China(Beijing)

နိုင်ငံအတွင်းသို့ ငွေကြေးမဟုတ်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု ဝင်ရောက်မှု ပြန်လည် မြင့်တက်လာခြင်း

Last Updated:

တရုတ်ပြည်မကြီးသို့ ဘဏ္ဍာရေးမဟုတ်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုများ စီးဝင်မှုသည် ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ပြီးခဲ့သည့်နှစ်ကာလတူထက်(၁၄.၁)ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ၂၀၂၀ပြည့်နှစ်၊ ဧပြီလအတွင်း၌ (၁၁.၈)ရာခိုင်နှုန်း မြင့်တက်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မှ ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထိုကဲ့သို့ မြင့်တက်လာခြင်းသည် Covid-19 ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားလျက်ရှိသော်လည်း ကမ္ဘာ့ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံအပေါ် ယုံကြည်မှုဆက်လက်မြင့်တက်လျက်ရှိသည်ကို ပြသနေခြင်းဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ(၄)လ တာ ကာလအတွင်း တရုတ်နိုင်ငံအတွင်းသို့ စုစုပေါင်း နိုင်ငံခြားရင်းနှီးမြှပ်နှံမှု စီးဝင်သည့်ပမာဏ တရုတ်ယွမ်ငွေ (၂၈၆.၅၅) ဘီလီယံ (အမေရိကန်ဒေါ်လာ (၄၀.၃၄)ဘီလီယံ) ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက်(၆.၁)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဆိုပါ ကာလများအတွင်း Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများကြောင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့ကုမ္ပဏီများအနေဖြင့် တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်းသို့ ပိုမိုလွယ်ကူစွာ ဝင်ရောက်နိုင်စေရန် အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ တရုတ်နိုင်ငံအပေါ် ယုံကြည်ချက်ပိုမိုရရှိစေရန် ဆောင်ရွက်ပေးခြင်းတို့ဖြင့် အစိုးရအနေဖြင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ တည်ငြိမ်မှုရှိစေရန်မူဝါဒများ၊ အစီအမံများချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ အခြေခံစီးပွားရေး တည်ငြိမ်မှုရှိစေရန် အစိုးရအနေဖြင့် လုပ်ငန်းများ၊ လူထု၏ နေ့စဉ်ဘဝများ၊ ဈေးကွက်တွင်သိသာထင်ရှားသည့် ဖွံ့ဖြိုးတိုးတက်မှုများ၊ အစားအစာနှင့် စွမ်းအင်လုံခြုံစိတ်ချရမှု၊ စက်မှုလုပ်ငန်းများ တည်ငြိမ်စွာဖြင့် ပုံမှန်လည်ပတ်ခြင်း၊ တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုများ စသည့်အချက်များအပေါ် လုံခြုံစိတ်ချရမှုရှိစေရန်၊ လူမှုဘဝများ ကောင်းမွန်စွာလည်ပတ်နိုင်စေရန် ဦးစားပေးဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာအနှံ့ဖြစ်ပေါ်လျက်ရှိသည့် ကပ်ရောဂါအခြေအနေသည် ခန့်မှန်းရခက်ခဲလျက်ရှိသည့်အတွက် နိုင်ငံဖြတ်ကျော် ရင်းနှီးမြှပ်နှံမှု ဆောင်ရွက်သည့်လုပ်ငန်းများ ကျဆင်းလျက်ရှိပြီး နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ ဝင်ရောက်လာနိုင်မည့် အခြေအနေသည် ရှုပ်ထွေးလျက်ရှိကြောင်း၊ အလားတူပင် ယခုနှစ်အတွင်း ပြည်ပကုန်သွယ်မှု တည်ငြိမ်မှု ရှိစေရန်မှာလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမ(၄)လတာ ကာလအတွင်း တရုတ်နိုင်ငံအတွင်းသို့ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်၌ ပါဝင်လျက်ရှိသည့်နိုင်ငံများမှ လာရောက်ရင်းနှီးမြှပ်နှံမှုသည် ပြီးခဲ့သည့်နှစ် ကာလတူထက်(၇.၉)ရာခိုင်နှုန်း၊ အာဆီယံနိုင်ငံများမှ (၁၃)ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ပြီး ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများမှ လာရောက်ရင်းနှီးမြှပ်နှံမှု(၂၉.၁)ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အဆိုပါ ကာလအတွင်း၌ နည်းပညာမြင့်မားသည့် ဝန်ဆောင်မှုလုပ်ငန်းများသို့ ကမ္ဘာအနှံ့မှ အရင်းအနှီးများ စီးဝင်မှု(၂.၇)ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း၊ အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းများအနက် သတင်းအချက်အလက်နည်းပညာဝန်ဆောင်မှုများ (၄၆.၉)ရာခိုင်နှုန်း၊ အီလက်ထရောနစ် စနစ်ဖြင့် ကူးသန်းရောင်းဝယ်သည့်စနစ် (၇၃.၈)ရာခိုင်နှုန်း၊ နည်းပညာပိုင်းဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍများ (၉၉.၆)ရာခိုင်နှုန်း အသီးသီး မြင့်တက်လာခဲ့ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ Geo Feng မှ ပြောကြားခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် ထုတ်လုပ်မှုကဏ္ဍ၌ ပြည်ပမှ တိုက်ရိုက်ရင်းနှီးမြှပ်နှံမှုများအပေါ် မှီခိုမှုနည်းပါးသည့်အတွက် တန်ဖိုးချိတ်ဆက်ကူးပြောင်းမှုနှင့် ပတ်သက်သည့် စိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းနိုင်သည့် အနေအထားနှင့်သာ ရင်ဆိုင်ရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၌သိသာထင်ရှားစွာ အလားအလာကောင်းမွန်သည့် ဈေးကွက်ရှိခြင်း၊ အခြေခံအဆောက်အဦအသစ်များ၌ အရှိန်မြင့်တင်၍ ရင်းနှီးမြှပ်နှံမှုများ ဆောင်ရွက်ခဲ့သည့်အတွက် ပြည်တွင်းစားသုံးမှုအခြေခံသည့် အီလက်ထရောနစ် စနစ်ဖြင့် ကူးသန်းရောင်းဝယ်မှုဆောင်ရွက်သည့် စီးပွားရေးစနစ်သို့ အဆင်ပြေချောမွေ့စွာ အသွင်ကူးပြောင်းနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စီးပွားရေးဆိုင်ရာ လေ့လာသုံးသပ်သူများမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

 

ရင်းမြစ်: (၁၅.၅.၂၀၂၀) ရက်နေ့ထုတ် China Daily သတင်းစာ

( မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)