အကောင့်ဝင်ရန် / မှတ်ပုံတင်ရန်

ပို့ကုန်လုပ်ငန်းရှင်များအတွက်

Explore Export Markets

အီးယူငါးစျေးကွက်သုတေသန (Explore Fish Market)
Europe
အီးယူ၏ပုဇွန်စျေးကွက် သုတေသန EU Market Scans for Shrimps

သန့်ရှင်းသည့်မြန်မာ့ပင်လယ်ပြင်မှ သဘာဝအတိုင်း ဖမ်းယူရရှိသော ပုဇွန်များနှင့် မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသော ပုဇွန်များမှာ အရွယ်အစားကြီးမားခြင်း၊ အရည်အသွေးမြင့်မားခြင်းနှင့် ဓာတုပစ္စည်းများ ကင်းစင်ခြင်း (အော်ဂင်းနစ်ဖြစ်ခြင်း) စသော ထူးခြားသော ၀ိသေသများနှင့်ပြည့်စုံပါသည်။ မြန်မာနိုင်ငံမှတင်ပို့သောပင်လယ်ပုဇွန်များမှာ ဘင်္ဂလားပင်လယ်အော်၌ထင်ရှားသော ပန်းရောင်ပုဇွန်(Pink Shrimps)နှင့် ထူးခြားကြီးမားသည့် အနက်ရောင်ပုဇွန်ကျား(Wild Black Tiger Shrimp) များဖြစ်ကြပါသည်။

           ထို့အပြင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသများရှိ ရိုးရာပုဇွန်မွေးမြူရေးကန် များမှ အရည်အသွေးကောင်းမွန်၍ အရွယ်အစားကြီးများပြီး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သည့် အနက်ရောင်ပုဇွန်ကျားနှင့် ရေချိုပုဇွန်ထုတ်ကြီးများ ထွက်ရှိပါသည်။

           ဥရောပမှ မှာယူသူများ၏ လိုအပ်ချက်များအပေါ်မူတည်၍ အရွယ်အစားနှင့် ပုံသဏ္ဍာန် မျိုးစုံရှိသော ပုဇွန်များကို တင်ပို့လျက်ရှိပါသည်။

ပို့ကုန်လုပ်ငန်းမြင့်တက်ရေးအီးယူ၏ လမ်းညွှန်ချက်များ  EU Export Promotion Guides

အီးယူ၏ လက်ဖက်စျေးကွက်သုတေသန(EU Market Scan For Fermented Tea)

လက်ဖက်ထုတ်လုပ်သည့် လုပ်ငန်းစဉ်တွင် လက်ဖက်ရွက်ကို ခြောက်သွေ့ညှိုးနွမ်းစေခြင်း၊ ဒလိမ့်ဖြင့် လှိမ့်ခြင်း၊ အချဉ် ဖောက်ခြင်းနှင့် လက်ဖက်ခြောက်အကြမ်းဖြစ်လာစေရန် အခြောက်ခံခြင်းတို့ ပါဝင်ပြီး နောက်ဆုံး အဆင့်တွင် လက်ဖက်ခြောက်အချောအဖြစ် ထုတ်လုပ်သည်။ လက်ဖက်ဟု ခေါ်တွင်သော မြန်မာ့ ရိုးရာလက်ဖက်ခြောက် (မြန်မာဘာသာဖြင့်)သည် တိုင်းရင်းသားလူမျိုးစုများ၏ အစားအစာအဖြစ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပါသည်။ ရှေးအခါက လက်ဖက်ကို စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံများအကြား တွင် ငြိမ်းချမ်းရေးကမ်းလှမ်းမှု(သို့) ငြိမ်းချမ်းရေးသင်္ကေတ အဖြစ် အသုံးပြုခဲ့ကြပါသည်။ ယနေ့ ကာလတွင် လက်ဖက်ရည် ဗန်းသည် ဧည့်သည်များကို ဧည့်ခံသည့် ဧည့်သက် ကျေပွန်မှု ကို ဖော်ပြ သော သင်္ကေတဖြစ်ပါသည်။

Japan Market Scans for Shrimps

 

Japan Export Promotion Guides