China (HongKong)

e-commerce ဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ လုပ်ကိုင်ရမှု များပြားလာပြီး ဟောင်ကောင်ကုမ္ပဏီစာရင်းဝင် ESR Cayman ၏ ဝင်ငွေများ မြင့်တက်လာခြင်း

Last Updated:

၂၀၁၉ ခုနှစ်တွင် e-commerce ဖြင့်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများမှ ဝင်ငွေ (၄၀.၆) ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အသားတင်အမြတ်ငွေ (၂၀.၈) ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း၊ Covid-19 ဖြစ်ပွားမှုအရှိန်မြင့်တက်နေမည်ဖြစ်သောကြောင့် e-commerce လုပ်ငန်းမှာ အာရှ-ပစိဖိတ် ဒေသတွင် ဆက်လက်မြင့်မားနေမည်ဟု ဟောင်ကောင် ကုမ္ပဏီတစ်ခုဖြစ်သည့် ပို့ဆောင်ရေးနှင့် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သည့်ESR Cayman မှ ပြောကြားခဲ့ကြောင်း၊ အာရှပစိဖိတ်ဒေသ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းတွင် ESR ၏ e-commerce လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရန် အကြီးမားဆုံး အခွင့်အလမ်းဖြစ်ပြီး အာရှပစိဖိတ်ဒေသမှ ဝယ်ယူသူ (၆၀) ရာခိုင်နှုန်းရှိကြောင်း၊ ESR ၏ e-commerce စီးပွားရေးလုပ်ငန်း၏ (၉၉) ရာခိုင်နှုန်းမှာ ပြည်တွင်းစားသုံးမှု အပေါ် မှီခိုနေသောကြောင့် ဥရောပနိုင်ငံများနှင့် အမေရိကန်နိုင်ငံတို့တွင် Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့် စီးပွားရေးလုပ်ငန်းများနှေးကွေးသွားလိမ့်မည်ဟု မျှော်လင့်မထားကြောင်း၊  Covid-19 ကြောင့် တရုတ် နိုင်ငံ၏ စီးပွားရေးအပေါ် သက်ရောက်မှုများ ရှိခဲ့သော်လည်း ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်တွင် ESR ၏ လုပ်ငန်းအား (၁၁.၁) ရာခိုင်နှုန်း ငှားရမ်း လုပ်ကိုင် နေသည့် JD.com ၏ ဝင်ငွေမှာ (၁၀) ရာခိုင်နှုန်းမြင့်တက်ရန်မျှော်လင့်ထားကြောင်း၊ အာရှ‌‌‌ဒေသတွင် Covid-19 ကူးစက်ပျံ့နှံ့မှုကြောင့် ESR ၏  ကုန်သွယ်ရေး စီးဆင်းမှုပုံစံ ပြောင်းလဲနိုင်ကြောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ဖြည့်စည်းရန် ကုန်ပစ္စည်းများအရန်ထားကာ ပိုမိုသိုလှောင်ထားနိုင်ရန်အတွက် နေရာလိုအပ်ပြီး အချိန်မီဖြန့်ဖြူးပေးပို့သည့်စနစ်( Just-in Time Delivery model) အား အသုံးပြုရန် ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း၊ ESR ကုမ္ပဏီသည် ဟောင်ကောင်ဒေသ၌ သာမက တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ ဩစတြေးလျှ နှင့် အိန္ဒိယနိုင်ငံတို့၌လည်း ပို့ဆောင်ရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း၊ ESR ကုမ္ပဏီမှ အင်ဒိုနီးရှားနှင့် ဗီယက်နမ် နိုင်ငံတို့၌ ပို့ဆောင်ရေးလုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျှက်ရှိကြောင်း ၂၃-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Hong Kong-listed ESR Cayman posts revenue rise, says e-commerce logistics property to grow thanks to pandemic” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)