Japan

၂၀၂၀ ပြည့်နှစ်အတွက် ဂျပန်နိုင်ငံ၏ ဘတ်ဂျက်လျာထားမှု အများဆုံးဖြင့် စံချိန်တင်ခဲ့

Last Updated:

၂၀၂၀ ပြည့်နှစ်အတွက်အသုံးပြုရန် အများဆုံးဘတ်ဂျက်ဆိုင်ရာ ဥပဒေ (မူကြမ်း)ကို ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

၂၀၂၀၊ ဧပြီလတွင် စတင်မည့် ဘဏ္ဍာရေးနှစ်အတွက် ဘတ်ဂျက်ကို ဂျပန်အထက်လွှတ်တော်က မတ်လ ၂၇ ရက်နေ့တွင် အတည်ပြုခဲ့ပါသည်။ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ၊  မဟာမိတ်ခိုးမေးတိုးပါတီနှင့် အခြားသော ပါတီများ၏ ထောက်ခံမဲ များဖြင့် အတည်ပြုခဲ့ခြင်း ဖြစ်ပါကြောင်း၊ စုစုပေါင်းဘတ်ဂျက် အသုံးစရိတ်သည် အမေရိကန်ဒေါ်လာ ၉၄၀ ဘီလီယံခန့်ရှိကြောင်း သိရပါသည်။

လစ်ဘရယ်ဒီမိုကရက်တစ်ပါတီဝင် Mr. Takamaro Fukuoka က အဆိုပါ ဘတ်ဂျက်သည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များအတွက် အခြေခံ အုတ်မြစ်အဖြစ် ဆောင်ရွက်မည်ဖြစ်သဖြင့် မြန်မြန်ဆန်ဆန် အတည်ပြု ဆောင်ရွက် သင့်ပါကြောင်း ထောက်ပြပြောဆိုခဲ့ပါသည်။ အတိုက်အခံအမတ်ဖြစ်သူ Mr. Hiroyuki Nagahama ကမူ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေး အရေးယူဆောင်ရွက်ချက်များအတွက် ရန်ပုံငွေမပါဝင်သဖြင့်် ကန့်ကွက်ကြောင်း ပြောဆိုခဲ့ပါသည်။

စံချိန်တင်များပြားသည့် အဆိုပါဘတ်ဂျက်တွင် အခမဲ့အဆင့်မြင့် ပညာရေးဆောင်ရွက်ရန်၊  စီးပွားရေးပိုင်း တိုးမြှင့်ဆောင်ရွက်ရေး ပံ့ပိုးဆောင်ရွက်မှုများအတွက် သုံးစွဲမည့်စရိတ်များ ပါဝင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုအပေါ် တုံ့ပြန်မည့် နောက်ဆက်တွဲ ဆောင်ရွက်ချက်များအတွက် သုံးစွဲမည့်  ဖြည့်စွက်ဘတ်ဂျက်ကို အစိုးရက ပြင်ဆင်ဆောင်ရွက်ရန်စီစဉ်နေကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

 

Category: Japan