China(Nanning)

Covid-19 ကပ်ရောဂါက တရုတ်နိုင်ငံသို့ ဖိလစ်ပိုင်ဒူးရင်းသီး တင်ပို့မှုအား နှောင့်နှေးစေခဲ့

Last Updated:

ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားမှုက ဖိလစ်ပိုင်နိုင်ငံမှ ဒူးရင်းသီးစိုက်ပျိုးသူများအား တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေးအတွက် ပို့ကုန်လက်မှတ်ရရှိရေး တွန်းအားပေးနေမှုများကို နှောင့်နှေးစေခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံ၊  Davao ဒေသရှိ ဒူးရင်းသီးစိုက်ပျိုးသူများက တရုတ်နိုင်ငံသို့ ဒူးရင်းသီးတင်ပို့ရန် လိုအပ်သည့် ကောင်းမွန်သော စိုက်ပျိုးရေးကျင့်စဉ်အသိအမှတ်ပြု လက်မှတ် (GAP) အား ရရှိရန်အသင့် ဖြစ်နေကြပြီး စိတ်အားထက်သန်လျက်ရှိကြပါသည်။   ထိုသို့ ရရှိရန်အတွက် တရုတ်နိုင်ငံမှ ကိုယ်စားလှယ်တစ်ဉီးက ယခုနှစ် ဧပြီလတွင် လာရောက်စစ်ဆေးရန် ရည်ရွယ်ခဲ့ပါသည်။

Covid-19 မတိုင်မီ Davao City Durian Industry Council (DCDIC) က ဒူးရင်း သီးစိုက်ပျိုးသူအချို့နှင့် အဖွဲ့ဝင်အချို့အား ၎င်းတို့ ၏ ဉယျာဉ်ခြံအား GAP လက်မှတ်ရရှိထားရန် အရေးပါပုံကို ပညာပေးမှုများပြုလုပ်ခဲ့ပါသည်။

တရုတ်၏ စိုက်ပျိုးရေးသံမှူးမှ ပြောကြားချက်အရ ဖိလစ်ပိုင်နိုင်ငံမှ ဆောင်ရွက်သော ခရီးသွားလာရေးကန့်သတ်မှုများကြောင့် ဉယျာဉ်များဆီသို့ သွားရောက်မှုကို သြဂုတ်လသို့ ဆိုင်းငံ့ထားခဲ့ပြီး နောက်ပိုင်းတွင် ဆိုင်းငံ့မှုအား (၂၀၂၁) ခုနှစ်တိုင်အောင် ရွှေ့ဆိုင်းထားရကြောင်း သိရပါသည်။

DCDIC တွင် အနည်းဆုံး ဒူးရင်းပင် (၁၀) ပင် စိုက်ပျိုးထားသည့် အသေးစား ဉယျာဉ်ပိုင်ရှင်များ အပါအဝင် အဖွဲ့ဝင် (၅၀) ခန့်ရှိပြီး အများစုမှာ Davao မြို့တော်တွင် တည်ရှိပါသည်။   

အသေးစားစိုက်ပျိုးသူများမှာ တစ်ဟက်တာလျှင် (၇) တန်ခန့် ထုတ်လုပ်နိုင်ပြီး၊ အကြီးစားစိုက်ပျိုးသူများမှာ တစ်ဟက်တာလျှင် တန်ချိန် (၂၀) ခန့် ထုတ်လုပ်နိုင်ပါသည်။

ယခုနှစ်ရာသီတွင် ခူးဆွတ်မှုကောင်းမွန်မည်ဟုခန့်မှန်းပြီး အထွွက်နှုန်းအများဆုံးကာလမှာ စက်တင်ဘာလလယ်မှ နှောင်းပိုင်း အထိဖြစ်ပါသည်။  Davao City Durian Industry Council (DCDIC) အုပ်စုမှာ ဖိလစ်ပိုင်စိုက်ပျိုးရေးဌာန၏ ပြည်နယ်ရုံးနှင့် ပူးပေါင်းဆောင်ရွက်ကာ ဖိလစ်ပိုင်၏ အဓိကမြို့တော်များဆီသို့ ဒူးရင်းသီးဖြန့်ဖြူးရေးအတွက် ကုန်စည်ပို့ဆောင်ပေးနေသည့် အုပ်စုလည်းဖြစ်ပါ သည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ http://www.fruitnet.com (၃၁-၈-၂၀၂၀)

Category: China(Nanning)