Japan

Nissan ကုမ္ပဏီက ပြုပြင်ပြောင်းလဲသွားမည့် အစီအစဉ်များကို ရှယ်ယာဝင်များအား ရှင်းလင်းခဲ့

Last Updated:

ကိုရိုနာကပ်ရောဂါအကျပ်အတည်းကြားတွင် ရုန်းကန်နေရသည့် ဂျပန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများအနက် တစ်ခုအပါအဝင်ဖြစ်သည့် Nissan မော်တော်ကားကုမ္ပဏီ သည် ၎င်း၏ လုပ်ငန်းအကျိုးအမြတ်များ ပြန်လည်ရရှိရန် ကုမ္ပဏီ၏ဖွဲ့စည်းပုံအပိုင်း ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုမ္ပဏီ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ Mr. Uchida Makota က ဇွန်လကုန်၌ ယိုကိုဟားမားရှိ ကုမ္ပဏီရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ရှယ်ယာရှင်များအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်း သိရပါသည်။ 

ပြီးခဲ့သည့် ၂၀၁၉ ဘဏ္ဍာရေးနှစ်အတွင်း Nissan မော်တော်ကားကုမ္ပဏီသည် အသားတင်အရှုံး အမေရိကန်ဒေါ်လာ ၆.၂ ဘီလီယံကျော်ခန့် ရှိခဲ့သည့်အတွက် ရှယ်ယာဝင်များကို အစုရှယ်ယာများပေါ်မှရရှိမည့် အမြတ်ငွေပေးချေမှုအား ဖျက်သိမ်းခဲ့ရသည့်အတွက် အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Uchida က တောင်းပန်ခဲ့ပါသည်။ 

ယခုနှစ်အတွက် ပြုပြင်ပြောင်းလဲမှုအတွက် ဆောင်ရွက်မည့် မဟာဗျူဟာတွင် မော်တော်ကား ထုတ်လုပ်မှုပမာဏကို ၂၀ % လျော့ချသွားမည်ဖြစ်ပါကြောင်း၊ ကုမ္ပဏီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များသည် အခက်အခဲများရှိနိုင်သော်လည်း တိုးတက်မှုရှိသည့် လမ်းကြောင်းပေါ်သို့ ရောက်အောင် ကြိုးပမ်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း Mr. Uchida က ကတိပြုပြောကြားခဲ့ပါသည်။ 

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan