Japan

၂၀၂၀ ပြည့်နှစ်သည် ကမ္ဘာ့စီးပွားရေးကျဆင်းမည့် နှစ်တစ်နှစ် ဖြစ်နိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ခန့်မှန်းပြောဆို

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါပြန့်ပွားနေမှုသည် ၂၀၂၀ ပြည့်နှစ်အတွက် တစ်ကမ္ဘာလုံး စီးပွားရေးကျဆင်းမှုကို ဖြစ်စေနိုင်ကြောင်း နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ဦးဆောင် ညွှန်ကြားရေးမှူး ဖြစ်သူ Ms. Kristalina Georgieva က ပြောကြားခဲ့ပါသည်။

Ms. Kristalina Georgieva က ကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၏ ကမ္ဘာ့စီးပွားရေး တိုးတက်မှု အလားအလာသည် အနုတ်လက္ခဏာဆောင်မည်ဖြစ်ပါကြောင်း၊  ကမ္ဘာ့ငွေကြေးအကျပ်အတည်းနှင့် အလားတူ သို့တည်းမဟုတ် ပိုမိုဆိုးရွားနိုင်သည့်  ကျဆင်းမှု မျိုးနှင့် ရင်ဆိုင်ရနိုင်ကြောင်း၊ သို့သော် လည်း ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ပြန်လည် ကောင်းမွန်လာဖွယ်ရှိပါကြောင်း ၎င်းကသုံးသပ်ပြောဆိုခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှု ကမ္ဘာ့ကပ်ရောဂါအဆင့် မရောက်ရှိမီ ပြီးခဲ့သည့် ဖေဖော် ဝါရီလအတွင်း၌  ကမ္ဘာ့စီးပွားရေးဟာ ၂၀၂၀ ပြည့်နှစ်တွင် ယခင်နှစ် များထက် ပိုမိုမြင့်မားလာနိုင်ပြီး  ၃.၂ % ခန့် တိုးတက်နိုင်ကြောင်း  IMF က ခန့်မှန်းခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan