Japan

ဂျပန်နိုင်ငံ၏ အိမ်သုံးလျှပ်စစ်ပစ္စည်းတင်ပို့ရောင်းချရမှု ဖေဖော်ဝါရီလအတွင်းကျဆင်းခဲ့

Last Updated:

ဂျပန်နိုင်ငံ၏ အိမ်သုံးလျှပ်စစ်ပစ္စည်း တင်ပို့ရောင်းချရမှုသည် ဖေဖော်ဝါရီလအတွင်း  ကျဆင်းသွားခဲ့သည်ဟု စျေးကွက်လေ့လာသုံးသပ်သူများက ပြောဆိုခဲ့ပါသည်။ ထိုကဲ့သို့ ကျဆင်းမှု ၏ အဓိကအကြောင်းရင်းသည် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာအတွင်းက စားသုံးသူအခွန်နှုန်းများ တိုးမြှင့်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟုဆိုပါသည်။

ဂျပန်နိုင်ငံမှ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူများအသင်းက ပြည်တွင်းသုံးစွဲမှုအတွက် ရောင်းချရမှုသည် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံခန့်ရှိပြီး ပြီးခဲ့သည့် နှစ်မှ ရောင်းချရမှုထက် ၁၀.၈ %  ကျဆင်းခဲ့သည်ဟု သုံးသပ်ကြပါသည်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလက စားသုံးသူအခွန်နှုန်းများ တိုးမြှင့်ခြင်း မပြုမီ ဝယ်ယူမှုနှုန်း မြင့်တက်လာခဲ့သော်လည်း ၎င်းနောက် ဆက်တိုက် ကျဆင်းခဲ့သည်ဟု သိရပါသည်။

အဆိုပါ လျှပ်စစ်ပစ္စည်း ထုတ်လုပ်သူများအသင်း၏ သုံးသပ်ချက်အရ  ရေခဲသေတ္တာ ဝယ်ယူ မှုနှုန်း ၂၃.၂ % ၊ အဝတ်လျှော်စက်တွင် ၁၆.၆ % ၊ လေအေးပေးစက်တွင် ၉.၅ % စသည်ဖြင့် ဝယ်ယူ မှုနှုန်းများ အသီးသီးကျဆင်းခဲ့ကြောင်း ဆိုပါသည်။ အိမ်သုံးလျှပ်စစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီ များအနေဖြင့် လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါ၏ သက်ရောက်မှုဂယက်များကို ရှင်းရှင်းလင်းလင်း မသိသေးပါဟု ပြောကြားခဲ့ကြပါသည်။ နိုင်ငံ၏  စီးပွားရေးသည် တိုးတက်မှု ကျဆင်းလာမည်ဆိုပါက အိမ်သုံးလျှပ်စစ်ပစ္စည်းများ၏ ဝယ်လိုအားသည်လည်း ထိခိုက် လာမည်ဟု အဆိုပါအသင်းက သုံးသပ်ပြောဆိုခဲ့ပါသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan