International News

ထိုင်းနိုင်ငံတွင် ကပ်ရောဂါ၏ လိုအပ်ချက်က ပို့ကုန်ကျဆင်းမှုကို သက်သာစေ

Last Updated:

ကပ်ရောဂါကြောင့် ရာဘာလက်အိတ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ကျန်းမာရေး စောင့်ရှောက်မှု ပစ္စည်းများနှင့် အစားအစာများအတွက် ဝယ်လိုအားမြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက ယခုနှစ်အတွက်တိုင်းပြည်၏ ပြည်ပတင်ပို့မှုမှာ (၅.၈%)သာကျဆင်းမည်ဟု မျှော်လင့်ထားကြောင်းသိရှိရပါသည်။

ကုန်သွယ်မှုမူဝါဒနှင့်မဟာဗျူဟာဌာနရုံး ညွှန်ကြားရေးမှူးချုပ် Pimchanok Vonkorpon က ကပ်ရောဂါဖြစ်ပွားနေသော်လည်း ကုန်သွယ်ဖက်အများစုမှာ ကပ်ရောဂါအပေါ်ထိန်းချုပ်နေရကြောင်းနှင့် နိုင်ငံအများအပြားတွင် ကာကွယ်ဆေးရရှိရန်မျှော်လင့်ချက်မှာ ကုန်သွယ်မှု တိုးတက်ရေးအတွက် အထောက်အကူပြုကြောင်း ပြောကြားခဲ့ပါသည်။ ပို့ကုန်တင်ပို့မှုမှာ အနည်းငယ် နာလန်ထူလာကြောင်း၊ တိုင်းပြည်အနေဖြင့် ယခုနှစ် ကျန်ရှိသောလများအတွက် တစ်လလျှင် ပျမ်းမျှအမေရိကန်ဒေါ်လာ(၂၀)ဘီလီယံရရှိပါက စုစုပေါင်းပို့ကုန်အနေဖြင့် (၅%)သာကျဆင်းနိုင်ပြီး အမေရိကန်ဒေါ်လာ (၂၃၄)ဘီလီယံရရှိနိုင်ကြောင်း ၊ တစ်လလျှင် ပျမ်းမျှပို့ကုန်(၁၈.၅)ဘီလီယံသာရရှိပါက (၈%)ကျဆင်းမည်ဟု မျှော်လင့်ထားကြောင်း ၎င်းက ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် စားသုံးသူများ၏ အပြုအမူပြောင်းလဲမှုများအပေါ်အခြေခံ၍ စားသုံးနိုင်သော ပစ္စည်းများနှင့် အိမ်အသုံးအဆောင်ပစ္စည်းများသည် ဂဏန်းနှစ်လုံးအထိ ကျဆင်းခြင်းမှာ ကျန်ရှိသောလများတွင် မဖြစ်နိုင်ဟု ယူဆထားကြောင်း Ms.Pinchanok ကပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနအနေဖြင့် ထိုင်းပြည်ပပို့ကုန်တန်ဖိုးအနေဖြင့် လအလိုက်တွင် ဩဂုတ်လ၌ မြင့်တက်ခဲ့သည်ဟု တင်ပြခဲ့ကြောင်း၊ (၅)လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ဒေါ်လာ(၂၀)ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။ အကောက်ခွန်ရှင်းလင်းပြီး ပို့ကုန်တင်ပို့မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၂၀.၂)ဘီလီယံရရှိခဲ့ပြီး၊(၇.၉%) ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းမှာ နှစ်အလိုက်တွင် ဇူလိုင်လ၌ (၁၁.၄%)နှင့် ဇွန်လတွင် (၂၃.၂%)အသီးသီး ကျဆင်းခဲ့ပြီး ၂၀၁၉ ခုနှစ် ဇူလိုင် လနောက်ပိုင်းမှစ၍ အနည်းဆုံးဖြစ်ကြောင်း သိရှိရပါသည်။

ဩဂုတ်လတွင် သွင်းကုန်တင်သွင်းမှုမှာ (၁၉.၇%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၅.၉)ဘီလီယံရှိခဲ့ကြောင်း၊ရလဒ်အနေဖြင့် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၄.၃၄)ဘီလီယံ ရှိခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ် ပထမ(၈)လအတွက် ပို့ကုန်တင်ပို့မှု(၇.၈%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၁၅၃)ဘီလီယံရှိခဲ့ကြောင်း၊ သွင်းကုန်တင်သွင်းမှုမှာလည်း (၁၅.၃%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ (၁၃၅)ဘီလီယံရှိခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ကုန်သွယ်မှု ပိုငွေ အမေရိကန်ဒေါ်လာ(၁၈.၄)ဘီလီယံ ရှိခဲ့ကြောင်းသိရှိရပါသည်။

ဩဂုတ်လတွင် လယ်ယာထွက်ကုန်ပစ္စည်းများနှင့် စက်မှုလယ်ယာထွက်ကုန်ပစ္စည်းများ ပြည်ပတင်ပို့မှုမှာ နှစ်အလိုက်တွင် (၁၃.၂%)ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ(၃.၁)ဘီလီယံရှိခဲ့ ကြောင်း၊ သကြားတင်ပို့မှု (-၆၄.၂%)ကျဆင်းခဲ့ကြောင်း၊ ရာဘာတင်ပို့မှု(-၃၂.၂%)ကျဆင်းခဲ့ ကြောင်း၊ လတ်ဆတ်၊ အေးခဲ စည်သွပ်တူနာငါးနှင့် ပြုပြင်ထားသော   သစ်သီးများတင်ပို့မှုတို့မှာ  (-၂၈.၇%)နှင့်(-၁၅%)အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

သို့ရာတွင် အချို့သော အပိုင်းများမှာ အတော်အတန်ကောင်းမွန်စွာ တိုးတက်များပြားလာသည်ကိုတွေ့ရှိရကြောင်း၊ စားအုန်းဆီတင်ပို့မှု(+၆၀၀%)၊ အေးခဲဝက်သား(+၉၆၂%)၊ အိမ်မွေး တိရစ္ဆာန်အစားအစာ(+၂၂.၃%)နှင့် ပီလောပီနံထုတ်ကုန်တင်ပို့မှု (+၁၅.၆%)တို့ဖြင့် အသီးသီး တိုးတက်လာကြောင်း သိရှိရပါသည်။

စက်မှုထုတ်ကုန်တင်ပို့မှုအနေဖြင့် ဩဂုတ်လတွင် (-၆.၂%)ကျဆင်းခဲ့ပြီး အမေရိကန် ဒေါ်လာ (၁၆.၆)ဘီလီယံရှိခဲ့ကြောင်း၊ ရွှေမပါသော ကျောက်မျက်နှင့်လက်ဝတ်ရတနာတင်ပို့မှု(-၅၅.၆%)၊ ရေနံနှင့်ဆက်စပ်ထုတ်ကုန်များတင်ပို့မှု(-၁၅.၇%)၊ မော်တော်ကားနှင့်စက်ပစ္စည်း အစိတ်အပိုင်းများတင်ပို့မှု(-၂၈.၇%)၊ ရေဒီယိုနှင့် TV ဖမ်းစက်အစိတ် အပိုင်းများတင်ပို့မှု(-၁၈.၃%) တို့ဖြင့် အသီးသီး ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

အချို့သောအပိုင်းကဏ္ဍများမှာ များစွာတိုးချဲ့တင်ပို့နိုင်ခဲ့ကြောင်း၊ ရာဘာ လက်အိတ်များ (+၁၂၆%) အဝတ်လျော်စက်နှင့် အခြောက်ခံသန့်ရှင်းသည့်စက်(+၃၁.၃%)၊ ဖက်စ်ပေးပို့သည့်စက်၊ တယ်လီဖုန်းနှင့် စက်ပစ္စည်းအစိတ်အပိုင်းတင်ပို့မှုများမှာ(၃၅.၈%)နှင့် (+၇၁.၅%)တို့ဖြစ်ကြောင်းသိရှိရပါသည်။ Ms. Pinchanok က ထိုင်းနိုင်ငံ ၏ ပို့ကုန်ပြန်လည်နာလန်ထူနိုင်မှု အရှိန်အဟုန်မှာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့၏  ကမ္ဘာ့စီးပွားရေး အလားအလာအပေါ် နောက်ဆုံးသုံးသပ်မှုအခြေအနေများနှင့် တစ်ထပ်တည်းကျနေကြောင်းပြောကြားခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးနှင့် ကုန်သွယ်မှုအခြေအနေမှာ မကြုံစဘူး ထူးကဲစွာ တုန်လှုပ်စရာဖြစ်ခဲ့ရပြီး နောက်ပြန်လည် တိုးတက်ခဲ့ကြောင်း၊ တရုတ်နှင့်အမေရိကန်တို့တွင် တိုးတက်လာမှုများနှင့်အတူ ကမ္ဘာ့ GDP မှာ (၆%)ကျဆင်းခြင်းမှ(၄.၅%)သို့ ပြန်တက်သွားနိုင်သည်ဟု ခန့်မှန်းခဲ့ကြောင်း သူမကပြောကြားခဲ့ပါသည်။ ပိတ်ဆို့မှုများအား ပြန်လည်ဖွင့်လှစ်ပေးခြင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ ဗဟိုဘဏ်များ၏ စီးပွားရေးလှုံ့ဆော်မှု အစီအမံများကြောင့် အခြားသော ကမ္ဘာ့စီးပွားရေး အညွှန်းကိန်းများအနေဖြင့် တဖြည်းဖြည်း ပြန်လည်နာလန်ထူလာသည်ကို ပြသနေသည်ဟု Ms. Pinchanok က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

Category: International News