China(Nanning)

အစားအစာပို့ဆောင်ရေးနည်းလမ်းအသစ်ကို တရုတ်နိုင်ငံတွင် တီထွင်ကြံဆလာ

Last Updated:

တရုတ်နိုင်ငံ၏ Yum China Holdings Inc,သည် KFC နှင့် Pizza Hut အမှတ် တံဆိပ်စားသောက်ကုန်များအပါအဝင် လူကြိုက်များသော အစားအသောက်များအား အွန်လိုင်းပေါ်မှ မှာယူမှုများကို ပို့ဆောင်ရာ၌ စိတ်ချလုံခြုံမှုရှိစေရန် မှာယူသူနှင့် ပို့ဆောင်သူထိတွေ့မှုမရှိသည့် နည်းလမ်းအသစ်တစ်ရပ်အား တီထွင်ကြံဆလာပါသည်။ ၎င်းနည်းလမ်းအရ စားသုံးသူက အွန်လိုင်းမှာ မှာယူပြီးသည့်အခါ အစားအစာများကို အိတ်ထဲသို့ထည့်၍ တံဆိပ်ခပ်နှိပ်၍ချိတ်ပိတ်ပြီး၊ ကြိုတင်စီစဉ်ထားသော လက်ခံသည့်နေရာတွင် လာရောက်ယူစေခြင်းဖြစ်ပါသည်။ အစားအသောက်ပို့ဆောင်သူများ၏ ကိုယ်အပူချိန်ကို တိုင်းယူပြီး၊ ကာကွယ်ရေး နှာခေါင်းစည်း များကိုလည်း တပ်ဆင်စေပါသည်။

ထိုကဲ့သို့ စီစဉ်ဆောင်ရွက်မှုမှာ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့၏ လမ်းညွှန်ချက်များနှင့်လည်း ကိုက်ညီကြောင်း၊ Yum China ကဲ့သို့ပင် McDonald’s နှင့် Starbucksတို့ကလည်း မှာယူသူနှင့် ပို့ဆောင်သူထိတွေ့ခြင်းမရှိသည့် အစားအသောက် အွန်လိုင်း ပေါ်မှမှာယူသည့် ဝန်ဆောင်မှုကို ပေးလျက်ရှိကြောင်းသိရပါသည်။ ပြီးခဲ့သည့်လအတွင်း ၎င်းဝန်ဆောင်မှု ပုံစံဖြင့် အစားအသောက်မှာယူမှုပေါင်း (၈၀) ရာခိုင်နှုန်း ကျော်ရှိခဲ့ပြီး၊ ၎င်းတို့အနက် (၄၇) ရာခိုင်နှုန်းက အစားအသောက်များကို ၎င်းတို့၏ တံခါးလက်ကိုင်တွင် ချိတ်ထားစေခဲ့ကာ၊ (၁၅) ရာခိုင်နှုန်းက ၎င်းတို့အိမ်ရာ အဝင်ဝတံခါးများတွင် ထားခဲ့စေကြကြောင်း၊ အလုပ်ထဲမှ မှာယူသူ (၁၄) ရာခိုင်နှုန်းကမူ ၎င်းတို့ကုမ္ပဏီများ၏ ဧည့်ကြိုကောင်တာတွင် ထားစေခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)