ဈေးကွက်ဈေးနှုန်း

မကွေးတိုင်းဒေသကြီးအတွင်းရှိကုန်စည်ဒိုင်တို့၏ (၂၆ -၂ - ၂၀၂၀)ရက်နေ့ ကုန်စျေးနှုန်းနှင့်အပတ်စဉ်ကာလတူနှိုင်းယှဉ်ချက်

Last Updated:

(၂၆ -၂ -၂၀၂၀) ရက်နေ့ မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးကုန်စည်ဒိုင်၊ပခုက္ကူကုန်စည်ဒိုင်၊ တို၏နေ့စဉ်ပေါက်စျေးနှုန်းနှင့်တစ်ပါတ်အတွင်းနှိုင်းယှဉ်ချက်၊

 

မကွေးကုန်စည်ဒိုင် အပတ်စဉ်ကာလတူ စျေးနှုန်းသုံးသပ်ချက်

 

 

နှမ်း

          ယခင်( ၁၉--၂၀၂၀ )ရက်နေ့စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက နှမ်းနက်စမုံ(၁၀၀၀၀/-)၊ဂွနက် (၁၀၀၀၀/) ၊  နှမ်းဖြူ(၇၀၀၀/-)(၃၀၀၀/-) ၊နှမ်းဖြူ-‌ရေသွင်း(၄၀၀၀/-)(၆၀၀၀/-) ၊ နှမ်းညိုကြား  (၂၀၀၀/-) ကျပ် စျေးတက်ပြီး နှမ်းနီ(၂၀၀၀/-) စျေးကျကာ အရောင်းအဝယ် ဖြစ်လျှက် ရှိပါသည်။ မကွေးမြို့ ပေါ်တွင် နှမ်းမျိုးစုံ အရောင်းအဝယ် ဖြစ်မှုမှာ တစ်နေ့လျှင် အိတ်အရေအတွက် (၁၁၅၀ မှ ၁၅၀၀) ဝန်းကျင်ထိ အရောင်းအဝယ် ဖြစ်လျက် ရှိပါသည်။

 

ပဲမျိုးစုံ

          ပဲမျိုးစုံမှာ  ယခင် ( ၁၉--၂၀၂၀ )  ရက်စျေးနှုန်း နှင့် နှိုင်းယှဉ်ပါက ပဲလွန်းဝါသေး  (၁၀၀၀/-)၊ ၊ ပဲစဉ်းငုံ(ဟောင်း) (၅၀၀/-) ကျပ်    စျေးတက်ပြီး  ကုလားပဲ (929) ( ၁၆၀၀/- )၊       ကုလားပဲ (HL)      ( ၁၈၀၀/- )၊  ကုလားပဲသေး(၁၅၀၀/-)၊ ပဲကြီးမဲ (၅၀၀/-)  ပဲထောပတ်(၁၆၀၀/-)     ၊ပဲစဉ်းငုံ (သစ်) (၅၀၀/-) မတ်ပဲ (၁၀၀၀/-)  ကျပ် စျေးကျကာ ကျန်ပဲမျိုးစုံစျေး များ  အပြောင်း အလဲမရှိဘဲ အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

မြေပဲဆံ

          မြေပဲဆံအနေဖြင့််ယခင်( ၁၉--၂၀၂၀ )ရက်စျေးနှုန်းထက် မြေပဲလုံးဆံနီ(လိုင်း)(၁၀၀/-) ကျပ်စျေးတက်ကာ မြေပဲလုံးဆံဖြူ(လိုင်း)၊ မြေပဲလုံးဆံဖြူ (လုပ်ငန်းသုံး)  မြေပဲလုံးဆံနီ (လုပ်ငန်းသုံး) ၊မြေပဲတောင့် မျိုးပဲနီတို့ စျေးအပြောင်း အလဲ မရှိဘဲ အရောင်း အဝယ် ဖြစ်လျက် ရှိပါသည်။

 

ဆီ

          ဆီအနေဖြင့််မကွေးကုန်စည်ဒိုင်စျေးအရ ( ၁၉..၂၀၂၀ )ရက်နေ့ နှင့်နှိုင်းယှဉ်ပါကစားအုန်းဆီ၊ နှမ်းဆီ၊ မြေပဲဆီ၊အပြောင်းအလဲမရှိဘဲ အရောင်းအဝယ်ဖြစ်လျှက်ရှိပါ သည်။

 

 

ဆန်

          မကွေးကုန်စည်ဒိုင်စျေးအရ ဆန်အနေဖြင့် (၁၉.၂.၂၀၂၀)ရက်နေ့ နှင့်နှိုင်းယှဉ်ပါက ဧရာပဒေသာခပ်ချက်၊ ပေါ်ဆန်းမွှေးဖျာပုံ၊ ပေါ်ဆန်မွှေးရွှေဘို စျေးအပြောင်းအလဲမရှိဘဲ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါ သည်။

 

ပခုက္ကူကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ပခုက္ကူ   ကုန်စည်ဒိုင်တွင်    ယခင် (   ၁၉--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက စွန်တာနီကျွန်းသစ်(၂၀၀/-)၊ပဲဇီးကွက်(၂၀၀/-)၊ စီပီပြောင်း(၂၀၀/-)ကျပ်    စျေးတက်ပြီး   ပဲစဉ်းငုံ 2020(၆၀၀/-) ၊ ကုလားပဲ (929)(၁၀၀၀/-)ကျပ်စျေးကျကာကျန်ပဲမျိုးစုံနှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲနှမ်း(၃၀၀)အိတ်နှင့် ပဲမျိုးစုံ(၇၁၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။

 

ရေစကြိုကုန်စည်ဒိုင် ကာလတူ စျေးနှုန်းသုံးသပ်ချက်

              ရေစကြို ကုန်စည်ဒိုင်တွင်    ယခင် (   ၁၉--၂၀၂၀    ) ရက်  စျေးနှုန်း  နှင့်   နှိုင်းယှဉ်ပါက စီပီပြောင်း(၂၀၀/-) ကျပ်    စျေးတက်ပြီး  စားအုန်းဆီ(၂၀/-) ၊ ကုလားပဲ (HL)(၈၀၀/-)  ကုလားပဲ (929)(၁၀၀၀/-) ၊ကုလားပဲ (V2)(၅၀၀/-) ကျပ်စျေးကျကာ ကျန်ပဲမျိုးစုံနှင့်နှမ်းစျေးများ အပြောင်း အလဲမရှိဘဲ စီပီပြောင်း(၁၀၀၀)အိတ် အရောင်း အဝယ် ဖြစ်လျက်ရှိပါသည်။