Japan

ကမ္ဘာ့စီးပွားရေး နလန်ထူရန်အတွက် G -20 နိုင်ငံများက ဒေါ်လာ ၅ ထရီလီယံ အားဖြည့်ရန် သဘောတူခဲ့

Last Updated:

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပြန့်ပွားနေမှုကြောင့် ထိခိုက်ကျဆင်းနေသည့် ကမ္ဘာ့စီးပွားရေး ပြန်လည်နလန်ထူလာစေရန် အမေရိကန်ဒေါ်လာ ၅ ထရီလီယံကျော် အားဖြည့်ဆောင်ရွက်ရန်  G -20 နိုင်ငံခေါင်းဆောင်များ သဘောတူခဲ့ကြပါသည်။

မတ်လ ၂၆ ရက်နေ့တွင် အဆိုပါ G -20 နိုင်ငံခေါင်းဆောင်များ Video Conferencing ဖြင့် အစည်းအဝေး ကျင်းပခဲ့ကြပြီးနောက် လက်ရှိအကျပ်အတည်း များမှ အမြန်တိုးတက်လာစေရန်၊ ရောဂါကာကွယ်ဆေးဝါး စမ်းသပ်ထုတ်လုပ်မှုနှင့် ဆေးဝါးဖြန့်ဖြူး ရေးတို့တွင် ပူးပေါင်းဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးပမာဏ အများ အပြားပံ့ပိုးဆောင်ရွက်ရန် သဘောတူခဲ့ကြပါသည်။

ဂျပန်ဝန်ကြီးချုပ် မစ္စတာရှင်ဇိုအာဘေးက ၂၀၀၈ ခုနှစ်၊ ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကာလနှင့် ကြုံကြိုက်ခဲ့ရစဉ်က ကမ္ဘာ့စီးပွားရေးကို ပံ့ပိုးဆောင်ရွက်ခဲ့ ကြသည့်နည်းတူ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ကြရန် G -20 နိုင်ငံခေါင်းဆောင်များကို တိုက်တွန်း ပြောဆိုခဲ့ပါသည်။


 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

Category: Japan