အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Honey & Sweetners Markets

အီးယူ၏ ပျားရည်စျေးကွက် (EU Market Scan-Honey)

မြန်မာနိုင်ငံတွင် ပျားရည်ထုတ်လုပ်မှုမှာ မှန်မှန်တိုးတက်လျက်ရှိပါသည်။ အီးယူသည် ကမ္ဘာပေါ်၌ ပျားရည်အများဆုံးတင်သွင်းသူဖြစ်ပြီး မြန်မာပျားရည်တင်ပို့သူများအတွက် အခွင့် အလမ်းကောင်းသော စျေးကွက်ဖြစ်ပါသည်။ လက်ရှိတွင် ပြည်တွင်းထုတ်လုပ်မှုမှာ ပျားရည်သုံးစွဲ မှု၏ ၆၀ ရာခိုင်နှုန်းကိုသာ ဖြည့်ဆည်းပေးနိုင်ပြီး အနာဂတ်တွင် ပျားရည်တင်သွင်းမှု ထပ်မံများပြား လာမည်ဟု ခန့်မှန်းရပါသည်။ ဂျာမနီသည် ပျားရည်တင်ပို့မှုအများဆုံး အီးယူနိုင်ငံဖြစ်ပြီး ဗြိတိန်နှင့် ပြင်သစ်တို့က နောက်မှ အစဉ်လိုက်ရပ်တည်လျက်ရှိပါသည်။ စပိန်၊ ပြင်သစ်နှင့် ဗြိတိန်သို့ ပျားရည် တင်သွင်းမှု ကြီးထွားလျက်ရှိပါသည်။ လက်ရှိအချိန်တွင် အီးယူသို့ ပျားရည်အများစုကို တရုတ်မှ တင်သွင်းပါသည်။ မြန်မာပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သွင်းကုန်စည်းကြပ်ခွန်ကို လျော့ ပေးသည့် စနစ် (GSP)အရ အကောက်ခွန်မဲ့ (Duty-Free) အခွင့်အရေးများကို ရရှိနိုင်ပါသည်။ အီးယူသို့ တင်သွင်းသည့် ပျားရည်အများစုကို ပမာဏများပြားစွာဖြင့် သယ်ဆောင်လာလေ့ ရှိပါသည်။ အီးယူဝယ်ယူသူများအနေဖြင့် ပျားရည်တွင်ပါဝင်သည့် ရေပမာဏကို ၁၉ ရာခိုင်နှုန်း ထက် မကျော်စေပဲ (HMF)ပါဝင်မှုကိုလည်း ၁ ကီလိုဂရမ်တွင် ၄၀ မီလီဂရမ်ထက် ပါဝင်ခြင်းမရှိ အောင် သတ်မှတ်ထားပါသည်။

Download Full Report

Download Full Report in Myanmar Language

 

အီးယူ၏ ထန်းလျက်စျေးကွက်(CBI အစီရင်ခံစာ)(EU Market for Palm Sugar - CBI Report)

အီးယူနိုင်ငံများတွင် သကြားအစားထိုး အချိုခဲများကို ဝယ်လိုအားမြင့်တက်လျက်ရှိသည်။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထန်းလျက်တင်ပို့သူများအတွက် အခွင့်အရေးကောင်းပင် ဖြစ်သည်။ တင်သွင်းမည့် ထန်းလျက်ကို အခြားပုံမှန်ရောင်းချနေသည့် သကြား(သို့မဟုတ်) အချိုခဲ များနှင့်မတူဘဲ ထူးခြားကောင်းမွန်အောင် ဆန်းသစ်တီထွင်ခြင်းဖြင့် နာမည်ရအောင် ပြုလုပ်နိုင်ပါ သည်။ ထန်းလျက်သည် သိကြားနှင့်အခြားအချိုခဲများနှင့် နှိုင်းယှဉ်လျှင် သကြားဓာတ် (Glycemic Index) ပါဝင်မှုလျော့နည်းသဖြင့် ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါသည်။ သဘာဝမြေသြဇာ အသုံးပြု ထုတ်လုပ်ထားသော ထန်းလျက်များကို ကုန်သွယ်ရေးကျင့်ဝတ်အပြည့်အဝဖြင့် ရောင်းချ သော ထန်းလျက်များတင်ပို့သူအတွက် စျေးကွက်အခွင့်အလမ်းများစွာရှိပါသည်။

Read CBI Report

 

အီးယူ၏ သကြားအစားထိုး stevia စျေးကွက်(EU Market for Stevia - CBI Report)

Stevia အပင်ကို လွန်ခဲ့သော နှစ်ပေါင်း ၁၅၀၀ ကျော်ကပင် တောင်အမေရိကရှိ Guarani လူမျိုးတို့ သုံးစွဲခဲ့ကြသည်။ အဆိုပါအရွက်၏ အံ့သြစရာကောင်းသောအချက်မှာ သကြားထက် အဆပေါင်း ၁၀၀ မျှပို၍ချိုသော်လည်း ကယ်လိုရီ မပါဝင်ခြင်းဖြစ်သည်။ ၄င်းအပင်ကို ယခုအခါ အပူပိုင်းဒေသများတွင် စိုက်ပျိုးလျက်ရှိပြီး ၄င်း၏ ခါးသောအစိတ်အပိုင်းများကို အရသာကောင်းမွန် စေသည့် နည်းပညာများလည်း လျှင်မြန်စွာတိုးတက်လျက်ရှိသည်။

           သကြားကုမ္ပဏီများသည် သကြားလုပ်ငန်း၏ ရန်သူအဖြစ် ကာလရှည်ကြာဆန့်ကျင်ခဲ့ ကြသော်လည်း အဆိုပါအပင်ကို ယခုအခါ နှစ်သက်လက်ခံလာကြရုံသာမက အချိုခဲအမျိုးမျိုးထုတ် လုပ်ရန် အကြီးအကျယ်ဝယ်ယူလျက်ရှိကြသည်။ စားသောက်ကုန်နှင့် အဖျော်ယမကာထုတ်လုပ် သူများသည် Stevia ကို အသုံးပြု၍ ထုတ်ကုန်အသစ်များကို အကြီးအကျယ်ထုတ်လုပ်လာရုံ သာမက လက်ရှိ ထုတ်လုပ်လျှက်ရှိသော စားသောက်ကုန်နှင့် အဖျော်ယမကာတို့၏ ထုတ်လုပ်မှု နည်းလမ်းများကိုလည်း ပြန်လည်ပြင်ဆင်လာကြသည်။ အဆိုပါလုပ်ငန်းရှင်တို့အနေဖြင့် Stevia ကို ပိုမိုလိုအပ်လာကြပြီး ယုံကြည်စိတ်ချရသော Stevia တင်သွင်းသူများကိုလည်း ပိုမိုကြိုဆိုလာကြ ပါသည်။ Stevia သည် မြန်မာနိုင်ငံအတွက် အသစ်အဆန်းဖြစ်နေသေးသော်လည်း ရာသီဥတု သဘာဝနှင့် စိုက်ပျိုးမြေအနေအထားတို့က ပို့ကုန်အရည်အသွေးရှိ stevia အရွက်ကို စိုက်ပျိုး၍ အမှုန့်အဖြစ် ပြုပြင်ထုတ်လုပ်ရန် အခြေအနေပေးလျက်ရှိပါသည်။

Read CBI Report