Thailand

ပြည်တွင်းကုန်သွယ်ရေးဌာန ညွန်ကြားရေးမှူးချုပ် နှာခေါင်းစည်းကိစ္စကြောင့် အလုပ်မှ နှုတ်ထွက်

Last Updated:

ပြည်တွင်းကုန်သွယ်ရေးဌာန ညွန်ကြားရေးမှူးချုပ် Wichai Phochanakij သည် နှာခေါင်းစည်းများရှားပါးမှုကြောင့်သူ၏ဌာနအနေဖြင့် ရရှိလာသော အကျိုးအမြတ်များအား ရယူခဲ့သည်ဟူသော စွပ်စွဲချက်အား ငြင်းဆိုရင်း ယမန်နေ့က အလုပ်မှနှုတ်ထွက်ခဲ့ ပါသည်။ ဈေးနှုန်းထိန်းချုပ်သည့် ကုန်ပစ္စည်းအဖြစ်သတ်မှတ်ခြင်း မပြုမီ နှာခေါင်းစည်း အမြောက်အများ ပြည်ပတင်ပို့မှုအတွက်စစ်ဆေးရန် ဆိုင်းငံ့ကာလအတွင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက သူ့အား လှုပ်ရှားမှုမရှိသောနေရာသို့ ပြောင်းရွှေ့ရန် အမိန့်အား ယမန်နေ့က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးနောက် ၎င်းကနှုတ်ထွက် ကြောင်းပြောကြားခဲ့ခြင်းဖြစ်ပါသည်။

Mr. Whichai က သူ့အနေဖြင့် နှုတ်ထွက်စာကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတန်းအတွင်းဝန် Boonyarit ထံတင်ခဲ့ကြောင်း၊ ၎င်းကအဆိုပါကိစ္စအပေါ်ကို ဆုံးဖြတ်ပေးလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆေးရုံများနှင့် ဈေးဆိုင်များတွင် နှာခေါင်းစည်းများပြတ်လပ်မှုများအပေါ် တိုင်ကြားစာ အများအပြားထွက်ပေါ်ခဲ့ပြီးနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ထုတ်လုပ်မှုသည် ဝယ်လိုအားလိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်ရန် အရှိန်မြှင့်ထား ကြောင်း အာမခံခဲ့ပေးခဲ့ပါသည်။

ယခုဖြစ်စဉ်က နှာခေါင်းစည်းများကို အွန်လိုင်းပေါ်တွင် ဈေးနှုန်းကြီးမြင့်စွာဖြင့် ရောင်းချ ရန် သိုလှောင်ထားခြင်းဟု ရုတ်ချည်းအားဖြင့် သံသယဖြစ်ဖွယ်ဖြစ်စေ ပါသည်။ ယမန်နေ့က Mr.Whiachai က ကိုရိုနာဗိုင်းရပ်စ်ဖြစ်စဉ်အတွင်း ပြည်တွင်း ကုန်သွယ်ရေးဌာနမှ ဝန်ထမ်းများအနေဖြင့် နှာခေါင်းစည်းဝယ်လိုအားအပေါ် မည်သည့်အကျိုးအမြတ်မှ မရရှိခဲ့ဟုပြောကြားခဲ့ပါသည်။ ယခုကိစ္စမှာ ဘဝနဲ့သေဆုံးမှု ကိစ္စဖြစ်ကြောင်း၊ သိမ်းဆည်းခြင်းဖြင့် အမြတ်အစွန်းယူမည့်သူ မည်သူမဆို ကန့်ကွက် ရှုတ်ချစရာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့ပါသည်။

Mr.Whiachiaက မိမိအနေဖြင့်အလုပ်အပေါ်အကောင်းဆုံးဆောင်ရွက်ခဲ့ကြောင်း၊ သို့ရာတွင် သူဉီးဆောင်သည့်ဌာနအနေဖြင့် တစ်ရက်လျှင် ထုတ်လုပ်မှုနှုန်း (၁.၂) သန်းနှုန်းဖြင့် တစ်တိုင်းပြည် လုံးရှိ လူအားလုံး (၆၅) သန်းအတွက် လိုအပ်သော နှာခေါင်းစည်းများကို ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့ ပါသည်။

