အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Coffee

မြန်မာနိုင်ငံမှကော်ဖီစေ့ကို ဘာကြောင့်ဝယ်သင့်သလဲ။  Why You Should Buy Coffee from Myanmar 

မြန်မာ့ကုန်းမြင့်များသည် အပူလျော့ပိုင်းဒေသများဖြစ်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ (၁၃၀၀)ခန့်တွင် တည်ရှိသည်။ ကော်ဖီကို မိုးရာသီတွင် စိုက်ပျိုးပြီး ခြောက်သွေ့ရာသီတွင် ရိတ်သိမ်း၍ ကော်ဖီစေ့ အဖြစ်ထုတ်လုပ်သည်။ဤသို့ကောင်းမွန်သော သဘာဝအခြေအနေများကြောင့် ထိပ်တန်းအရည် အသွေးရှိ ကော်ဖီစေ့ကို ထုတ်လုပ်ရရှိသည်။

           ကော်ဖီအဆင့်အတန်းသတ်မှတ်ရေးသီးခြားလွတ်လပ်သည့်အဖွဲ့များ၏ စစ်တမ်းများအရ မြန်မာ့ကော်ဖီစေ့အများစုမှာ ၈၅ မှတ်ကျော်ရရှိပါသည်။

           နှစ်ပေါင်းများစွာ ထီးတည်းနေရခဲ့ပြီးနောက် မြန်မာ့ကော်ဖီသည် တခေတ်ဆန်းလာခဲ့ပြီ ဖြစ်ပါသည်။ ဤအခြေအနေများကြောင့် ထောင်ပေါင်းများစွာသော ဆင်းရဲသားလယ်သမားများနှင့် ၄င်းတို့၏ မိသားစုများသည် ကောင်းမွန်သော ဝင်ငွေနှင့် စိတ်ချရသော ဘဝအခြေအနေများကို ရရှိ လာကြပါည်။ မြန်မာကော်ဖီထုတ်လုပ်ငန်းအများစုမှာ လယ်သမားများ၊ အမျိုးသမီးများနှင့် လူငယ် များ လုပ်ကိုင်ကြသော အသေးစားလုပ်ငန်းများဖြစ်ကြပါသည်။

           မြန်မာသည် ပမာဏနည်းပါးသော်လည်း အရည်အသွေးအဆင့်အတန်းမြင့်မားသည့် ကော်ဖီစေ့ထုတ်လုပ်သူအဖြစ် အာရှကော်ဖီစေ့ထုတ်လုပ်သည့် နိုင်ငံများအကြားတွင် အထင်အရှား ရပ်တည်နိုင်ရန်အတွက် အထူးဆန္ဒထက်သန်နေပါသည်။

မြန်မာကော်ဖီစေ့ပြည်ပတင်ပို့မှုကဏ္ဍ Myanmar Coffee Export Sector

 

ကော်ဖီထုတ်လုပ်သည့် အခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက မြန်မာနိုင်ငံတွင် ထိပ်တန်း ကော်ဖီစေ့ထုတ်လုပ်ရန် အဓိကလိုအပ်သော ကုန်းမြင့်ဒေသများနှင့် မျှတသော အပူချိန်စသည့် သဘာဝအခြေခံကောင်းများရှိပါသည်။ မြန်မာ့အရည်အသွေးမြင့်အထူးကော်ဖီသည် ၄င်း၏ ကြွယ်ဝ၍ မျှတသော အနံ့အရသာတို့ကြောင့် နိုင်ငံတကာပြိုင်ပွဲများတွင် အသိအမှတ်ပြုခြင်း ခံရပါသည်။

           ကော်ဖီထုတ်လုပ်မှုသည် မြန်မာနိုင်ငံတွင် နှစ်စဉ်တိုးတက်လျှက်ရှိပြီး ကော်ဖီစိုက်ခင်း ပေါင်း ဟက်တာ ၂၀၀၀၀ မှ ကော်ဖီစေ့တန်ချိန် ၇၀၀၀ ခန့် ထုတ်လုပ်လျက်ရှိပါသည်။

           အရည်အသွေးမြင့်အထူးကော်ဖီထုတ်လုပ်မှု ပမာဏမှာ တန်ချိန် ၁၀၀၀ ခန့်ရှိပါသည်။ မြောက်ပိုင်းကုန်းမြင့်ဒေသများတွင် စိုက်ပျိုးသော ကော်ဖီမစ်များအနက် ၈၀ ရာခိုင်နှုန်းမှာ အာရေဗျ Arabia ကော်ဖီအမျိုးအစားဖြစ်ပါသည်။ ကျန်သော ၂၀ ရာခိုင်နှုန်းမှာ ရိုဘမ်စ်တာ ကော်ဖီ (Rosusta) ဖြစ်ပြီး တောင်ပိုင်းမြေနိမ့်ဒေသများတွင် စိုက်ပျိုးပါသည်။ ၂၀၁၇ တွင် မြန်မာ့ကော်ဖီစေ့ တန်ချိန်ပေါင်း ၈၆၀၊ တန်ဖိုးအားဖြင့် ယူရို ၁.၂ သန်းကို ပြည်ပသို့ တင်ပို့ခဲ့ပါသည်။

 

Download Full Report on Myanmar Coffee Export Capability