China (HongKong)

၂၀၂၀ ပြည့်နှစ်မှတင်၍ ပို့ကုန်သွင်းကုန်များ တည်ငြိမ်မှုမရှိဘဲ ကျဆင်းလာခြင်း

Last Updated:

ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ (Covid-19) ကူးစက်ပျံ့နှံ့မှုကြောင့် ဟောင်ကောင် ဒေသ၏ ကုန်သွယ်ရေးကို အကြီးအကျယ်ပျက်စီးစေခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ ပထမ (၂) လအတွင်း ပို့ကုန် (၁၂) ရာခိုင်နှုန်းနှင့် သွင်းကုန် (၉.၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကုန်သွယ်မှုလိုငွေ ကုန်သွယ်မှုလိုငွေ ဟောင်ကောင်ဒေါ်လာ (၆၉.၁) ဘီလီယံရှိကြောင်း၊ ဟောင်ကောင်၏ ပို့ကုန်မှာ မကြာမီကာလအထိ ဆက်လက်နည်းနေမည်ဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်ကစတင် ဖြစ်ပွားခဲ့သည့် တရုတ်-အမေရိကန် ကုန်သွယ်ရေး စစ်ပွဲကြောင့် ဟောင်ကောင်၏ ပို့ကုန်မှာ သိသာစွာကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် (၄.၁) ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ထပ်မံ၍ (၂) ရာခိုင်နှုန်း ကျဆင်းမည်ဟု ဟောင်ကောင်ကုန်သွယ်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ (HKTDC) က ခန့်မှန်းထားကြောင်း၊ ဟောင်ကောင်ဒေသသည် တရုတ်နိုင်ငံမှထုတ်လုပ်သည့် ကုန်ပစ္စည်းများ အများဆုံးတင်ပို့သည့်နေရာဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံတို့ရှိ ထုတ်လုပ်မှုလုပ်ငန်းများနှင့် တန်ဖိုးကွင်းဆက်တစ်ခုလုံးကို ပြင်းထန်စွာရိုက်ခတ်လျှက်ရှိကြောင်း၊ ဥရောပ၏ စီးပွားရေးမှာ ယခုနှစ်အတွင်း ကျဆင်းမည်ဖြစ်ကြောင်း၊ သို့ဖြစ်ရာတရုတ်နှင့် အမေရိကန် နိုင်ငံတို့အကြား စီးပွားရေးအင်အားကြီး နှစ်နိုင်ငံအနေဖြင့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကို တားဆီးနိုင်အောင် ပူးပေါင်းဆောင်ရွက်ရန် ကောင်းမွန်သည့် အခြေအနေဖြစ်ကြောင်း၊ မကြာမီလအနည်းငယ်အတွင်း ကမ္ဘာ့ဝယ်လိုအားမှာ အမှန်တစ်ကယ် လိုအပ်သည့် ပစ္စည်းများကိုသာ ဝယ်ယူကြမည်ဖြစ်ပြီး ဈေးကြီးသည့် အပိုအသုံး အဆောင်ပစ္စည်းများအား ဝယ်ယူတော့မည်မဟုတ်ကြောင်း၊ လာမည့်လများအတွင်း တရုတ်စက်ရုံများမှ ပစ္စည်းများကိုဝယ်ယူမှုများ ကျဆင်းမည်ဖြစ်ပြီး ဟောင်ကောင်ဒေသအပေါ်လည်း သက်ရောက်မည်မှာ မလွဲဧကန်ဖြစ်ကြောင်း၊ ဇန်နဝါရီလနှင့်ဖေဖေါ်ဝါရီလအတွင်း ဟောင်ကောင်ဒေသ၏ ပို့ကုန်မှာ တရုတ်ပြည်မကြီး မှ (၇.၉) ရာခိုင်နှုန်း၊ အမေရိကန်မှ (၂၆.၄) ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ (၂၄.၂) ရာခိုင်နှုန်းနှင့် ဂျာမနီနိုင်ငံမှ (၂၂.၃) ရာခိုင်နှုန်းအသီးသီးလျော့ကျ ခဲ့ကြောင်း၊ (၂) လအတွင်း ကုန်ပစ္စည်း အမျိုးအစားများ အနေဖြင့် ကျောက်မျက်လက်ဝတ်ရတနာ၊ ရွှေနှင့် ငွေထည်ပစ္စည်း များ (၂၀.၁) ရာခိုင်နှုန်း ကျဆင်း ခဲ့ပြီး ဆက်သွယ်ရေး၊ အသံဖမ်းစက်နှင့် ထုတ်လုပ်ရေးပစ္စည်း ကိရိယာများမှာ (၂၀) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Denise Tsang က “ Import, Exports slumps in shaky start to 2020” ခေါင်းစဉ် ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)