China (HongKong)

တန်ဖိုးကွင်းဆက်ထုတ်လုပ်မှုများပြန်လည်ကောင်းမွန်လာရန် အဓိကထားလုပ်ကိုင်မည့် နင်ဘိုဆိပ်ကမ်းသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် သွားရောက်ကြည့်ရှုခဲ့ခြင်း

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သမ္မတ ရှီကျင့်ဖျင်သည် Covid-19 ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားခဲ့သည့် ဝူဟန်မြို့သို့ ၁၀-၃- ၂၀၂၀ ရက်နေ့ကသွားရောက်ခဲ့ပြီးနောက်  ကျဲ့ကျန်း ပြည်နယ် ရှိ နင်ဘိုဆိပ်ကမ်းမြို့တော်သို့ သွားရောက်ခဲ့ခြင်းသည် ပေကျင်း အနေဖြင့် ကမ္ဘာ့တန်ဖိုးကွင်းဆက်နှင့် ၎င်း၏ပြည်တွင်းစီးပွားရေးကို ကာကွယ်ရန် လုပ်ဆောင်မှုမြင့်တက်လာခြင်း၏ သင်္ကေတဖြစ်ကြောင်း၊ တရုတ်ပြည်မကြီး၏ ထုတ်လုပ်မှုအ‌ပေါ်မှီခိုနေသည့် ကမ္ဘာ့ကုန်ထုတ်လုပ်ငန်းများအတွက် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက် တည်ငြိမ်မှုကို ပေကျင်းမှ စိုးရိမ်လျှက်ရှိကြောင်း၊ Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့် တရုတ်၏ ပို့ကုန်ဦးဆောင်စနစ်အား ထိခိုက် စေနိုင်ပြီး ငွေကြေးကဏ္ဍတည်ငြိမ်မှု၊ သန်းပေါင်းများစွာသော အလုပ်အကိုင်များနှင့် ကမ္ဘာ့စီးပွားရေးတွင် တရုတ်နိုင်ငံ၏ ပါဝင်နိုင်မှုအခန်းကဏ္ဍတို့ကို ခြောက်လှန့်မှုများ ဖြစ်စေကြောင်း၊ တရုတ်ပြည်မကြီးတွင် Covid-19 ဖြစ်ပွားမှုအား ထိန်းချုပ်နိုင်ပြီဖြစ်သောကြောင့် ထုတ်လုပ်မှုလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းများ ပြန်လည် စတင်လည်ပတ်နိုင်ရန် နင်ဘိုဆိပ်ကမ်းသို့ သွားရောက်ခြင်းမှာ အံ့အားသင့်စရာ မဟုတ်ကြောင်း၊ နိုင်ငံတွင်း ရောဂါကူးစက်မှုအား ထိန်းချုပ်နိုင်ပြီဖြစ်သော်လည်း တရုတ်နိုင်ငံပြင်ပမှ ပြန်ရောက်ရှိလာသည့်သူများထဲမှ ရောဂါဖြစ်ပွားမှုအသစ် (၃၁) ခုအား တွေ့ရှိ ခဲ့ခြင်းကြောင့် ရောဂါကူးစက်မှုစာရင်း ဆက်လက်တိုးနေခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် အရေးပါသည့်နေရာတွင်ရှိနေပြီး ကျဲ့ကျန်းပြည်နယ်သည် တရုတ်ပြည်မကြီးတွင် အရေးပါသည့် နယ်မြေဖြစ်ကြောင်း၊ ရှန်ဟိုင်းမြို့တောင်ဘက်ရှိ နင်ဘိုဆိပ်ကမ်း သည် တရုတ်ပြည်မကြီးနှင့် ကမ္ဘာ့ထုတ်လုပ်မှုလုပ်ငန်းတို့အား ချိတ်ဆက်ပေးနေသည့် ဆိပ်ကမ်းမြို့ ဖြစ်ကြောင်း၊ နင်ဘိုနှင့်နီးကပ်သည့် ကျိူရှန်းသည် ကမ္ဘာ့တတိယအကြီးဆုံး ဆိပ်ကမ်းဖြစ်ပြီး ၂၀၁၉ ခုနှစ်က ကွန်တိန်နာ (၂၇.၅) မီလီယံ ပို့ဆောင်ချိတ်ဆက်ပေး ခဲ့ကြောင်း၊ တရုတ်သမ္မတသွားရောက်ခဲ့သည့် Chuanshan  ကွန်တိန်နာဆိပ်ကမ်းသည် ၂၀၁၉ ခုနှစ်က ကွန်တိန်နာ (၁၀.၃၅) မီလီယံအား ပို့ဆောင်ချိတ်ဆက် ပေးခဲ့ကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သည့် Covid-19  ကြောင့် လူချင်းထိတွေ့မှုနည်းစွာဖြင့် ကုန်သွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နိုင်ငံတကာသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ဆွေးနွေးထားကြောင်း၊ ကျဲ့ကျန်းပြည်နယ်သည် ထုတ်လုပ်မှုနှင့် ပို့ကုန်တင်ပို့သည့် အဓိကနေရာ ဖြစ်ကြောင်း၊ အဆိုပါပြည်နယ်သည် တူရကီနိုင်ငံ၏ စီးပွားရေးထက်ကြီးမားပြီး တောင်အာဖရိက လူဦးရေထက်များပြားခြင်း၊ တရုတ်သမ္မတရှီကျင့်ဖျင်၏ နိုင်ငံရေးအာဏာ လွှမ်းမိုးမှုရှိခြင်း အစရှိသည်တို့ကြောင့် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လာပြီး စီးပွားရေး တိုးတက်မှုဝန်းကျင် ကာကွယ်ရေးနှင့် အစိုးရ၏ ထိရောက်သော ဝန်ဆောင်မှုများ ရှိသောကြောင့် ရောဂါဖြစ်ပွားမှု ရပ်တန့်ကြောင်း ပထမဆုံး ကြေငြာသည့် ပြည်နယ်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃၀ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Zhou Xin က “ Xi’s choice of Ningbo for visit reveals focus on repairing supply chains” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)