အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Tea (လက်ဖက်)

မြန်မာနိုင်ငံမှ လက်ဖက်စိမ်း (Green tea)ကို ဘာကြောင့် ဝယ်သင့်လဲ။ 

Why You Should Buy Green Tea from Myanmar

မြန်မာ့လက်ဖက် စိမ်းကို လက်ဖက်စိုက်ခင်းများအတွက် ကောင်းမွန်သော ရာသီဥတုရှိသည့် ပင်လယ်ပြင်အထက် မြင့်မားသော တောင်တန်းဒေသများ၊ မတ်စောက်သော တောင်စောင်းများနှင့် မြေဆီလွှာကောင်း မွန်သော ဒေသများတွင် စိုက်ပျိုးပါသည်။

           လက်ဖက်ကောင်းစားလိုလျှင် ပလောင်(လက်ဖက်စိုက်ပျိုးသည့် ဒေသခံ တိုင်းရင်းသား များ) တောင်တက်နှေးရမည် ဟူသော ရှေးဟောင်းဆိုရိုးစကားလည်းရှိပါသည်။ ကောင်းမွန်သော အရည်အသွေးမြင့် လက်ဖက်ကိုစားလိုလျှင် အချိန်ယူစိုက်ပျိုးရမည်ဟု ဆိုလိုပါသည်။ မြန်မာ့ လက်ဖက်စိမ်းကို ဓာတုဆေးဝါးပစ္စည်းများနှင့် လူမှုဝန်းကျင်ကို ထိခိုက်စေသည့် နည်းလမ်းများ သုံးစွဲခြင်းမရှိဘဲ စိုက်ပျိုးပါသည်။ လက်ဖက်ပြုပြင်ထုတ်လုပ်သူများက လက်ဖက်စိုက်ပျိုးသူများ သဘာဝမြေသြဇာနှင့် စိုက်ပျိုးကြောင်း ထောက်ခံအတည်ပြုချက်ရရှိရန် လိုအပ်သော အကူအညီများကို ပေးကြပါသည်။ လက်ဖက်စိုက်ပျိုးသောကျေးရွာများတွင် လိုအပ်သော ပစ္စည်း ကိရိယာများ၊ ပညာရေးအကူအညီများ၊ စားသင်ကျောင်းများ စသည်တို့ကိုလည်း လက်ဖက်ထုတ် လုပ်သူများက ပေးအပ်ထောက်ပံ့ကြပါသည်။

          မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် လက်ဖက်စိုက်ပျိုးမှုအစောဆုံးနိုင်ငံများတွင် ပါဝင်ပါသည်။ အနှစ်တစ်ထောင်ကျော်သက်တမ်းရှိပြီဖြစ်သော ပထမဆုံးလက်ဖက်ပင်သည် ရှမ်း ပြည်နယ်မြောက်ပိုင်း လွယ်ဆိုင်းတောင်တွင် ယခုအထိရှိနေပါသည်။ အခြားများပြားလှသော သက်တမ်းရှည် လက်ဖက်ပင်များကလည်း မြန်မာနိုင်ငံ၏ ရှည်ကြာသော လက်ဖက်သမိုင်းကို အထင်အရှားပြသနေပါသည်။

မြန်မာလက်ဖက်ပြည်ပတင်ပို့မှုကဏ္ဍ(Myanmar Tea Export Sector)

 

မြန်မာ့လက်ဖက်စုစုပေါင်း (၈၀)ရာခိုင်နှုန်းကျော်ကို ပင်လယ်ရေမျက်နှာပြင်အထက် အနည်းဆုံး မီတာ ၁၅၀၀ ရှိသည့် ရှမ်းပြည်နယ်တွင် စိုက်ပျိုးပါသည်။ ထွက်ရှိသော လက်ဖက် စုစုပေါင်း၏ ၁၅ မှ ၂၀ ရာခိုင်နှုန်းကို အချဉ်ဖောက်ရန်အသုံးပြုပါသည်။ အချဉ်ဖောက်လက်ဖက် သည် ရိုးရာအစားအစာ တစ်ခုဖြစ်ပြီး ၄င်း၏ မြင့်မားသည့် ဓာတ်ပြုမှုချေဖျက်ပစ္စည်း ပါဝင်မှုကြောင့် ကျန်းမာရေးအတွက် အလွန်အထောက်အကူဖြစ်စေပါသည်။

