အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Bamboo & Rattan Markets

အီးယူ၏ တောင်း၊ ခြင်း၊ သေတ္တာစျေးကွက်(EU market for baskets and boxes - CBI report)

ဥရောပစျေးကွက်သည် ကြိမ်၊ ဝါးတို့ဖြင့် ပြုလုပ်ထားသော ပစ္စည်းများကို တင်သွင်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံများမှ လုပ်ငန်းရှင် များအတွက် များစွာသော အခွင့်အလမ်းများကို ပေးပါသည်။

           ဖွံ့ဖြိုးဆဲနိုင်ငံများမှ အီးယူသို့ တင်သွင်းသည့် သွင်းကုန်ပမာဏမှာ စုစုပေါင်း သွင်းကုန်ပမာဏ၏ ရာခိုင်နှုန်း အနည်းငယ်မျှသာ ရှိသေးသော်လည်း မှန်မှန်တိုးတက်လျှက် ရှိပါသည်။      ကြိမ်ခြင်းတောင်းနှင့် သေတ္တာများမှာ အများအပြားထုတ်လုပ်နေသော်လည်း အဆင်အပြင် အားနည်းမှုများကြောင့် အမြတ်တန်ဖိုးမှာ အနည်းငယ်သာ ရှိသေးသည်။ ထို့ကြောင့် ပိုမို လှပစေရန် တန်ဆာဆင်ပေးခြင်းဖြင့် ဒီဇိုင်းတန်ဖိုးတိုးမြှင့်ပေးရမည်။

Read CBI Report

 

အီးယူ၏ မီးအုတ်ဆောင်း၊ မီးစလောင်းစျေးကွက် (EU market for lampshades - CBI Report)

ဥရောပသုံးစွဲသူတို့သည် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော အိမ်အလှဆင် ပစ္စည်းများကို ပိုမိုသုံးစွဲလာကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိ ၀ါးနှင့်ကြိမ်ပစ္စည်း တင်သွင်းသူ များအနေဖြင့် အခွင့်အလမ်းပိုမိုရရှိလာကြပါသည်။ အထူးသဖြင့် ဂျာမဏီနှင့် ဗြိတိန်တို့တွင် ဖွံ့ဖြိုး ဆဲနိုင်ငံများအတွက် ခိုင်မာသော စျေးကွက်ရှိပါသည်။ အဆိုပါနိုင်ငံများသည် ပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ပစ္စည်းများအပေါ် ပိုမို စိတ်ဝင်စားလာသဖြင့် အဓိကစျေးကွက်များဖြစ်လာပါ သည်။ ဤစျေးကွက်များကို ထိုးဖောက်နိုင်ရန်အတွက် သင်၏ မီးအုပ်ဆောင်းများ၊ မီးစလောင်းများကို ပတ်ဝန်းကျင်နှင့် သင့်တော်သည့်ပစ္စည်းများ နည်းလမ်းများဖြင့် ဒီဇိုင်း ပြုလုပ်တင်ပို့ သင့်သည်။

Read CBI Report

 

အီးယူ၏ ဥယျာဉ်သုံးပရိဘောဂစျေးကွက် (EU market for Garden Furniture - CBI Report)   

အီးယူ၏ ဥယျာဉ်သုံးပရိဘောဂစျေးကွက်မှာ ပိုမို ကြီးထွားလာလျှက်ရှိသည်။ သုံးစွဲသူများ သည် ၄င်းတို့၏ ဥယျာဉ်ကို ကိုယ်လက်လှုပ်ရှား ကစားရာနေရာ၊ အပန်းပြေရာနေရာနှင့် ဧည့်သည်များကို ဧည့်ခံနေရာအဖြစ် ပိုမိုသုံးစွဲလာကြသည်။ ထို့ကြောင့် အိမ်တွင်း ပရိဘောဂများ နည်းတူ အိမ်ပြင်ပရိဘောဂများသည်လည်း လိုအပ်လာသည်။ ထို့ကြောင့် အသုံးပြုသော ပစ္စည်း များသည် သက်တောင့်သက်သာရှိ၍ ဇိမ်ကျစွာ အသုံးပြုနိုင်ရမည်။ ဒီဇိုင်းလှပမှုနှင့် ရေရှည်အသုံး ခံနိုင်မှုတို့သည်လည်း အထူးလိုအပ်လာပါသည်။

           ပရိဘောဂများဖြင့် လသာဆောင်ကဲ့သို့ ဖန်တီးထားသော ဧည့်ခံရာနေရာငယ်များ ကိုလည်း လူကြိုက်များလာပါသည်။ ဗြိတိန်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဆိုပါပစ္စည်းများ တင်သွင်းရန် အထူးအားကောင်းသော စျေးကွက်တစ်ခုဖြစ်ပါသည်။ ပြင်သစ်နှင့် ဂျာမန်စျေးကွက်တို့သည်လည်း အလားအလာ ကောင်းပါသည်။ အီးယူ၏ ဥယျာဉ်သုံးပရိဘောဂများ တင်သွင်းမှုသည် ကျဆင်းသွားရာမှ ၂၀၁၃ ခုနှစ်တွင် အလျှင်အမြန်ပြန်လည်ဦးမော့လာပါသည်။ အီးယူသို့ ဥယျာဉ်သုံးပရိဘောဂအများဆုံး တင်ပို့သူများမာှ ဖွံ့ဖြိုးဆဲနိုင်ငံများ မှ ဖြစ်ပါသည်။

Read CBI Report

 

အီးယူ၏ လက်ဖက်ရည်အိုးနှင့် ပန်းကန်အစုံစျေးကွက် (EU market for Tea Set - CBI Report)

မြန်မာကြိမ်နှင့် ဝါးပစ္စည်းရောင်းချသူများက ကြိမ်ကိုထည့်သွင်းပြုလုပ်ထားသော လက်ဖက်ရည်အိုးနှင့် ပန်းကန်အစုံ ဒီဇိုင်းအသစ်ကို စတင်တင်သွင်းလာပါသည်။ ထို့ကြောင့် လက်ဖက်ရည်ပွဲ၏ အီးယူစျေးကွက်အလားအလာကို စူးစမ်းလေ့လာသင့်ပါသည်။

           လက်ဖက်ရည်အိုးနှင့် ပန်းကန်များမှာ ပုံသဏ္ဍာန်မျိုးစုံ၊ အရွယ်အစားမျိုးစုံရှိပြီး အဓိက အားဖြင့် ကြွေထည်မြေထည်ဖြင့် ပြုလုပ်ထားပါသည်။ ဥရောပရှိ လက်ဖက်ရည်သောက်သည့် ပုံစံက လက်ဖက်ရည် ပန်းကန် စျေးကွက်နှင့် ဒီဇိုင်းအပေါ် အကျိုးသက်ရောက်မှုရှိပါသည်။

           အလုပ်များသော အချိန်(Rush-time)တွင် လက်ဖက်ရည်ကို နေ့စဉ် အသုံးပြုနေကျ ပန်းကန် ခွက်ယောက်ဖြင့် သောက်လေ့ရှိပြီး အပန်းဖြေသောအချိန်(Me-time)တွင်မူ အကောင်းဆုံး အိုးခွက်ပန်းကန် များကို အသုံးပြု လေ့ရှိပါသည်။ မြန်မာပစ္စည်းတင်သွင်းသူများအနေဖြင့် လက်ထည်ပစ္စည်းများကို အမျိုးအစားခွဲခြားပြုလုပ်ခြင်း ဖြင့် စျေးကွက်အခွင့်အလမ်းပိုမိုရရှိနိုင်ပါသည်။

Read CBI Report