USA

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန် - တရုတ် ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်

Last Updated:

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလတွင် အမေရိကန် - တရုတ် ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်ကို လက်မှတ်ရေးထိုးမည်

လတ်တလောညှိနှိုင်းထားသည့် အမေရိကန် - တရုတ် ပထမအဆင့် ကုန်သွယ်ရေး သဘောတူညီချက်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့တွင် လက်မှတ်ရေးထိုးမယ်လို့ သမ္မတထရမ့်က ဆိုပါတယ်။ ထို့နောက် ဒုတိယအဆင့် ကုန်သွယ်ရေးဆွေးနွေးပွဲကို တရုတ်နိုင်ငံ၊ ဘင်ဂျင်းသို့ သွားရောက်၍ ညှိနှိုင်းဆွေးနွေးသွားမှာဖြစ်ပါတယ်။

အမေရိကန်တွင် နည်းပညာလွှဲပြောင်းရေးအတွက် အခြေခံကျတဲ့ တာဝန်၊ ဝတ္တရားများ အသက်ဝင်ပြီဖြစ်ပါတယ်။ ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးမည့် သဘောတူစာချုပ်သည် တရုတ်အစိုးရက ၎င်း၏ စီးပွားရေးလုပ်ငန်းများအထူးသဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ အပေါ်  အထောက်အပံ့ပေးသည့် နယ်ပယ်များသာ အကျုံးဝင်ပြီး နည်းပညာလွှဲပြောင်းရေး စသည့်နယ်ပယ်များ အကျုံးမဝင်သေးကြောင်းသိရပါတယ်။ တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်း များသည် အမေရိကန်ကုမ္ပဏီများ၏ နည်းပညာများကို အသုံးပြုကြောင်း အမေရိကန်ဘက်က အခိုင်အမာစွပ်စွဲပြောဆိုထားပါတယ်။

၂၀၁၉ ခုနှစ်၊ မေလတွင် ပြင်ဆင်ခဲ့သည့် သဘောတူစာချုပ် (မူကြမ်း) တွင် တရုတ်နိုင်ငံ အနေဖြင့် ၎င်းကုမ္ပဏီများအား မမျှတသည့် အထောက်အပံ့မပေးခဲ့ကြောင်း (သို့) အမေရိကန် ကုမ္ပဏီများအပေါ် ဆိုးကျိုးသက်ရောက်မှုရှိကြောင်း တစ်ခုခုကိုခိုင်မာစေရန်အတွက် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ရန်လိုအပ်နေခဲ့ပါတယ်။ အဆိုပါ တရုတ်နိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို ပြင်ဆင်ချက်တစ်ချို့ကို အမေရိကန်ဘက်က မကြာခင်လက်မှတ် ရေးထိုးကြမည့် ပထမအဆင့် သဘောတူစာချုပ်တွင် ထည့်သွင်းရန် မျှော်လင့်ခဲ့ပါတယ်။

ယင်းဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများ၏ ပြင်ဆင်မှုများကို နောင်ဆက်လက်ညှိနှိုင်းကာ လက်မှတ်ရေးထိုးမည့် သဘောတူစာချုပ်များတွင် ထည့်သွင်းသွားနိုင်ရန် သမ္မတထရမ့်က တရုတ်နိုင်ငံသို့ သွားရောက်စေ့စပ်ညှိနှိုင်းမည်ဖြစ်ပါတယ်။

အဆိုပါပြင်ဆင်မှုများအပေါ် သမ္မတထရမ့်အနေဖြင့် တရုတ်တို့ထက် အလေးထားကြောင်း၊ နှစ်ဘက်သဘောတူညီချက်ရရှိသည်အထ ိစေ့စပ်ညှိနှိုင်းရာတွင် အလွန်ခက်ခဲနိုင်ကြောင်း ကော်နဲလ်တက္ကသိုလ်မှ ကျွမ်းကျင်သူ Mr. Eswar Prasad ဆိုပါတယ်။

တရုတ်သမ္မတအနေဖြင့်လည်း ကျွမ်းကျင်စွာကိုင်တွယ်ရမည့် ညှိနှိုင်းမှုများလာပြီး ၎င်းအနေနှင့် အမေရိကန်ဘက်မှ တောင်းဆိုမှုများကိုလိုက်လျောရာတွင် ပြည်သူတွေရဲ့ မလိုလားမှုကို မပေါ်လွင်စေပဲ ချည့်နဲ့နေတဲ့နှစ်နိုင်ငံဆက်ဆံရေးကို တည်ငြိမ်စေလိုကြောင်း တရုတ်ကျွမ်းကျင်သူကဆိုပါတယ်။ နိုဝင်ဘာလကုန်ပိုင်းတွင် တရုတ်နိုင်ငံဘင်ဂျင်းမြို့တွင် ကျင်းပသည့် Bloomberg New Economy Forum တွင် တရုတ်နိုင်ငံသည် ယခင်ကပြည်ပနိုင်ငံများကို ခုခံခဲ့ရကြောင်း၊ သို့သော် ယခုအချိန်တွင် တရုတ်နိုင်ငံ၏ အမှန်တကယ်ဖြစ်တည်မှုများနှင့် ကိုက်ညီသည့် မှန်ကန်သည့်လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်ကြောင်း၊ ပြည်သူများကို ပျော်ရွှင်စွာ အထောက်အကူပေးနိုင်ပြီဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေးဌာနမှ သိရပါတယ်။

ယင်းသည် အမေရိကန်နိုင်ငံမှ ဒုတိယအကြိမ်၊ တတိယအကြိမ် စေ့စပ်ညှိနှိုင်းမှုများတွင် တောင်းဆိုလာမည့် ညှိနှိုင်းမှုများသည် တရုတ်နိုင်ငံ၏ အဓိကစီးပွးရေးမူဝါဒများအပေါ် စိန်ခေါ် မှုများဖြစ်လာနိုင်သည့်အတွက် အမေရိကန်၏ တောင်းဆိုမှုများအပေါ် တရုတ်နိုင်ငံ၏ မူဝါဒ များကိုပြောင်းလဲသွားမှုမဟုတ်ကြောင်း သွယ်ဝိုက်ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ ဖိုရမ်တက်ရောက် သူများကဆိုပါတယ်။

စာမျက်နှာ ၈၆ မျက်နှာပါရှိသည့် ပထမအဆင့် ကုန်သွယ်ရေးသဘောတူညီချက်အား ဘာသာပြန်သူများနှင့် ဥပဒေကျွမ်းကျင်သူများက စူးစူးစိုက်စိုက်လေ့လာနေကြပြီးဖြစ်ပါတယ်။

(မြန်မာစီးပွားရေးသံမှူး ၊ အမေရိကန်ပြည်ထောင်စု)

Category: USA