Local News

SOFI AWARD GOLD WINNER ကမ္ဘာ့အဆင့် စမူဆာ

Last Updated:

၂၀၁၈ ခုနှစ် ၊ အောက်တိုဘာလ (၂၃) ရက်မှ (၂၄) ရက်နေ့အထိ ပြင်သစ်နိုင်ငံ ၊ ပဲရစ်မြို့တွင် ကျင်းပခဲ့သော SIAL  Food  Expo ၏  Innovation (Global Cuisine) ကဏ္ဍတွင် အိန္ဒိယနိုင်ငံမှ  Ready made စမူဆာသည် ၂၀၁၈ ခုနှစ်၏  SOFI  AWARD GOLD WINNER   ဆုကိုရရှိခဲ့သည် ။

SOFI (Specialty Outstanding   Food Innovation) AWARD    ကို Specialty Food  Association (SFA) မှ ၁၉၇၂ ခုနှစ်မှ စတင်ပေးအပ်ချီးမြှင့်ခဲ့ပြီး (၄၆) နှစ်ကြာခဲ့ပြီ ဖြစ်သည်။ SFA   ကို အမေရိကန်ပြည်ထောင်စု ၊ နယူးယောက်မြို့၌ ၁၉၅၂ ခုနှစ်တွင် (non-Profit trade association) အဖြစ် စတင်တည်ထောင်ခဲ့ပြီး ယခုအခါ အမေရိကနှင့် ပြည်ပတွင် အဖွဲ့အစည်း (၃၆၀၀) အထိ ပူးပေါင်းဆောင်ရွက်လျှက်ရှိသည်။

ယခုနှစ်အတွက် SOFI  AWARD ကို ကုမ္ပဏီနှင့် အဖွဲ့အစည်း (၂၆၅၀) ကျော်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး 2018 SOFI  AWARDS HONOR    အဖြစ် ကုမ္ပဏီ/လုပ်ငန်း (၁၅၆) ခုကို ရွှေးချယ်ခဲ့သည် ။  SOFI  AWARD   ကို   Gold ၊ Silver ၊ Bronze and Best New  Product အဖြစ် အမျိုးအစားများ ခွဲခြားရွေးချယ်ပေးအပ်သည်။

မြန်မာနိုင်ငံမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အနေဖြင့်လည်း အရည်အသွေးရှိ မြန်မာ့ရိုးရာ စားသောက်ကုန်များကို SOFI ပွဲကဲ့သို့ ကမ္ဘာ့အဆင့်ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်ခြင်:ဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်းနှင့် အိန္ဒိယစမူဆာကို နမူနာယူ၍ မိမိတို့အတွက် အခွင့်အရေးများစွာရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည် ။

  TLO(Myan Trade)

မူလသတင်းထုတ်ပြန်ချက်အားဤနေရာတွင်ကြည့်ရှုပါ။

Category: Local News