China (HongKong)

KFC အရောင်းဆိုင် Yum China ဟောင်ကောင်ဒေသ၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံရန် အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားခြင်း

Last Updated:

တရုတ်ပြည်မကြီး၌ လူကြိုက်များသည့် KFC ၊ Pizza Hut နှင့် Taco Bell များရောင်းချ လုပ်ကိုင်သည့် Yum China သည် ဟောင်ကောင်ဒေသ၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံရန် ဟောင်ကောင်‌ဒေါ်လာ (၁၇.၃) ဘီလီယံ (အမေရိကန်ဒေါ်လာအားဖြင့် ၂.၂ ဘီလီယံ) တိုးမြှင့် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ JD.com နှင့် NetEase ပြီးလျှင် Yum China သည် ဟောင်ကောင်ဒေသ၌ တတိယအများဆုံးရင်းနှီးမြှုပ်နှံသူ ဖြစ်နိုင်ကြောင်း၊ Yum China သည် လွန်ခဲ့သော (၄) နှစ်က စတင်၍ တရုတ်ပြည်မကြီးရှိ မြို့ကြီး (၁၄၀၀) မြို့၌ စားသောက်ဆိုင် (၁၀,၀၀၀) ဆိုင် ဖွင့်လှစ်လုပ်ကိုင်လျက်ရှိကြောင်း၊ Yum China သည် ဒစ်ဂျစ်တယ်လ်စနစ်ဖြင့် ဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ ဒုတိယလေးလပတ်တွင် KFC စားသောက်ဆိုင်များမှ ဒစ်ဂျစ်တယ်လ် စနစ်အသုံးပြုမှာယူမှု (၈၆) ရာခိုင်နှုန်းရှိခဲ့ကြောင်း၊၂၀၂၀ ပြည့်နှစ်၊ ဇွန်လကုန်တွင် စားသောက်ဆိုင် (၉၉) ရာခိုင်နှုန်းကို ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း၊ ပေကျင်းနှင့် ဝါရှင်တန် တို့အကြား ကုန်သွယ်ရေးတင်းမာမှုများကြောင့် အမေရိကန် နိုင်ငံစာရင်းဝင် တရုတ်လုပ်ငန်း များအနေဖြင့် ဟောင်ကောင်ဒေသ၌ ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံလာရန်စဉ်းစားလာကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Chad Bray က “ KFC Operator Yum China expected to raise US$ 2.2. billion in secondary listing in Hong Kong” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)