အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

အမေးအဖြေများ

မေး။   ပထမအဆင့်ဖြစ်တဲ့ အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေကို သိရှိလိုပါတယ်။

ဖြေ။    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) တွင် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များနှင့် ဆက်စပ်နေသည့် နိုင်ငံတော်ဘတ်ဂျက်ပါဝင်သော စီမံကိန်းများအပါအဝင် စီမံကိန်း (၁၃၁) ခု ရာခိုင်နှုန်းအားဖြင့် (၆၉ %) ကို အကောင်အထည် ဖော်နိုင်ခဲ့ပါတယ်။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) မှာ ဦးစားပေးအကောင်အထည်ဖော်ရန် ရွေးချယ်ထားတဲ့ကဏ္ဍများအနက် ဘယ်ကဏ္ဍတွေမှာ အများဆုံးအကောင်အထည်ဖော်နိုင် ခဲ့ပါသလဲ။

ဖြေ။    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များနှင့် ဆက်စပ်နေတဲ့ စီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှုအရ အထူးသဖြင့် ဆန်စပါး၊ အထည်အလိပ်နှင့် အဝတ်အထည်၊ ရေထွက်ကုန်ပစ္စည်း၊ ခရီးသွားလုပ်ငန်းကဏ္ဍ တို့မှာ အများဆုံးအကောင်အထည်ဖော်နိုင်ခဲ့ပြီး ပို့ကုန်ဝင်ငွေတိုးတက်မှုများ ရရှိခဲ့ပါတယ်။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) ကို ဘယ်ဒေသတွေမှာ အများဆုံး အကောင် အထည်ဖော်နိုင်ခဲ့ပါသလဲ။

ဖြေ။    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) တွင် ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များနှင့် ဆက်စပ်နေသည့် စီမံကိန်းတွေကို ရန်ကုန်၊ မန္တလေး၊ ဧရာဝတီနှင့် မကွေးတိုင်းဒေသကြီး များတွင် အများဆုံး ဆောင်ရွက်နိုင်ခဲ့ပါတယ်။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၁၅-၂၀၁၉) မှာ  အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့တဲ့ စီမံကိန်းများရှိပါလား။

ဖြေ။    အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၁၅-၂၀၁၉) မှာ  ကယားပြည်နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းနဲ့ မန္တလေး၊စစ်ကိုင်း၊မကွေးတိုင်းဒေသကြီးတို့မှာ ဆီထွက်သီးနှံကဏ္ဍ တန်ဘိုးကွင်းဆက်တစ်လျှောက်ပို့ကုန်ဝင်ငွေတိုးမြှင့်ရေးစီမံကိန်းတို့ကို နိုင်ငံတစ်ကာ ကုန်သွယ်မှု ဗဟိုဌာနရဲ့ ပံ့ပိုးမှုနဲ့အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကို ဘယ်လိုနည်းလမ်းများနဲ့ အကောင် အထည်ဖော်သွားမှာပါလဲ။

ဖြေ။    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များမှာ ပါရှိတဲ့ စီမံကိန်းတွေကို နိုင်ငံတော်ဘတ်ဂျက်မှ တိုက်ရိုက်တင်ပြတောင်းခံသုံးစွဲခြင်း၊  ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်ခြင်း၊ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှု (PPP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးမှုမိတ်ဘက်အဖွဲ့အစည်း များ၏ ကူညီထောက်ပံ့မှု စသည်တို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် ဖွဲ့စည်းထားရှိတဲ့ ကော်မတီ များရဲ့ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများကို သိရှိလိုပါတယ်။

ဖြေ။    အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) မှာ ကဏ္ဍတစ်ခုချင်းအလိုက် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများကို ညှိနှိုင်းဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွေကို သက်ဆိုင်ရာဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဦးဆောင်စေပြီး ဖွဲ့စည်းထားပါတယ်။ အဆိုပါကဏ္ဍအလိုက်ကော်မတီများက အစည်းအဝေး များကျင်းပပြီး အဖွဲ့ဝင်အမည်စာရင်းများကို Update ပြုလုပ်ခြင်း၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအပေါ် ဆောင်ရွက်ပြီးစီးမှုနဲ့ ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေ များကို ဆွေးနွေးညှိနှိုင်း ဆောင်ရွက်လျက်ရှိပါသည်။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်တွေက လက်ရှိ ကာလအခြေအနေများနှင့် ကိုက်ညီမှုရှိပါသလား၊ ပြုပြင်ရေးဆွဲရန်ရှိပါသလား။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်တွေကို လက်ရှိ ကာလအခြေအနေများနှင့် ကိုက်ညီမှုရှိစေရန် ကဏ္ဍအလိုက်ကော်မတီအစည်းအဝေးများ ကျင်းပပြီး  Update ပြုလုပ်ရန်လိုအပ်သည့်လုပ်ငန်းစဉ်များကို ပြန်လည်ပြုပြင်ရေးဆွဲလျှက် ရှိပါတယ်။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ (၂၀၂၀-၂၀၂၅) မှာ  အကောင်အထည်ဖော်ဆောင်ရွက်နေ သောစီမံကိန်းများရှိပါလား။

ဖြေ။    အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) မှာ ရော်ဘာကဏ္ဍအတွက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ( ၂၀၂၁) ဖြင့် ရော်ဘာ အရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာ လုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်း (Improving Quality of Rubber and Market Research on Rubber Industry) စီမံကိန်းကို ၂၀၂၂ ခုနှစ် ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ တနင်္သာရီတိုင်းဒေသကြီးနှင့်မွန်ပြည်နယ်တို့တွင် အကောင်အထည်ဖော် ဆောင်ရွက် လျက် ရှိပါသည်။ ထို့ပြင် စားသောက်ကုန်ပြုပြင်ထုတ်လုပ်ခြင်းကဏ္ဍ (Food Processing Sector) နဲ့ဆက်စပ်ပြီး  ACMECS-ROK ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေဖြင့် “ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန်(အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင် ထုတ်လုပ် ခြင်းစီမံကိန်း(Value Chain upgrading of Potential Fruit (Coconut) in Ayeyarwady Region) စီမံကိန်းကို ၂၀၂၃ ခုနှစ်၊ မေလ မှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။

မေး။   အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅)ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများကို မည်သို့သိရှိနိုင်ပါမည်နည်း။

ဖြေ။    အမျိုးသားပို့ကုန်မဟာဗျူဟာ(၂၀၂၀-၂၀၂၅) ရဲ့ အကောင်အထည်ဖော်ဆောင်ရွက်နေမှု update အခြေအနေများ၊ သတင်းများကို မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ဝက်ဘ်ဆိုက် (https://myantrade.gov.mm/) မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။