Thailand

၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံအနေဖြင့် အာဆီယံလျှပ်စစ်မော်တော်ယာဉ် (EV Hub ) ဗဟိုအချက်အခြာ ဖြစ်ပေါ်လာစေရေးလမ်းပြမြေပုံ

Last Updated:

အချို့သောဝေဖန်သူများကထိုင်းနိုင်ငံ၏ ပြီးပြည့်စုံသောလျှပ်စစ်မော်တော်ကားဂေဟစနစ် (Ecosystem) ကို ဖန်တီးရန်စွမ်းရည်အပေါ် သံသဃရှိနေဆဲမှာပင် အစိုးရ အနေဖြင့် ဝယ်လိုအားမြှင့်တင်နိုင်ရန် အစိုးရ၏အစီအမံများမှတစ်ဆင့် အာဆီယံ၏ လျှပ်စစ်မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားအချက်အခြာ (Hub of Asean) အဖြစ် (၅)နှစ်အတွင်း ပြောင်းလဲစေရေး အတွက် စီမံချက်များကို ထုတ်ဖေါ်ကြေငြာခဲ့ပါသည်။

အစိုးရအနေဖြင့် အေဂျင်စီများမှတစ်ဆင့် လျှပ်စစ်မော်တော်ယာဉ် EVs များကို တိုးမြှင့်ဆောင်ရွက်သွားရန်လမ်းပြမြေပုံကို ရေးဆွဲထားရှိပြီး ၂၀၂၅ ခုနှစ်တွင် လျှပ်စစ်မော်တော်ကား EVs (၂၅၀,၀၀၀)၊ အများသုံးလျှပ်စစ်ဘတ်စ်ကား (၃,၀၀၀) နှင့် လျှပ်စစ်မော်တော်ဆိုင်ကယ် (၅၃,၀၀၀) ကို ထုတ်လုပ်သွားရန် ရည်မှန်းထားခဲ့ပါသည်။

ဒုတိယဝန်ကြီးချုပ် ဆုန်ကစ်က အစိုးရအနေဖြင့် မျိုးဆက်သစ်မော်တော်ယာဉ် ထုတ်လုပ်ရေး ဗဟိုစင်တာ(the centre of new Generation of auto manufacturing) အဖြစ်ထိုင်းနိုင်ငံကို အဆင့်မြှင့်တင်လိုကြောင်းပြောကြားခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့သည် ထုတ်လုပ်မှုကိုပိုမိုဆွဲဆောင်မှုရှိစေရန် ကားနှင့် ကားပစ္စည်း အစိတ်အပိုင်းထုတ်လုပ်သူများအတွက် လျှပ်စစ်မော်တော်ယာဉ် EV ဆိုင်ရာ အခွင့်ထူးများကို ပြန်လည်သုံးသပ်သင့်ကြောင်း မစ္စတာဆုန်ကစ်ကပြောကြားခဲ့ပါသည်။

မတ်လတွင်အစိုးရသည် လျှပ်စစ်မော်တော်ယာဉ် EV အမျိုးအစား (၃) မျိုးဖြစ်သော Hybrid၊ plug-in၊ Hybrid and Battery-powered ကားများအတွက် ကားနှင့်ကား အစိတ်အပိုင်းများထုတ်လုပ်သူများအတွက် လျှပ်စစ်မော်တော်ယာဉ် EV မြှင့်တင်ခြင်းဆိုင်ရာ အခွင့်အရေးများကို စတင်မိတ်ဆက်ပေးခဲ့ပါသည်။ အဆိုပါ အထူး အခွင့်အရေးများတွင် (၅ နှစ်မှ ၈နှစ်)အထိ အခွန်ကင်းလွတ်ခွင့် (Tax Holidays ) များနှင့် ကားနှင့်စက်ပစ္စည်းများတင်သွင်းခြင်းအတွက် သွင်းကုန်အခွန်ကင်းလွတ်ခွင့် ( Import Duty Exemptions for cars and machinery) များပါဝင်ပါသည်။

