China (HongKong)

Peninsula ဟိုတယ်လ်များပိုင်ရှင်အနေဖြင့် ပထမလေးလပတ် လုပ်ငန်းလုပ်ဆောင်မှုများ ဆုံးရှုံးမှုများရှိနေခြင်း

Last Updated:

ဟောင်ကောင်ဟိုတယ်လ်နှင့် ရှန်ဂီလာဟိုတယ်လ်များအပါအဝင် ကမ္ဘာအနှံ့တွင် ဟိုတယ်လ်လုပ်ငန်းများ ပိုင်ဆိုင်ထားသည့် Peninsual ဟိုတယ်လ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ပျံ့နှံ့မှုကြောင့် ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းများ လျော့ကျမှုကြောင့် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလ ပတ်အတွင်း ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရကြောင်း၊ စတော့ရှယ်ယာဈေးကွက်များ ပိတ်ထားမှုကြောင့် လုပ်ငန်းများ ဆောင်ရွက်မှုတွင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရကြောင်း၊ ၂-၂-၂၀၂၀ ရက်နေ့ အထိ စာရင်းအရ (၂၁) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ယခုအချိန်သည် စိုးရိမ်ဖွယ်ကောင်းသည့် အနေအထားတွင်ရှိကြောင်း၊ သို့ဖြစ်ရာ ဝန်ထမ်းများအတွက် အလုပ်အကိုင် များ ဆက်လက်ထိန်းသိမ်းထားရန်မှာ အဓိက ဦးစားပေးအချက်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဇွန်လအထိ ဝန်ထမ်း (၇၅၀၀) ဦးရှိကြောင်း၊ Peninsual ဟိုတယ်လ် (၁၀ ) ခုအား ကမ္ဘာအနှံ့တွင် ပိုင်ဆိုင်ထားကြောင်း ၊ အာရှတွင် (၆)ခု၊ ဥရောပတွင် (၁) ခုနှင့် အမေရိကန် ပြည်ထောင်စုတွင် (၃) ခု ပိုင်ဆိုင်ထားပြီး၊ လန်ဒန်၊ အစ္စတန်ဘူးလ် နှင့် ရန်ကုန်တွင်လည်း ဆောက် လုပ်လျှက်ရှိကြောင်း၊ ဝင်ငွေ (၅) ရာခိုင်နှုန်း၊ ဟောင်ကောင်‌ဒေါ်လာအားဖြင့် (၅.၈၇) ဘီလီယံ ကျဆင်းခဲ့ကြောင်း၊ ကုမ္ပဏီရှယ်ယာ ဈေးနှုန်းမှာ ၂၀၁၉ ခုနှစ်က (၂၄) ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ယခုနှစ်တွင် ထပ်မံ၍ (၁၆) ရာခိုင်နှုန်း ပိုမို ကျဆင်းနိုင်ကြောင်း၊ ၂၀၁၉ ခုနှစ်က ‌ဟောင်ကောင် ဟိုတယ်လ် ၏ ဝင်ငွေမှာ ဟောင်ကောင် ဒေါ်လာ (၁.၁) ဘီလီယံ ရရှိရာ အကြီးမားဆုံး စီးပွားရေးလုပ်ငန်း ဖြစ်ခဲ့ပြီး တိုကျိုရှိ ဟိုတယ်လ်မှ ဟောင်ကောင်ဒေါ်လာ (၈၇၆) မီလီယံဖြင့် ဒုတိယအကြီးမားဆုံးလုပ်ငန်း ဖြစ်ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဖေဖေါ်ဝါရီလ ဝင်ငွေအရ ပထမနှစ်ဝက်အတွင်း အမြတ်ရရှိမှုအပေါ် ပြင်းထန်စွာ ရိုက်ခတ်နေမည် ဖြစ်ပြီး အသားတင်အမြတ်မှာလဲ သိသာစွာနည်းပါးနေမည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပေကျင်း၊ ရှန်ဟိုင်းနှင့် ဟောင်ကောင်ရှိ ဟိုတယ်လ်များ၊ အရောင်းဆိုင်များနှင့် စားသောက်ဆိုင်များတွင် သုံးစွဲမှုများအား ပြင်းထန်စွာရိုက်ခတ်မှုကြောင့် အလုပ်နေရာများမှာ သိသာစွာကျဆင်းနေမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသတွင် အစိုးရဆန့်ကျင် ဆန္ဒပြမှုများ ဖြစ်ပွားမှုနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ခရီးသွားလုပ်ငန်းများနှင့် ဒေသတွင်း ဝယ်ယူစားသုံးမှုများအပေါ် ပြင်းထန်စွာ ရိုက်ခတ်မှုများရှိသောကြောင့် ခရီးသွားလုပ်ငန်းနှင့် ဟိုတယ်လ်လုပ်ငန်းများအတွက် ကြီးမားသည့် ဖိအားများ ဖြစ်ပေါ်လျှက်ရှိပြီး ဟောင်ကောင်ဒေသအတွက် ဆယ်စုနှစ်တစ်စုအတွင်း ပထမဆုံးစီးပွားရေးကျဆင်းမှုဖြစ်ကြောင်း ၁၇-၃-၂၀၂၀ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ “Peninsula owner faces first-quarter operating loss”  ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွာရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)