အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Rice Markets

အီးယူ၏ဆန်စျေးကွက် (EU Market for Rice)

ဆန်ဆိုသည်မှာဖွဲနု၊ ဖွဲကြမ်းနှင့် အခြားပျိုးပင်ပေါက်နိုင်သည့် အစိတ်အပိုင်းအားလုံး ကို ဖယ်ထုတ်သန့်စင်ပြီးသော ဆန်ချောဖြစ်ပါသည်။

           စျေးနှုန်းပိုမိုမြင့်မားသည့် ဆန်အမျိုးမျိုးနှင့် သဘာဝမြေသြဇာဖြင့် ထုတ်လုပ်ထား သည့် ဆန်များသည် ဥရောပရှိ ကုန်ပဒေသာတိုက်ကြီးများတွင် ပိုမို၍ နေရာယူလာ ကြပါသည်။ စားသုံးသူ တို့သည် ရနံ့မွှေးပျံ့သော အာရှဆန်အမျိုးမျိုးကို နှစ်သက်လာသကဲ့သို့ ဂျပန် ဆူရှီ(Sushi)၊ အီတာလျံ သားပြွမ်းထမင်း(Risotto)၊  စပိန်အသားနှင့် ငါးထမင်း(Paella) စသော ရိုးရာဟင်းပွဲများနှင့် လိုက်ဖက်သည့် ဆန်အမျိုးအစားများကိုလည်း နှစ်ခြိုက်စွာ စားသုံးကြပါသည်။  ဆန်အရည် အသွေးနှင့် စားသုံးသူ အန္တရာယ်ကင်းရှင်းရေးသည် သင်၏ ကုမ္ပဏီကို ပိုမို၍ ထင်ရှားလူကြိုက် များစေပါလိမ့်မည်။ ဥရောပရှိ ဆန်ကုန်သည်တို့သည် ဆန်အမျိုးမျိုးကို ဝယ်ယူရာ၌ ဆန်၏ အရည် အသွေး၊ စားသုံးသူ အန္တရာယ် ကင်းရှင်းရေးနှင့် ဖြစ်လာနိုင်သည့် ကျန်းမာရေးဆိုင်ရာ အန္တရာယ် စသည်တို့ကို အထူးသတိပြု လေ့လာ ပါသည်။

           ဖွံ့ဖြိုးဆဲနိုင်ငံများမှ အသေးစားနှင့် အလတ်စားဆန်တင်ပို့သူတို့သည် သီးသန့် စားသုံးသူ အနည်းငယ်အတွက်ကိုသာ ရည်ရွယ်ရောင်းချသည့် ဆန်စျေးကွက်(ဥပမာ သဘာဝမြေသြဇာဖြင့် ထုတ်လုပ်သည့်ဆန်၊ ကစီဓာတ်ထုတ်ထားသောကျန်းမာရေးဆန်) ငယ်များတွင် အခွင့်အလမ်း ကောင်းများရရှိနိုင်ကြပါသည်။ သို့သော် အမြတ်အစွန်းများသော စျေးကွက်ငယ်များသည် တည်ငြိမ်မှုအားနည်း၍ ဆုံးရှုံးနိုင်သည့် အန္တရာယ်လည်းပို၍ များသည်ကို သတိချပ်သင့်ပါသည်။

Download full report

အီးယူ၏ အထူးဆန်အမျိုးမျိုး စျေးကွက်(CBI အစီရင်ခံစာ)

ဥရောပသားတို့သည် အထူးနည်းပညာဖြင့် ထုတ်လုပ်ထားသော ဆန်အမျိုးမျိုးကို ပိုမို၍စားသုံးလာကြပါသည်။ စားသုံးသူတို့သည် ရနံ့မွှေးပျံ့သော အာရှဆန်အမျိုးမျိုးကို ပိုမိုနှစ်သက် လာသကဲ့သို့ ဂျပန်ဆူရှီ(Sushi)၊ အီတာလျံသားပြွန်းထမင်း(Risotto)၊ စပိန် အသားနှင့် ငါးထမင်း(Paella) စသော ရိုးရာ အစားအစာများနှင့် လိုက်ဖက်သည့် ဆန်အမျိုး အစားများကိုလည်း နှစ်ခြိုက်စွာ စားသုံးလာကြပါသည်။ ဆန်လုံးညိုကိုလည်း ၄င်း၏ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများကြောင့် ပို၍ လူကြိုက် များလာကြပါသည်။

အနာဂတ်ကာလလျှင်ဆန်နီ၊ ဆန်နက်စသော အမြတ်အစွန်းများသည့် ဆန်မျိုးစုံကိုလည်း ထုတ်လုပ်ရောင်းချလိမ့်မည်ဟု မျှော်လင့်ရပါသည်။

ချက်နည်းပြုတ်နည်းအဖုံဖုံနှင့် လိုက်ဖက်သည့် ဆန်အမျိုးမျိုးကို ပိုမိုထုတ်လုပ် လာသည်နှင့်အမျှ ဆန်တင်ပို့သူများ အတွက်လည်း ပိုမိုကောင်းမွန်သော အခွင့်အလမ်းများ ရရှိလာမည်ဖြစ်ပါသည်။

Read CBI Report