၎င်းက လူတိုင်းကို နှာခေါင်းစည်းများပေးရန်ရည်ရွယ်ချက်မှာ လက်တွေ့မကျကြောင်းနှင့် အမှန်တစ်ကယ်လက်တွေ့မဖြစ်နိုင်ကြောင်းပြောကြားခဲ့ပါသည်။ အစပိုင်း တွင်ဌာနအနေဖြင့် နှာခေါင်းစည်းပြတ်လပ်မှုကို ခွဲတမ်းစနစ်ဖြင့် စနစ်တကျကိုင်တွယ်ခဲ့ ကြောင်း၊  ဈေးကွက်အတွင်းမှ နှာခေါင်းစည်း (၅၀၀,၀၀၀) ကို ပြန်လည် ရုတ်သိမ်းပြီး ကျန်စက်ရုံများကို ကိုင်တွယ်ရန်စီစဉ်ခဲ့ပါသည်။ သို့ရာတွင် ထုတ်လုပ်ထောက်ပံ့မှုမှာ တိုးတက်လာခဲ့ခြင်းမရှိခဲ့ပါ။ ဆေးရုံများအနေဖြင့် နှာခေါင်း စည်းများပြတ်လပ်မှုကို စတင်တိုင်ကြားလာခဲ့ကြောင်း၊ ဌာနအနေဖြင့် နိုင်ငံအဝှမ်းတစ်နေ့တာထုတ်လုပ်မှုအပေါ် ကြီးကြပ်ထိန်းသိမ်းမှုကို ချက်ခြင်းစတင် ဆောင်ရွက်ခဲ့ပါသည်။

သို့ရာတွင် ပြန်လည်ဖြန့်ဖြူးရန်အတွက် နှာခေါင်စည်းများအား ဖမ်းဆီးသိမ်းဆည်းရန်ထက် ဝန်ကြီးဌာနအနေဖြင့် ကိန်းဂဏန်များကို ပြန်လည်စိစစ်ပြီး ဆေးရုံများနှင့် ဆေးဝန်ထမ်းများအတွက် နှာခေါင်းစည်း (၇၀၀,၀၀၀) ကို ကတိပြုပေးခဲ့ပါသည်။ သို့ရာတွင် ၎င်းမှာ ပြည်သူအများအတွက် နှာခေါင်းစည်းနည်းပါးလာသည်ဟု ဆိုလိုခြင်းပင်ဖြစ်ပါသည်။

Mr.Whiachai က ဝန်ကြီးဌာန အနေဖြင့် နှာခေါင်းစည်းများ သယ်ယူပို့ဆောင်ရေး နှင့်ဖြန့်ဖြူးရေးကိုတာဝန်ယူခဲ့ကြောင်း၊ ထုတ်လုပ်မှုနှင့် ဝယ်ယူရေးနှစ်ခုစလုံး အတွက်စီမံခန့်ခွဲဆောင်ရွက်ခဲ့ကြောင်း၊ မတ်လ (၄) ရက်နေ့မှစ၍ နှာခေါင်းစည်း (၁၅) သန်းကို ဝန်ကြီးဌာနမှ လက်လွှဲပြောင်းပေးခဲ့ကြောင်းပြောကြားခဲ့ပါသည်။

ပြည်တွင်းကုန်သွယ်ရေးဌာန အနေဖြင့် ယခင်အပတ်က အကောက်ခွန်ဌာန ပြောခွင့်ရသူ Chaiyut Khamkhun အား နည်းပညာရာဇဝတ်မှုဌာနသို့ အသရေဖျက်မှု တိုင်ကြားချက်တင်သွင်းခဲ့ပါသည်။ ဌာနအနေဖြင့် ပြောရေးဆိုခွင့်ရှိသူအား ပြည်တွင်း ကုန်သွယ်ရေးဌာနအနေဖြင့် ဇန်နဝါရီလနှင့်ဖေဖေါ်ဝါရီလများအတွင်းက ဘတ်ငွေ (၁၆၀) သန်းတန်ဖိုးရှိသော နှာခေါင်းစည်းတန်ချိန် (၃၃၀) အား ပြည်ပတင်ပို့ခွင့်ပြုပေးခဲ့မှုအတွက်တာဝန်ရှိကြောင်း ဗုဒ္ဓဟူးနေ့ကမှားယွင်း စွပ်စွဲထုတ်ပြန်ခဲ့မှုအတွက် တိုင်ကြားချက်ဖွင့်ခဲ့ခြင်းဖြစ်ပါသည်။ ကုန်ပစ္စည်းများမှာ ကြီးကြပ်ထိန်းသိမ်းမှုစာရင်းအောက်ရှိ ကြေငြာရမည့် ထုတ်ကုန်ပစ္စည်းများဖြစ်ပါသည်။ ပြည်တွင်း ကုန်သွယ်ရေးဌာနအနေဖြင့် မေးမြန်းထားသည့်ပို့ကုန်ပစ္စည်းများအထဲတွင် seat covers၊ Shoelace၊ aprons များပါဝင်ကြောင်း ရှင်းလင်းခဲ့ပါသည်။ Mr.Whiachai က နှာခေါင်းစည်း ကိစ္စမှာ ၎င်း၏ လုပ်သက်ကာလအတွင်း အခက်ခဲဆုံးအလုပ် ဖြစ်ကြောင်း ဝန်ခံခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post          

Category: Thailand