အစိုးရအနေဖြင့် တိုင်းပြည်၏ လျှပ်စစ်မော်တော်ယာဉ် EV ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်ကို မြှင့်တင်ရန်နှင့် ဈေးကွက်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရောင်းမြှင့်တင်နိုင်မည့်နည်းလမ်းများအား ဆွေးနွေးနိုင်ရန် အမျိုးသားမျိုးဆက်သစ် မော်တော်ယာဉ် ကော်မတီ နှင့်အတူ ယမန်နေ့ (၁၁.၃.၂၀၂၀ ရက်နေ့)က အစည်းအဝေးကျင်းပခဲ့ပါသည်။

စက်မှုဝန်ကြီး Suriya Juangroongruangkit က လျှပ်စစ်မော်တော်ယာဉ် master plan သည်  နှစ်စဉ်မော်တော်ကားထုတ်လုပ်မှု၏ (၃၀%) အား လျှပ်စစ်မော်တော် ယာဉ် EV ထုတ်လုပ်မှုအဖြစ် တိုးမြှင့်ထုတ်လုပ်သွားရန် (သို့မဟုတ်)၂၀၃၀ ခုနှစ်တွင် စုစုပေါင်းကားအစီးရေ (၂.၅) သန်း အနက် (၇၅,၀၀၀) စီး တိုးမြှင့်ထုတ်လုပ် သွားရန် ရည်ရွယ်ထားကြောင်းပြောကြားခဲ့ပါသည်။

စက်မှုဝန်ကြီးဌာနအနေဖြင့် ၎င်းတို့၏ မော်တော်ဆိုင်ကယ်အဟောင်းကိုယူလာအပ်နှံပြီး လျှပ်စစ်မော်တော်ဆိုင်ကယ်အသစ်ကို ဝယ်ယူလိုသူများအတွက်  (၃) နှစ်တာကာလ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်ရောင်းဝယ်ရေးအစီအစဉ်ကို စတင် မိတ်ဆက်ရန်စီစဉ်နေပါသည်။ အစိုးရအနေဖြင့် ကြိုတင်စီမံထားသော ဘတ် ဂျက်ငွေဘတ်သန်း (၇၅၀) ထဲမှ မော်တော်ဆိုင်ကယ် တစ်စီးလျှင်ဘတ်ငွေ (၁၅,၀၀၀) ကို ထောက်ပံ့ပေးရန်စီစဉ်ထားပါသည်။

အစိုးရအနေဖြင့် မော်တော်ဆိုင်ကယ်တက္ကစီဆွဲစားသူများ၊ ပြည်တွင်းဘဏ္ဍာရေး ထောက်ပံ့သည့်လုပ်ငန်းရှင်များနှင့်အတူ စီမံကိန်းကို ရှေ့ဆက်လက် ဆောင်ရွက်နိုင် ရေးတွေ့ဆုံစကားပြောကြားရန်စီစဉ်လျှက်ရှိနေပါသည်။

ဝန်ကြီးဌာနအနေဖြင့် S-Curve မူဝါဒအောက်ရှိ ဉီးတည်ပစ်မှတ်ထားသည့် လုပ်ငန်းကဏ္ဍတစ်ခုအဖြစ် မြှင့်တင်ဆောင်ရွက်နေခြင်းကြောင့် လျှပ်စစ်မော်တော်ယာဉ် မူဝါဒများကို အရှိန်တိုးမြှင့်ဆောင်ရွက်ရန်သဘောတူခဲ့ပါသည်။ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့ အနေဖြင့် Toyota၊ Honda၊ Nissan၊ Mazda၊  Mercedes-Benz၊  BMW၊  SAIC၊ Motor-CP၊ FOMM၊ Mitsubishi၊  Mine Mobility တို့အပါအဝင် ကုမ္ပဏီ(၁၃)ခုတို့အား လျှပ်စစ်မော်တော်ယာဉ်ဆိုင်ရာအထူး ဉီးစားပေးအစီအစဉ် (EV Privilegges) များပေးအပ်ခဲ့ပါသည်။

စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး Sontirat Sontijirawong က ဝယ်ယူမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် မော်တော်ဆိုင်ကယ် (၅၀၀) စီးအားပေးသွင်းအပ်နှံ အသစ် ဝယ်ယူသည့်ရှေ့ပြေး Buyback အစီအစဉ် အနေနှင့်ရရှိရန်မျှော်လင့်ထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

Source:Bangk Post          

Category: Thailand