Thailand

ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် Federation of Thai Indistries(FTI)မှ ထိုင်းဆေးရုံများသိူ့ နှာခေါင်းစည်းများလှူဒါန်း

Last Updated:

ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် The Federation of Thai Industries (FTI)အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရနိုင်ခြေမြင့်မားသော ကျန်းမာရေး စောင့်ရှောက် သည့်လုပ်သားများအနေဖြင့် နှာခေါင်းစည်းပြတ်လပ်မှုကို ကျော်လွှားနိုင်ရေးအတွက်ထိုင်းဆေးရုံ (၁၀) ခုသို့ ပြန်လည်လျှော်ဖွတ်သုံးစွဲနိုင်သော အဝတ်ဖြင့်ပြုလုပ် ထားသည့် နှာခေါင်းစည်း (washable cloth face masks) (၁၀၀,၀၀၀) အား လှူဒါန်းခဲ့ပါသည်။

ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ်ဉက္ကဌ Supant Mongkolsuthree က လူအများအနေဖြင့် ရောဂါကာကွယ်ရန်အစီအမံများကို ရှာဖွေနေကြစဉ် နှာခေါင်းစည်း ပြတ်လပ်မှုသည် ကူးစက်ရောဂါဖြစ်ပွားပျံ့နှံ့မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများသည် အန္တရာယ်ရှိသော အုပ်စုတစ်စုဖြစ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အနေဖြင့် ဗိုင်းရပ်စ်ပိုးနှင့်နီးကပ်စွာ အလုပ်လုပ်နေရသောကြောင့်ဖြစ်ပါသည်။

လာမည့် သီတင်းပတ်အတွင်း ဆေးရုံ(၁၀)ခုအနေဖြင့် နှာခေါင်းစည်းများ လက်ခံရရှိ လိမ့်မည်ဖြစ်ကြောင်း၊ Siriraj၊ Bhumibol၊ Adulyadej၊ Ramaithibodi၊ Priest၊ Rajavithi၊ Chulabhorn၊ Police General၊ Vajira၊ Lerdsin၊ Phramongkutklao ဆေးရုံတို့ဖြစ်ပါသည်။

 

FTI အနေဖြင့် အိမ်သုံးအီသနောစက်ရုံ (၂၆) ခုနှင့်လက်တွဲကာ ဘတ်ငွေ (၁၀) သန်း တန်ဖိုးရှိသော အီသနော လီတာ(၃၀၀,၀၀၀)ကို ဆေးရုံများသို့ လှူဒါန်းရန်  အတွက် ပူးပေါင်း ဆောင် ရွက် လျှက်ရှိပါသည်။ အယ်ကိုဟောသည် ဆေးရုံများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများအတွက် အဓိကလိုအပ်သည့် အခြား ပစ္စည်းတစ်ခုဖြစ်ပါသည်။ FTI အနေဖြင့်ယစ်မျိုးဌာနနှင့်ပူးပေါင်း၍ အယ်ကိုဟော ထောက်ပံ့ပေးမည့်စက်ရုံများစာရင်းကို အပြီး ပြုစုမည်ဖြစ်ပါသည်။

အသင်းအနေဖြင့် ဆေးရုံများသို့အယ်ကိုဟောများထောက်ပံ့ လှူဒါန်းသွားရန် မျှော်မှန်းထားပါသည်။ FTI အနေဖြင့် အဝတ်အထည်နှင့် အထည်ချုပ်လုပ်ငန်းကဏ္ဍ၊ အီသနော စက်ရုံ များနှင့် အတူ ပူးပေါင်း၍ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေသော ကိုရိုနာဗိုင်းရပ်စ် ကိစ္စကို ထောက်ပံ့ကူညီသွားမည်ဖြစ်ကြောင်း Mr. Supantက ပြောကြားခဲ့ပါသည်။

 ၎င်းအနေဖြင့် ဤရောဂါဖြစ်ပွားမှုကို ဇွန်လအထိ ဖြေရှင်းနိုင်မည်မဟုတ်ဟု မျှော်လင့် ကြောင်း၊ ၎င်းမှာ ပြည်တွင်းစီးပွားရေးကို ဘတ်ငွေ (၃၀၀-၄၀၀ ဘီလီယံ) အထိ ထိခိုက်စေမည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့ပါသည်။ တော်ဝင်ထိုင်း လေတပ်အောက်ရှိ Bhumibol Adulyadej ဆေးရုံ မှ ကိုယ်စားလှယ် လေတပ်ဒုတိယ ဉီးစီးချုပ် Krailert Thiennulul ကဆေးရုံများအနေဖြင့် နှာခေါင်းစည်းများနှင့်အယ်ကိုဟောများလိုအပ်နေကြောင်းပြောကြားခဲ့ပါသည်။

Ramathibodi ဆေးရုံမှ ဆေးဘက်ဆိုင်ရာပါမောက္ခDr. Saranaက ဆေးရုံတွင် ဗိုင်းရပ်စ်ကူးစက်ခံရနိုင်ခြေ မြင့်မားသော ဆေးဘက်ဆိုင်ရာဝန်ထမ်း (၁,၀၀၀)ခန့် ရှိကြောင်းပြောကြားခဲ့ပါသည်။ ဆေးရုံအနေဖြင့် ထိုင်းစက်မှုလုပ်ငန်းများအဖွဲ့ချုပ် The Federation of Thai Industries (FTI) အားကျေးဇူးတင်ရှိကြောင်း၊ အကြောင်းမှာ ဆေးရုံတွင် နှာခေါင်းစည်းများနှင့် အယ်ကိုဟောများပြတ်လပ်နေ၍ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Category: Thailand