Japan

ဂျပန်ဗဟိုဘဏ်က စျေးကွက်တွင်းသို့ ဒေါ်လာပိုမိုထည့်ဝင်မည်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် စျေးကွက်အတွင်း ဂယက်ရိုက်ခတ်မှုများ ဖြစ်ပွားနေမှုကြောင့်  ကမ္ဘာငွေကြေးစျေးကွက်တွင်  အမေရိကန်ဒေါ်လာ လျော့နည်းလာမှုနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများ စိုးရိမ်လာကြသည့်အရေး ဖြေရှင်းနိုင်ရန်  ဂျပန် ဗဟိုဘဏ်က စတင်ဆောင်ရွက် နေကြောင်း သိရပါသည်။

ဂျပန်ဗဟိုဘဏ်အရာရှိများက ငွေကြေးစျေးကွက်အတွင်းဒေါ်လာများ အပတ်စဉ် ဖြည့်သွင်းဆောင်ရွက်နေရာမှ နေ့စဉ်ဖြည့်သွင်းဆောင်ရွက်ခြင်းသို့ စတင်ဆောင် ရွက်နေပြီဖြစ်ကြောင်း၊ ငွေကြေးဆိုင်ရာအဖွဲ့အစည်းများအနေဖြင့်  ၇ ရက်တာ (တစ်ပတ်စာ အတွက်)  ပေးချေဆောင်ရွက်နိုင်ရန် ဗဟိုဘဏ်သည် မတ်လ ၂၃ ရက် (တနင်္လာနေ့) တွင် ဒေါ်လာ ၃၄.၈ ဘီလီယံကို ထုတ်ချေးခဲ့ပါကြောင်း၊  ထိုသို့ဆောင်ရွက်ခြင်းသည် အမေရိကန်ဗဟိုဘဏ်နှင့် ဥရောပဗဟိုဘဏ်တို့ အပါ အဝင် အခြား ဗဟိုဘဏ် ၅ ခုနှင့် ညှိနှိုင်းဆောင်ရွက်နေသည့် လုပ်ဆောင်ချက်၏  တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း သိရပါသည်။

ကမ္ဘာ့ငွေကြေးစျေးကွက်များတွင် လက်ရှိကာလ၌ ကိုရိုနာပြန့်ပွားမှုကြောင့် အတက်အကျပြင်းထန်ခဲ့ပြီး ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဒေါ်လာရရှိရန်  စတော့ရှယ်ယာများ၊ အစိုးရငွေချေး စာချုပ်များနှင့် အခြားငွေချေးစာချုပ်များကို ရောင်းချခဲ့မှုများ ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan