Japan

တိုယိုတာမော်တော်ကားကုမ္ပဏီက လာမည့်ဇူလိုင်လအတွင်း ထုတ်လုပ်မှုသည် မူလခန့်မှန်းထား သည်ထက် ၁၀ ရာခိုင်နှုန်း ကျဆင်းနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့

Last Updated:

တိုယိုတာမော်တော်ကားကုမ္ပဏီက လာမည့်ဇူလိုင်လတွင် ၎င်း၏ ထုတ်လုပ်မှုသည် မူလ မျှော်မှန်းလျာထားသည်ထက် ၁၀ % ကျဆင်းသွားဖွယ်ရာရှိကြောင်း ခန့်မှန်း ပြောဆိုခဲ့ပါသည်။ နိုင်ငံ အတွင်း အရေးပေါ်အခြေအနေ ရုတ်သိမ်းခဲ့ပြီး တစ်နိုင်ငံလုံး စီးပွားရေးလုပ်ငန်းများ ပြန်လည်ဖွင့်လှစ် ပေးခဲ့သော်လည်း ကနဦးလျာထားချက်နှင့် နှိုင်းယှဉ်ပါက ဆက်လက်လျော့နည်းနေမည်ဟု ခန့်မှန်းပါ ကြောင်း၊ ဇွန်လအတွင်းတွင်လည်း မူလခန့်မှန်းခြေထက် ၄၀ % ကျဆင်းခဲ့ပါကြောင်း ပြောကြားခဲ့ပါသည်။

ဇူလိုင်လတွင် မော်တော်ကားထုတ်လုပ်သည့်စက်ရုံ ၃ ရုံရှိ ထုတ်လုပ်မှုလိုင်းပေါင်း ၆ ခုကို ၁၆ ရက်ကြာခန့် ရပ်နားထားရပ် ပြင်ဆင်နေပါကြောင်း၊ ပြီးခဲ့သည့်လများက မော်တော်ကား ထုတ်လုပ်သည့်စက်ရုံ ၁၄ ခုရှိ ထုတ်လုပ်မှုလိုင်းပေါင်း ၂၅ လိုင်းကို ရက်ပေါင်း ၁၃၃ ရက်ခန့် ရပ်နားထားခဲ့ရပါကြောင်း၊ ကိုရိုနာကပ်ရောဂါ ပြန့်ပွားမှုကြောင့် ဝယ်လိုအားသိသိသာသာကျဆင်းခဲ့ပြီး ရောဂါကူးစက်မှုထိန်းချုပ်ရန် လူများအသွားအလာရှောင်ကြဉ်စေခြင်းတို့ကြောင့် တိုယိုတာကားကုမ္ပဏီ အနေဖြင့် ထုတ်လုပ်မှုများ ရပ်ဆိုင်း ခဲ့ရပြီး ပြီးခဲ့သည့် ဧပြီလတွင် ထုတ်လုပ်မှု ၂၅.၉ % ခန့် (စီးရေ - ၂၁၈,၀၅၄ ) နှင့် မတ်လတွင် ထုတ်လုပ်မှု ၁၃.၂ % ၊ (စီးရေ - ၂၇၉,၀၆၅) ခန့် ကျဆင်းခဲ့ပါကြောင်း အဆိုပါ ကုမ္ပဏီက ပြောကြားခဲ့ပါသည်။

အဆိုပါကိန်းဂဏန်းအချက်အလက်များသည် ၎င်း၏ လက်အောက်ခံကုမ္ပဏီ၊ မော်တော်ယာဉ် ငယ်များ ထုတ်လုပ်သည့် Daihatsu Motor Co. နှင့် ကုန်တင်ယာဉ်များ ထုတ်လုပ်သည့်  Hino Motors Ltd. တို့မှ စာရင်းဇယားများ ပါဝင်ခြင်းမရှိပါကြောင်း သိရပါသည်။ တိုယိုတာကား ကုမ္ပဏီ၏ ပြည်တွင်းထုတ်လုပ်မှုစက်ရုံများသည် နိုင်ငံတကာမှ ဝယ်လိုအားရှိသည့် မော်တော် ယာဉ်များကို အများစုထုတ်လုပ်နေခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်က ထုတ်လုပ်မှုအားလုံး၏ ၆၀ %  ( စီးရေ ၃.၄ သန်း) ခန့် တင်ပို့မှုခဲ့ကြောင်း သိရပါသည်။

ယခု ၂၀၂၀ ပြည့်နှစ်၊ ဧပြီလအတွင်းတွင် ထုတ်လုပ်မှုအဆင့်သည် အတန်ပင်ကျဆင်းခဲ့ပြီး မျှော်မှန်းထားသည့် ရောင်းအားကိုပါ ကျဆင်းစေခဲ့ပါကြောင်း၊ အဆိုပါ အခြေအနေများမှ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ယခုနှစ်ကုန်ခန့်အထိ အချိန်ယူရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan