်းခဲ့ရာ ၉၁ ရာခိုင်နှုန်းမှာ အေးခဲထားသော တီလားဗီးလားများဖြစ်ပါသည်။ ပြင်သစ်သည် ဥရောပတွင် အကြီးဆုံးသော အေးခဲ တီလားဗီးယား  ငါးအသားလွှာ အဓိကတင်သွင်းသည့် အီးယူစျေးကွက်များ ဖြစ်ကြပါသည်။

Read CBI Report

 

အီးယူ၏ ရေချိုငါးခူစျေးကွက် (CBI အစီရင်ခံစာ)(EU Market for Pangasius - CBI Report)

၂၀၁၂ ခုနှစ် မတိုင်မီအထိ ဥရောပသည် ဗီယက်နမ်ရေချိုငါးခူစျေးကွက် တဟုန်ထိုး ကြီးထွားရာနေရာဖြစ်ခဲ့ပြီး သွင်းကုန်ပမာဏသည်လည်း နှစ်စဉ်တိုးတက်ခဲ့ပါသည်။ သို့ရာတွင် ဥရောပ၏ အကြီးဆုံး ဗီယက်နမ်ငါးခူ စျေးကွက် များဖြစ်သည့် စပိန်၊ နယ်သာလန်နှင့် ဂျာမဏီ တို့တွင် ၂၀၁၂ မှ ၂၀၁၄ အတွင်း သွင်းကုန်တန်ဖိုးကျဆင်းလာပါသည်။ ဗီယက်နမ်တင်ပို့သူများ အနေဖြင့် ပိုမို၍ ရေရှည်တည်တံ့နိုင်သော နည်းစနစ်များ အသုံးပြု၍ ရေချိုငါးခူ၏ ကျဆင်းနေသော ပုံရိပ်ကို မြှင့်တင်နိုင်ပါမှ စျေးကွက်ပြန် လည်ဦးမော့လာနိုင်ပါမည်။ ဤဖြစ်စဉ်တွင် တရားဝင် ထောက်ခံချက် ရယူရေး လုပ်ငန်းစဉ်များ သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေနိုင်ပါသည်။

Read CBI Report