China (HongKong)

International News တရုတ်နိုင်ငံတွင်ကူးသန်းသွားလာမှုများ ပိတ်ဆို့ခဲ့ပြီးနောက် နိုင်ငံ၏စီးပွားရေးတွင် လျှပ်စစ်၊ ကျောက်မီးသွေးနှင့် သယ်ယူပို့ဆောင်မှုများ ပြန်လည်ကောင်းမွန်လာခြင်း

Last Updated:

တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်ပျံ့နှံ့မှု ဖြစ်ပွားပြီးနောက် စက်ရုံများတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ပုံမှန်ပြန်လည်လုပ်ကိုင်မှုတိုးတက်လာရာ ခရီးသွားလာမှုများ၊ ဆိပ်ကမ်းများ၊ ကားရောင်းချရမှုများ၊ ကျောက်မီးသွေး၊လျှပ်စစ်များ သုံးစွဲမှုများ တိုးတက်မှုများရှိကြောင်း၊ သို့သော် စီးပွားရေး ပြန်လည် တိုးတက်မှုနှုန်းမှာ ကြာရှည်နေမည်ဖြစ်ပြီး မျှော်လင့်ထားသည်ထက် နှေးကွေးနေမည်ဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများတွင် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု စတင်ဖြစ်ပွားလျှက်ရှိပြီး တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား ထိန်းချုပ်နိုင်သည့် အနေအထားတွင် ရှိနေသောကြောင့် တရုတ်၏ စီးပွားရေးမှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ကြောင်း၊ သို့သော် အပြည့်အဝပြန်လည် ကောင်းမွန်ရန် အချိန်ကြာမြင့်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီလတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ လက်လီရောင်းချမှုများနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၌ ကျဆင်းခဲ့ကြောင်း၊ သို့သော် မတ်လတွင် လျှပ်စစ်သုံးစွဲမှုများ မြင့်တက်လာသည်မှာ စက်ရုံများမှ ထုတ်လုပ်မှု အတွက် လျှပ်စစ်သုံးစွဲမှု မြင့်တက်လာခြင်းဖြစ်နိုင်ကြောင်း၊ ၁၆-၃-၂၀၂၀ ရက်နေ့ တွင် စွမ်းအင် (၁၇.၈) ဘီလီယံ၊ ကျောက်မီးသွေး (၇၆) ရာခိုင်နှုန်း အသီးသီးသုံးစွဲခဲ့ကြောင်း၊ မော်တော်ယာဉ် ရောင်းချမှုနှင့် ဆိပ်ကမ်းများ၌ လုပ်ငန်းဆောင်ရွက်မှုများ မြင့်တက်ခဲ့ ကြောင်း၊ ဟူပေပြည်နယ်ပြင်ပရှိ ကုမ္ပဏီကြီး (၉၅) ရာခိုင်နှုန်းနှင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (၆၀) ရာခိုင်နှုန်းမှာ စီးပွား‌ရေးလုပ်ငန်းများ ပြန်လည်စတင်လုပ်ကိုင်နေပြီဟု တရုတ်အစိုးရမှ ခန့်မှန်းကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ‌(၂၀၀) ကျော်မှ တစ်ဝက်ခန့်မှာ လုပ်ငန်းများပြန်လည် စတင် လုပ်ကိုင်နေပြီဖြစ်ကြောင်း၊ သို့သော်လူများတစ်ဦးနှင့်တစ်ဦး တစ်မီတာအကွာခန့်တွင် နေထိုင်ရန် လိုအပ်သောကြောင့် စက်ရုံအများစုမှာ အလုပ်သမားများအား လုပ်ငန်းခွင်သို့ မလာရောက်ရန်ပြောကြားထားကြောင်း၊ ပြည်နယ်အစိုးရများအနေဖြင့် ဗိုင်းရပ်စ်ကူးစက်မှုမရှိစေရန် ပထမဦးစားပေးဖြစ်ပြီး၊ လုပ်ငန်းပြန်လည် စတင်ရန်မှာ ဒုတိယအနေဖြင့် ‌ဆောင်ရွက်လျှက်ရှိကြောင်း၊ ဗိုင်းရပ်စ်ကူးစက်မှုမှ ကာကွယ်ရန် နယ်နိမိတ်များ တားဆီးပိတ်ပင်ခြင်း၊ ဒေသတွင်းနှင့် ပြည်ပမှ ဝယ်လိုအားများနည်းခြင်း အစရှိသည့် အခက်အခဲများနှင့် တရုတ်နိုင်ငံအနေဖြင့် ရင်ဆိုင်နေရကြောင်း ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာတွင် “China’s economic emergence from lockdown continues with electricity, coal, transport gains” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားသည့် သတင်းအား တင်ပြအပ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

 

Category: China (HongKong)