China (HongKong)

HKEX သည် ဇီဝနည်းပညာကဏ္ဍ၏ ထိပ်တန်းစာရင်းဝင် NASDAQ ကို ကျော်ဖြတ်သွားနိုင်ခြင်း

Last Updated:

HKEX သည် ဇီဝနည်းပညာ စ‌တော့ရှယ်ယာများ ရောင်းဝယ်လုပ်ကိုင်သည့် စင်တာဖြစ် ည့် NASDAQ ကို နောင်လာမည့် (၅) နှစ် သို့မဟုတ် (၁၀) နှစ်အတွင်း ကျော်လွန်ကာ နံပါတ် (၁) နေရာသို့ ရောက်နိုင်ကြောင်း၊ တရုတ်ပြည်မကြီးသည်လည်း ဇီဝနည်းပညာပိုင်းတွင် အင်အားကြီး ဒေသတစ်ခု စ်လာနိုင်ကြောင်း၊ တရုတ်ပြည်မကြီးသည် ၂၀၁၈ ခုနှစ်တွင် ကမ္ဘာ့ဒုတိယအကြီးဆုံး ဇီဝဆေးဝါးဈေးကွက် ဖြစ်ခဲ့ကြောင်း၊ အနာဂတ်တွင် ဟောင်ကောင်သည် ဇီဝဆေးပညာဆိုင်ရာ စင်တာဖြစ်နိုင်သည့် အလားအလာရှိကြောင်း၊ Hang Seng Indexes Company မှလည်း ဆေးဝါး လုပ်ငန်းအဖွဲ့ဝင် (၄၂) ဖွဲ့ပါဝင်သည့်  Hang Seng Hong Kong- listed Biotech Index ကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာက စတင်လုပ်ကိုင်ခဲ့ရာ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် အဖွဲ့ဝင် (၄၂) ဖွဲ့ ပါဝင်ကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် Hang Seng Indexes တွင် လုပ်ငန်း (၉) ခု ထပ်မံပါဝင်လာပြီး စုစုပေါင်းကုမ္ပဏီ (၄၈၅) ခု ပါဝင်လာကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Eric Ng က “ HKEX ‘Will Surpass NASDAQ’ As King of Biotech Listings” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)