China (HongKong)

HSBC နှင့် STANCHART ဘဏ်တို့အား ဟောင်ကောင်ဒေသမှ ကြိုဆိုလျှက်ရှိခြင်း

Last Updated:

HSBC နှင့် Standard Chartered ဘဏ်များအနေဖြင့် ရုံးချုပ်ကို ဟောင်ကောင်ဒေသသို့ ပြောင်းရွှေ့လာလျှင် ဟောင်ကောင်ဒေသ အနေဖြင့်ကြိုဆိုပါကြောင်း၊ HSBC နှင့် Standard Chartered ဘဏ်တို့သည် ဟောင်ကောင်နှင့် အာရှဒေသတွင် ဘဏ်လုပ်ငန်းအများအပြား လုပ်ကိုင်လျက်ရှိပါကြောင်း၊ ဟောင်ကောင်ဒေသ၏ စီးပွားရေးအခွင့်အလမ်းများနှင့် စည်းမျည်းစည်းကမ်းများမှာ ကောင်းမွန်ကြောင်း၊ HSBC ဘဏ်သည် COVID-19 ဖြစ်ပွားမှုကြောင့် SMEs လုပ်ငန်းများအား ပံ့ပိုး နိုင်ရန် ၂၀၁၉ ခုနှစ်၊ စတုတ္ထလေးလပတ်အတွက်နှင့် ၂၀၂၀ ပြည့်နှစ် တတိယလေးလပတ်အထိ ရှယ်ယာရှင်များအားအမြတ်ခွဲဝေပေးမှုအား ပယ်ဖျက်မည်ဟု လန်ဒန် အခြေစိုက်ရှယ်ယာရှင်မှ ပြောကြားခဲ့ကြောင်း၊ သို့သော် ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့ (Hong Kong Monetary Authority –HKMA) ကပြောကြားရာတွင် ဟောင်ကောင်ဒေသရှိ ဘဏ်များမှာ ငွေကြေးလည်ပတ်မှုကောင်းမွန်စွာရှိသောကြောင့် ရှယ်ယာရှင်များအား အမြတ်ခွဲဝေပေးမှုအား ရပ်ဆိုင်းထားမည် မဟုတ် ကြောင်း၊ ငွေကြေးစင်တာဖြစ်သည့် ဟောင်ကောင် ဒေသအနေဖြင့် ပြန်လည်တိုးတက်မှုများ ရှိလာမည်ကို HSBC ဘဏ်အနေဖြင့် ယုံကြည်မှုရှိ ကြောင်း၊ ဟောင်ကောင်ဒေသ ဆက်လက်ဖွံ့ဖြိုးတိုးတက်ရန်အတွက်  ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၌ ကြီးမားသည့် ငွေကြေး‌ဈေးကွက်ရှိပြီး ၂၀၁၉ ခုနှစ်က အာရှမှ ဝင်ငွေရရှိမှု၏ (၄၉) ရာခိုင်နှုန်းမှာ ဟောင်ကောင်ဒေသမှဖြစ်ကြောင်း၊ HSBC ဘဏ်ကို ဟောင်ကောင်ဒေသ၌ ၁၈၆၅ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ဗြိတိန်တွင် လုပ်ငန်းချဲ့ထွင်ရန် Midland Bank အား ဝယ်ယူခဲ့ပြီးနောက် ၁၉၉၃ ခုနှစ်တွင် ရုံးချုပ်အား လန်ဒန်သို့ ပြောင်းရွှေ့ခဲ့ ကြောင်း၊ ယခုအခါ ရှယ်ယာရှင်များ အတွက် အမြတ်ငွေခွဲဝေပေးမှုများ အဆင်ပြေစေရန် ငွေကြေးလည်ပတ်စီးဆင်းမှု ကောင်းမွန်သည့် ဟောင်ကောင်ဒေသသို့ HSBC  ဘဏ်ကို ရုံးချုပ်ပြန်လည် ရွှေ့ပြောင်းလာစေရန် ရှယ်ယာရင်းနှီးမြှုပ်နှံထားသူများက မဲဆွယ်မှုများ ပြုလုပ်နေမည်ဖြစ် ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၄ ရက်နေ့ထုတ် South China Morning Post  သတင်းစာ၌ Enoch Yiu က “ HK Home ‘Welcome’ for HSBS and STANCHART” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)