Singapore

COVID-19 ရောဂါဖြစ်ပွားနေစဉ် ကုန်ထုတ်လုပ်မှုကွင်းဆက် ပြတ်တောက်မှုမဖြစ်ပေါ်စေရေး အတွက် မြန်မာ၊ သြစတြေးလျ၊ ဘရူနိုင်း၊ ကနေဒါ၊ ချီလီ၊ နယူးဇီလန်နှင့် စင်ကာပူနိုင်ငံတို့က ပူးပေါင်းဆောင်ရွက်သွားမည်

Last Updated:

န်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ သြစတြေးလျနိုင်ငံ ကုန်သွယ်ရေး၊ ခရီးသွားလာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဘရူနိုင်း နိုင်ငံဝန်ကြီးချုပ်ရုံးနှင့် ဘဏ္ဍာရေးနှင့်စီးပွားရေးဝန်ကြီးဌာန၊ ကနေဒါနိုင်ငံအသေးစား စီးပွားရေးလုပ်ငန်း၊ ပို့ကုန်မြှင့်တင်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး ဝန်ကြီးဌာန၊ ချီလီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးနှင့် ပို့ကုန်မြှင့်တင်ရေးဝန်ကြီးဌာနနှင့် စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာနတို့၏ ဝန်ကြီးများက လက်ရှိ COVID-19 ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ထုတ်လုပ်မှုကွင်းဆက် (Supply Chain) ချိတ်ဆက်မှုအခြေအနေ ဆက်လက်တည်မြဲစေရေးအတွက် ပူးပေါင်း ဆောင်ရွက်သွားကြရန် ဝန်ကြီးများအဆင့် ပူးတွဲကြေညာချက်ကို ၂၅ -  ၃ - ၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ပူးတွဲကြေညာချက်တွင် ရောဂါဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ဆိုးရွားသောဖြစ်ရပ်တစ်ခု ဖြစ်ကြောင်း၊ COVID-19 ကို တိုက်ဖျက်နိုင်ရန် စုပေါင်းတွန်းလှန်မှု တစ်ခုအနေဖြင့် ကုန်ထုတ်လုပ်မှုကွင်းဆက်များ ချိတ်ဆက်မှုအခြေအနေ ဆက်လက်တည်မြဲမှုရှိစေရေး ကတိကဝတ်ပြုပါကြောင်း၊ ဤကာလ အတွင်း မရှိမဖြစ်သုံးစွဲရန်လိုအပ်သောကုန်ပစ္စည်းများ တင်သွင်းတင်ပို့ခြင်းအပေါ် သက်ရောက်မှုရှိပြီး ကုန်သွယ်ရေးပြတ်တောက်မှု ဖြစ်ပေါ်စေနိုင်သည့် ကိစ္စရပ်များကို အနီးကပ် ပူးပေါင်း၍ သတ်မှတ်ဖော်ထုတ်သွားကြမည်ဖြစ်ကြောင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် လေကြောင်းနှင့် ပင်လယ်ရေကြောင်း အပါအဝင် ကုန်သွယ်မှုလမ်းကြောင်းများကို ဆက်လက်ဖွင့်လှစ်ထားပြီး နှစ်ဘက်အကျိုးဖြစ်ထွန်း စေရေးအတွက် ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ ဤကာလအတွင်း အရေးပေါ်သုံးစွဲရန်လိုအပ်သောကုန်ပစ္စည်းများ အထူးသဖြင့် ဆေးဘက်ဆိုင်ရာပစ္စည်းများကုန်သွယ်မှုကို အဟန့်အတားဖြစ်ပေါ်စေသော အစီအမံများအား ဖယ်ရှားနိုင်ရန်၊ အကောက်ခွန်၊ အကောက်ခွန်မဟုတ်သောအတားအဆီးများနှင့် ပို့ကုန်ထိန်းချုပ်မှု အစီအမံများကို ရှောင်ရှားကြရန် အရေးကြီးသည်ကို လက်ခံပါကြောင်း၊ ကုန်သွယ်ရေးအခြေအနေ နှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ်စေရေး မိမိတို့သည် သဘောထား တူညီသော အခြားနိုင်ငံများ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားကြမည်ဖြစ်ပြီး၊ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကုန်ထုတ်လုပ် မှုကွင်းဆက် ဆက်လက်တည်မြဲမှုရှိစေရေး အထောက်အကူပြုပေးနိုင်စေရန်အတွက် မိမိတို့၏ လေဆိပ်နှင့် ဆိပ်ကမ်း ကဲ့သို့သော အဓိကကျသည့် အခြေခံအဆောက်အအုံများကို ဆက်လက် ဖွင့်လှစ်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ စင်ကာပူနိုင်ငံ)

သတင်းရင်းမြစ် ။    ။ Media Release, Ministry of Trade & Industry, Singapore

Category: Singapore