China(Nanning)

တောင်တရုတ်ပင်လယ်အရေး တည်ငြိမ်လုံခြုံမှုရှိစေရေးအတွက် တရုတ်နိုင်ငံခြားရေး ဝန်ကြီး တိုက်တွန်းခဲ့

Last Updated:

တရုတ်နိုင်ငံ၊ ဘေကျင်းမြို့၌ စက်တင်ဘာလ (၃) ရက်နေ့က “ပူးပေါင်းဆောင်ရွက်ရေးရှုထောင့်မှ တောင်တရုတ်ပင်လယ်”ဟူသော အနှစ်သာရဖြင့် ကျင်းပခဲ့သည့် ဆွေးနွေးပွဲ၌  တောင်တရုတ်ပင်လယ်တွင် တည်ငြိမ်လုံခြုံမှုရှိစေရေးနှင့် စိန်ခေါ်မှုများကို အတူတကွ ကျော်လွှားသွားရန် တရုတ် နိုင်ငံတော်ကောင်စီဝင်နှင့်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E မစ္စတာဝမ်ရီက တိုက်တွန်းလိုက်ပါသည်။

“တောင်တရုတ်ပင်လယ်ပြင်အား ငြိမ်းချမ်းသော၊ ချစ်ကြည်ရင်းနှီးသော၊ ပူးပေါင်းဆောင်ရွက်မှုရှိသော ပင်လယ်အဖြစ် အတူတကွ ပြုလုပ်သွားရန်” အမည်ရ မစ္စတာဝမ်၏ပြောကြားချက်တွင် တရုတ်နှင့် အာဆီယံနိုင်ငံများမှာ ငြိမ်းချမ်းတည်ငြိမ်သည့် တောင်တရုတ်ပင်လယ်ဟူသော ဘုံအယူအဆရှိကြသည့် အတူမျှဝေခံစားကြသော အနာဂတ်ဖြင့် ပုံမှန်ရပ်တည်နေသော အသိုက်အဝန်းဖြစ်ကြောင်း၊ ဒေသ တွင်းနိုင်ငံများမှာ ဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအရှိန်အဟုန်များကို ထိန်းသိမ်းထားလျက် ကောင်းမွန်သောဉီးတည်ရာကို သွားနေကြသည့်အတွက် ဝမ်းမြောက်ကြောင်း ထည့်သွင်းပြောကြား ခဲ့ပါသည်။

တောင်တရုတ်ပင်လယ်ပြင်တွင် ကြုံတွေ့နေရသော ဆုံးရှုံးနိုင်ခြေများနှင့် စိန်ခေါ်မှုများမှာ ထိလွယ်ရှလွယ်ဖြစ်ပြီး ရှုပ်ထွေးပါကြောင်း၊ တရုတ်နိုင်ငံမှာ ပြစ်တင်ဝေဖန်မှုခံရစေရန်အတွက် နိုင်ငံအချို့၏ လက်နက်မဖြစ်သင့်ကြောင်း မစ္စတာဝမ်က မှတ်ချက် ပြုပြောကြားခဲ့ပါသည်။

နိုင်ငံများ၏ အငြင်းပွားမှုအား တိုင်ပင်ဆွေးနွေးညှိနှိုင်းခြင်းမှ တိုက်ရိုက်ဖြေရှင်းရန် ကျွန်ုပ်တို့ ဆက်လက်ဆောင်ရွက်သင့်ကြောင်း အဆိုပြုပြောကြားခဲ့ပြီး၊ လိုက်နာရန်ကျင့်ထုံး (Code of Conduct) ကို မြန်မြန်အဆုံးသတ်မှုပြုလုပ်ရန် အားထုတ်ကြိုးပမ်းသင့် ကြောင်းနှင့် အငြင်းပွားမှုများကိုဖြေရှင်းနေစဉ် ပူးတွဲဖွံ့ဖြိုးတိုးတက်မှုများကို လုပ်ဆောင်သွားသင့်ကြောင်း ထပ်ဆောင်းပြောကြား ခဲ့ပါသည်။

ဆွေးနွေးပွဲသို့ တက်ရောက်လာသူများကလည်း ဒေသတွင်း၌ Code of Conduct တိုင်ပင်ဆွေးနွေးမှုလုပ်ငန်းစဉ်များအား အရှိန် မြှင့်တင်သွားရန် အဆိုပြုခဲ့ကြပြီး ဒေသတွင်းပြင်ပနိုင်ငံများကိုလည်း တင်းမာမှုများဖန်တီးနေခြင်းမပြုရန် တောင်းဆိုခဲ့ကြပါသည်။

1.5 track virtual international symposium အား တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် National Institute for South China Sea Studies တို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ ဆင်ဟွာ (၃-၉-၂၀၂၀)

Category: China(Nanning)