China (HongKong)

COVID-19 ကြောင့် ဒစ်ဂျစ်တယ်လ်ငွေပေးချေမှုများ အသုံးပြုလာရာ ဟောင်ကောင်၌ ငွေသားများအဓိကကိုင်ဆောင်သုံးစွဲမှုကို ထိခိုက်လာနိုင်ခြင်း

Last Updated:

COVID-19 ကြောင့် ငွေသားကိုင်ဆောင်သုံးစွဲရန် စိုးရိမ်ထိတ်လန့်လာမှုကြောင့်ဒစ်ဂျစ်တယ်လ် ငွေပေးချေမှုများပြားလာကြောင်း၊ အသက်အာမခံအတွက် ၂၀၂၀ပြည့်နှစ်၊ ပထမနှစ်ဝက်အတွင်း Bank of China ၏ အွန်လိုင်း ရောင်းချမှုများ(၆၀)ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ မှ ၂၀၂၀ ပြည့်နှစ်၊ မတ်လအထိ ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့ (Hong Kong Monetary Authority- HKMA) ၏ ဒစ်ဂျစ်တယ်လ် ငွေပေးချေမှုမှာ လည်း (၆၀) ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ၌ COVID-19 ကူးစက်မှုလျှော့ချနိုင်ရန် ဒေသ၌နေထိုင်သူများကို အွန်လိုင်းမှ ဝယ်ယူမှု၊ ဖုန်းဖြင့်ငွေပေးချေမှုများနှင့် အွန်လိုင်းမှ ငွေပေးချေမှုများ ပိုမိုအသုံး ပြုလာ ကာ ငွေသားကိုင်ဆောင်သုံးစွဲမှု ပပျောက်အောင် COVID-19 ကြောင့် ပိုမိုမြှင့်တင်ဆောင်ရွက်လာကြောင်း၊ e-commerce အသုံးပြုငွေလွှဲမှုများတွင် ဟောင်ကောင်ဒေသ၌ အများဆုံးအသုံးပြုသည့် Visa ကုမ္ပဏီမှ ငွေလွှဲ ပြောင်းမှုများမှာ ၂၀၂၀ ပြည့်နှစ်၊ နှစ်ဦးပိုင်းတွင် (၆၀) ရာခိုင်နှုန်းရှိရာမှ ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်တွင် (၇၀) ရာခိုင်နှုန်းရှိလာရာ (၁၀) ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ COVID-19 ဖြစ်ပွားသည့် ကာလအတွင်း လူအများ စုအား နေအိမ်များမှ အလုပ်လုပ်ကိုင်ခြင်းနှင့် ပြင်ပသို့ထွက်၍ ဈေးဝယ်ခြင်းများထက်နေအိမ်များမှ အွန်လိုင်းအသုံးပြု ဈေးဝယ်ခြင်းကြောင့် ငွေသား ကိုင်ဆောင် အသုံးပြုခြင်းထက် ဒဏ်ဂျစ်တယ်လ် ငွေပေးချေမှုများကို အများဆုံးအသုံးပြုလာကြောင်း၊ အာရှ-ပစိဖိတ်ဒေသအတွင်း အွန်လိုင်းငွေပေးချေမှုများကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း (၆၈၀၀) ဦးအား လေ့လာဆန်းစစ်ရာတွင် မလေးရှားနိုင်ငံမှ မိုဘိုင်းဖုန်းဖြင့် ငွေပေးချေမှု (၆၄) ရာခိုင်နှုန်း၊ ဟောင်ကောင်နှင့် ထိုင်ဝမ်ဒေသတို့၌ (၆၂) ရာခိုင်နှုန်းနှင့် အိန္ဒိယနိုင်ငံ၌ (၅၅) ရာခိုင်နှုန်း အသုံးပြုသည်ကို တွေ့ရှိရကြောင်း၊ ဟောင်ကောင်ဒေသ၌ ဘဏ် (၂၀) ခုကို အသုံးပြု ကာ Faster Payment System(FPS) အီလက်ထရောနစ် ငွေလွှဲပြောင်းမှုကို အသုံးပြုသူ (၄.၆) မီလီယံရှိရာ ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်အတွင်းအသုံးပြုသူဦးရေ ရုတ်တရက်မြင့်တက်လာကြောင်း၊ နေ့စဉ် FPS အသုံးပြု ငွေလွှဲပြောင်းမှုမှာ မတ်လတွင် (၂၆၇,၀၀၀) ခုရှိရာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် (၆၀) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ စတုတ္ထ လေးလပတ်နှင့် နှိုင်းယှဉ်လျှင် ၂၀၂၀ ပြည့်နှစ်၊ ပထမလေးလပတ်အတွင်း (၃၀) ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၄ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Enoch Yiu က “ Hong Kong’s days of ‘cash is king’ may be in peril as fears of Covis-19 infectio boost digital payments” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)