China(Beijing)

၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်အတွင်း တရုတ်နိုင်ငံ၏ ပြည်တွင်း၌ လက်လီရောင်းချရမှု တစ်စထက်တစ်စ မြင့်တက်လျက်ရှိခြင်း

Last Updated:

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စီးပွားရေးကျဆင်းလျက်ရှိသော်လည်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း တရုတ်နိုင်ငံ၏ လက်လီရောင်းချရမှု ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း ဈေးကွက် လေ့လာသူ များမှ ပြောကြားခဲ့ပါသည်။ တရုတ်အမျိုး သားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ခဲ့သည့်အချက်အလက်များအရ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ မှ ဖေဖော်ဝါရီလအတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် lockdown ပြုလုပ်ခဲ့သည့်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုလုံးဝမရှိဘဲ လက်လီရောင်းချရမှုသည် ပြီးခဲ့သည့်နှစ်၊ ကာလတူထက် (၂၀.၅) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ပြည်တွင်း၌ ရောဂါကူးစက်ပျံ့နှံ့မှုများ ထိန်းချုပ်နိုင်ပြီး စီးပွားရေးနှင့်ပတ်သက်၍ မူဝါဒများ ချမှတ်ခဲ့သည့်အတွက် နောက်ပိုင်းတွင် လက်လီရောင်းချရမှု တစ်စထက်တစ်စ တိုး တက်လာခဲ့ကြောင်း၊ ၂၀၂၀ ပြည့် နှစ်၊ ဇွန်လ အတွင်း၌ လက်လီရောင်းချရမှုသည်ပြီးခဲ့ သည့်နှစ်၊ ကာလတူထက် (၁.၈) ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည့်အတွက် ပြည်တွင်းလက်လီရောင်းချရမှု ပြန်လည်တိုးတက်လာပြီဖြစ်ကြောင်း သိရှိရပါသည်။

https://www.globaltimes.cn/Portals/0/attachment/2020/2020-08-12/b082c910-6e2c-4c2f-8518-47dc3dd39503.jpeg 

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်း)

Source: https://www.globaltimes.cn/content/1197572.shtml

Category: China(Beijing)