           နှပ်ထားသော မြန်မာလက်ဖက်ကို ရှေးအစဉ်အဆက်က မင်းစိုးရာဇာ အခမ်းအနားများတွင် ငြိမ်းချမ်းရေး၏ သင်္ကေတအဖြစ် ဧည့်ခံခဲ့ကြပါသည်။ ယနေ့ခေတ်တွင် မြန်မာနိုင်ငံ၏ နေရာတိုင်း၌ စားသုံးကြပြီး ၄င်း၏ ကြွယ်ဝသော ကျန်းမာရေးအကျိုးကျေးဇူးများကြောင့် နိုင်ငံ့ဂုဏ်ကျက်သရေအဖြစ် အမွှန်းတင်ခြင်းခံရပါသည်။

           လက်ရှိတွင် မြန်မာ ကုမ္ပဏီပေါင်း ၈၀ ခန့်က လက်ဖက်စိမ်းပြည်ပသို့ တင်ပို့ရေးကို လုပ်ဆောင်နေကြပါသည်။ မြန်မာလက်ဖက်စိမ်းအဓိကတင်ပို့သည့် နိုင်ငံများမှာ ဂျပန်၊ မလေးရှားနှင့် စင်ကာပူတို့ဖြစ်ကြပါသည်။ အီးယူမှ ဝယ်ယူသူများအနေဖြင့်လည်း မြန်မာလက်ဖက် စိမ်းကို ဝယ်ယူရန် စတင်စူးစမ်းလေ့လာနေကြပြီဖြစ်ပါသည်။

 

Read the full report on Myanmar’s organic green tea export capabilities

 

မြန်မာ့လက်ဖက်ခြောက် (Myanmar Fermented Tea)

မြန်မာ့လက်ဖက်ခြောက်(Myanmar Fermented Tea) သည် ၄င်း၏ ဓာတ်ပြုမှုကို ချေဖျက်သည့် ပစ္စည်းများ မြင့်မားစွာပါဝင်မှုကြောင့် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူး အလွန်များပါသည်။ ၄င်းသည် လက်ဖက်စိမ်းကို ဆား/ရေတို့ဖြင့် ရောနှောအချဉ် ဖောက်သော ရိုးရှင်းသည့် သဘာဝနည်းလမ်း(a natural lacto-fermentation process)ဖြစ်သည်။ လက်ဖက်ခြောက်သည် အစာအိမ်နှင့် အူလမ်းကြောင်းကို အထောက်အကူပြုသော ပိုလီဖီနောနှင့် ပရိုဘိုင်အိုးတစ်(polyphenols and probiotics)ပါဝင်မှုကို မြင့်မား စေပါသည်။

 

မြန်မာနိုင်ငံမှ လက်ဖက်စို/လက်ဖက်ခြောက်ကို ဘာကြောင့် ဝယ်ယူသင့်သလဲ။

Why You Should Buy from Myanmar

-         လက်ဖက်သည် ကျန်းမာရေးအထောက်အကူပြု ထိပ်တန်း ဓာတ်စာအသစ်အဆန်းအဖြစ် အီးယူစျေးကွက်တွင် နေရာရရှိနိုင်ပါသည်။

-         ကျန်းမာရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများဖြစ်သော ပိုလီဖီနော ပမာဏမြင့်မား စွာပါဝင်ပါသည်။

-         လက်ဖက်တွင် လက်ဖက်စိမ်းရွက်ထက် ဇီဝအထောက်အကူပြုပစ္စည်းပမာဏ(၂)ဆ ပိုမို ပါဝင်ပါသည်။

-         လက်ဖက်နှပ်ရာတွင် ပေါက်ဖွားလာသော ဘက်တီးရီးယား(၆)မျိုးသည် အစာခြေစနစ်ကို အထောက်အကူပြုပြီး သည်းခြေရည်နှင့် ချွဲ၊ သလိပ် တို့ ထွက်ရှိမှုကို ထိန်းညှိပေးပါသည်။

Read Full Report on Myanmar Fermented tea export Capabilities