China (HongKong)

Covid-19 ကမ္ဘာ့ကပ်ရောဂါကြောင့် ဟောင်ကောင်ဒေသ၏ အထင်ကရလေကြောင်းလိုင်း ဖြစ်သည့် Cathay Pacific မှ (၄) ရာခိုင်နှုန်းသာ ပြေးဆွဲတော့မည်ဖြစ်ပြီး HK Express မှ လေကြောင်းလိုင်းများ ရပ်တန့်လိုက်ရခြင်း

Last Updated:

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ အထင်ကရလေကြောင်းလိုင်းဖြစ်သည့် Cathay Pacific လေကြောင်းလိုင်းသည် ခရီးသွားများ (၉၆) ရာခိုင်နှုန်းထိ လျော့နည်းလာသောကြောင့် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလအတွင်း London Heathrow ၊ Los Angeles ၊ Vancouver ၊ Tokyo Narita ၊ Taipei ၊ New Delhi ၊ Bangkok ၊ Jakarta ၊  Manila ၊ Ho Chi Minh City ၊ Singapore နှင့် Sydney အစရှိသည့် ‌ဒေသ (၁၂) ခုသို့သာ တစ်ပတ်လျှင် (၃) ကြိမ် ပြေးဆွဲသွားမည်ဖြစ် ကြောင်း၊ HK Express သည် ၂၃-၃-၂၀၂၀ ရက်နေ့မှ စတင်၍ လုပ်ငန်းများ ရပ်တန့်ရ မည်ဖြစ်ကြောင်း၊ အဆိုပါလေကြောင်းလိုင်း (၂) လိုင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုကြောင့် ခရီးသွားကန့်သတ်ချက်များ ခရီးသွားများ လာရောက်မှု လျော့နည်းပြီး ပြင်းထန်စွာရိုက်ခတ်မှု များခံနေရကြောင်း၊ Cathay Pacific သည် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလနှင့် မေလအတွင်း (၄) ရာခိုင်နှုန်းသာ လုပ်ငန်းဆောင်ရွက်သွားမည်ဖြစ်ပြီး၊ HK Express သည်၂၀၂၀ ပြည့်နှစ်၊ဧပြီလကုန် အထိ (၅) ပတ်ကြာ လုပ်ငန်းရပ်ဆိုင်းထားမည်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေး ပိုင်ဆိုင်ရာ အကြပ်အတည်းများအကြားတွင် လုပ်ငန်းများ  ရပ်တန့်လိုက်သည့် ဟောင်ကောင်၏ ပထမဆုံး လေကြောင်းလိုင်းဖြစ်ကြောင်း၊ အဆိုပါ လေကြောင်းလိုင်းမှာ ကမ္ဘာတစ်ဝန်းတွင် လုပ်ငန်းပေါင်း (၄၅) ခု ကျော်အားလုပ်ကိုင်နေသည့် လုပ်ငန်းဖြစ်ပြီး လတ်တလောဝန်ဆောင်မှုလုပ်ငန်းများ ရပ်တန့်လိုက်ရခြင်းဖြစ်ကြောင်း၊ လတ်တလောတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရပြီး ငွေကြေးအခြေအနေမှာလည်း အရေးကြီးလျှက်ရှိပြီး ၎င်းတို့အဖွဲ့အနေဖြင့် အတူတကွ လက်တွဲ ဆောင်ရွက်နေရမည်ဖြစ်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားချိန်ကတည်းက အာရှဒေသတစ်ဝန်းသို့ ပြေးဆွဲလျှက်ရှိသည့် လမ်းကြောင်း (၂၅) ခုတွင် (၂၃) ခုကို ပြေးဆွဲမှုရပ်တန့်ပြီး ဈေးနှုန်းနိမ့်သည့် လေကြောင်း (၂၀၀၀) လိုင်းအား ပယ်ဖျက်ခဲ့ကြောင်း၊ ယခင်က တစ်နေ့လျှင် ဟောင်ကောင်မှ လေကြောင်းလိုင်း (၃၄) လိုင်းပြေးဆွဲကြောင်း၊ ပြီးခဲ့သည့် အပတ်က ဂျပန်နိုင်ငံမှ ခရီးသွားလာမှု တားမြစ်ကန့်သတ်ချက်များ ထုတ်ပြန်ပြီးနောက် လေကြောင်းလိုင်းပြေးဆွဲမှု အရေအတွက်များ သိသိသာသာ ကျဆင်းခဲ့ရာ လေကြောင်းလိုင်း၏ ဘတ်ဂျတ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့ကြောင်း၊ Cathay Dragon သည် Beijing ၊ Shanghai Pudong နှင့် Kuala Lumpur တို့သို့တစ်ပတ်လျှင်(၃) ကြိမ်ပြေးဆွဲမည်ဖြစ်ကြောင်း၊ ဟောင်ကောင်၏ အထင်ကရ လေကြောင်းလိုင်းဖြစ်သည့် Cathay Pacific လေကြောင်းလိုင်းမှ ပြောကြားရာတွင် အရေးကြီးသည့် ခရီးသည်များနှင့် ကုန်ပစ္စည်းများ ဝင်ထွက်သွားလာ ချိတ်ဆက်နိုင်ရန် လေကြောင်းလိုင်းများ ဆက်လက်ဖွင့် ထားသင့်ကြောင်း၊ ကမ္ဘာအနှံ့တွင် ခရီးသွားများ ကန့်သတ်မှုများကြောင့် ခရီးသွားများအတွက် အခက်အခဲများဖြစ်စေပြီး ခရီးသွားများလျော့ကျမှု ပိုများလာကြောင်း ၂၀-၃-၂၀၂၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Hong Kong flagship airline Cathay Pacific to operate 4 percent of services, while HK Express suspends flight operations amid Covid-19 Pandemic” ခေါင်းစဉ်ဖြင့် ရေးသား ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)