China (HongKong)

Covid-19 ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရန် ဟောင်ကောင်ရှိ Fulum ၊ Tao Heung ၊ Tsui Wah အစရှိသည့် စားသောက်ဆိုင်များ ပိတ်ခြင်း၊ ဆိုင်ဖွင့်ချိန်များ လျှော့ချလျှက်ရှိခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ (Covid-19) ကူးစက်ပျံ့နှံ့မှုအား တားဆီးကာကွယ် နိုင်ရန် Fulum Group စားသောက်ဆိုင်လုပ်ငန်းမှ ညစာစာပွဲများ လက်ခံ ကျင်းပခြင်းနှင့် စားသောက်ဆိုင်လုပ်ငန်းတို့အား ယာယီရပ်ဆိုင်းထားကြောင်း၊ စားသောက်ဆိုင် (၄၈) ဆိုင် ဖွင့်လှစ်လည်ပတ်နေသည့် Tao Heung Holdings စားသောက်ဆိုင်များအနေဖြင့် ညစာစားပွဲများ လက်ခံကျင်းပပြုလုပ်ခြင်းကို (၂) ပတ်ကြာ ယာယီရပ်ဆိုင်းထားမည်ဖြစ်ကြောင်း၊ စားသောက် ဆိုင် (၂၀) ဆိုင် ဖွင့်လှစ် ထားသည့် Tsui Wah Holdings ဆိုင်များမှာ ဆိုင်ပိတ်ချိန်အား ည (၁၁:၀၀) နာရီမှ ည (၈:၀၀) နာရီသို့ ဆိုင်ဖွင့်ရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင် ဒေသ၌ ၂၀၁၉ ခုနှစ် နှစ်လယ်က စတင်၍ အစိုးရဆန့်ကျင်ဆန္ဒပြမှုကြောင့် လက်လီဝယ်ယူ စားသုံးမှုများမှာ လျော့ကျလျှက်ရှိကြောင်း၊ ဟောင်ကောင်၌ Covid-19 ဖြစ်ပွားမှုမှာ ၆၀၀ ဦး ကျေိာ်သွားသောကြောင့် စားသောက်ဆိုင်များ တစ်ဝက်ခန့်လျေှာ့ချခြင်း၊ ရုပ်ရှင်ရုံများ ယာယီ ပိတ်ထားခြင်းနှင့် အခြားသော အများပြည်သူ များသွားလာသည့် နေရာများအား (၁၄) ရက်ကြာ ပိတ်သွားမည်ဖြစ်ကြောင်း၊ Fulum စားသောက်ဆိုင်တွင် ဝန်ထမ်းတစ်ဦး၌ Covid-19 ကူးစက်ခဲ့ကြောင်း တွေ့ရှိ ရသောကြောင့် စားသောက်ဆိုင် (၂၀) ဆိုင် ပိတ်ထားခဲ့ကြောင်း၊ ဝန်ထမ်း (၂၀၀၀) ခန့်မှာ ဖေဖေါ်ဝါရီမှစတင်၍ လစာမဲ့ခွင့်ဖြင့် အနားယူထားရကြောင်း၊ အမှုဆောင် ဒါရိုက်တာများမှ ၎င်းတို့လစာ၏ တစ်ဝက်သာ ရရှိမည်ဖြစ်ကြောင်း၊ Covid-19 ကြောင့် တရုတ်ပြည်မကြီးမှ ခရီးသွားဧည့်သည်များ လာရောက်ခြင်းမရှိသောကြောင့် ဇန်နဝါရီလတွင် (၂၁.၄) ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေးနှေးကွေးမှုနှင့် အစိုးရဆန့်ကျင်ဆန္ဒပြမှုကြောင့် ဟောင်ကောင်ဒေသ၏ စားသောက် ဆိုင်လုပ်ငန်းများမှာ ၂၀၁၉ ခုနှစ်လယ်ပိုင်းက စတင်၍ ထိခိုက်မှုများရှိနေခဲ့ရာ Covid-19 ကူးစက်ဖြစ်ပွားမှုကြောင့် အစားအစာနှင့် အဖျော်ယမကာကဏ္ဍတွင် ယိုယွင်းပျက်စီးနိုင်ကြောင်း၊ ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် စားသောက်ဆိုင်လုပ်ငန်းများကဏ္ဍမှာ ၂၀၁၉ ခုနှစ်တွင် (၅.၉) ရာခိုင်နှုန်း လျော့ကျသွားကြောင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် မကာအို‌ ဒေသတို့၌ စားသောက်ဆိုင် (၂၀၀) ဆိုင် ဖွင့်လှစ်လုပ်ကိုင်နေသည့် Tai Hing Group သည် ၂၀၁၉ ခုနှစ်တွင် အမြတ် (၇၅) ရာခိုင်နှုန်း လေျာ့ကျခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Georgina Lee က “ Hong Kong restaurant chains Fulum, Tao Heung, Tsui Wah close outlets, cut timings in bid to contain coronavirus” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)