China(Nanning)

ကုန်ပစ္စည်းရောင်းချမှုကို တိုးချဲ့ရန် e-commerce လမ်းကြောင်းအား နန်နင်းအားထားလာ

Last Updated:

ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း  လိမ္မော်သီးစိုက်ပျိုးသူများကို ကူညီပေးရန် လိမ္မော်သီးများ ဝယ်ယူခြင်းနှင့် အွန်လိုင်းမှ ရောင်းချခြင်းတို့အား ကူညီအားပေးသည့် ဆက်စပ်နေသည့်မူဝါဒများကို နန်နင်းမှ မကြာသေးမီက ထုတ်ပြန်ကြေငြာခဲ့ပါ သည်။   သို့မှသာလျှင်  စိုက်ပျိုးရေးဆိုင်ရာအကျိုးရှိထိရောက်မှုကို တိုးတက် စေပြီး၊ လယ်သမားများ၏ ဝင်ငွေတိုးတက်စေမှုကို သေချာစေမည်ဖြစ်ပါသည်။

အထူးသဖြင့် နန်နင်းသည် ၎င်းဒေသအတွင်းရှိ ရောင်းချနိုင်ခြင်းမရှိသည့် ကုန် ပစ္စည်းများနှင့် လူသိများသည့် Jingdong Group နှင့် Taobao ကဲ့သို့သော e-commerce လုပ်ငန်းများအကြား လှုပ်ရှားမှုများကို စတင်ချိတ်ဆက်ပေးခြင်း၊ လယ်ယာစိုက်ပျိုး ရေးအား ပံ့ပိုးပေးရေးအတွက်  Taobao Caring Channel ၏ အကျိုးကျေးဇူးကို ဆုပ်ကိုင်ရယူလျက် ရောင်းချသည့်လမ်းကြောင်းကို တိုးချဲ့ပေးခြင်းနှင့် ရောင်းချနိုင်ခြင်းမရှိသည့် ကုန်ပစ္စည်းများ၏ အချက်အလက်များကို အချောသတ်ထည့်သွင်းရန် ကုန်ပစ္စည်းလက်ကျန်များ များပြားနေသည့် လုပ်ငန်းများကို စုစည်းနိုင်ခဲ့ခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။  ယခုအခါ ကုန်ပစ္စည်းအချို့ တို့မှာ e-commerce platform ပေါ်တွင် လူကြိုက်များလာကြောင်း တွေ့ရပါသည်။

ထို့ပြင် နန်နင်းမြို့တော်သည် ရောင်းချနိုင်ခြင်းမရှိသော စိုက်ပျိုးရေးဆိုင်ရာ ထွက်ကုန်များအား ကိုင်တွယ်ဖြေရှင်းရန် ပြည်နယ်တွင်းရှိ e-commerce လုပ်ငန်းများ အား တက်ကြွစွာစုစည်းပေးခဲ့ပြီး၊ mmgo.com၊ နန်နင်းစာတိုက်၊ ဈေးကွက်ရှာဖွေသော e-commerceကုမ္ပဏီများနှင့် နန်နင်း  E-commerceအသင်းတို့ အပါအဝင် ပြည်နယ် အတွင်းရှိ e-commerce လုပ်ငန်းများ၏  ရောင်းချသောနည်းလမ်းအသွယ်သွယ် နှင့် တိုတောင်းသော ထောက်ပို့သယ်ယူပို့ဆောင်ရေး လမ်းကြောင်းများ ကဲ့သို့သော အခွင့်ကောင်းများကိုရယူခဲ့ကာ၊ Wechat groups၊ QQ groupsစသည်တို့မှ ကုန်စည်များ ကို ဝယ်ယူရန် နိုင်ငံသားများအား လမ်းညွှန်ပေးရေး လုပ်ငန်းများသို့အားပေးခဲ့သည်ကို တွေ့ရပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်း)

ရင်းမြစ်၊ Nanning Daily (၂၄-၂-၂၀၂၀)

Category: China(Nanning)