Belgium

၂၀၁၉ ခုနှစ်တွင် ဥရောပ၏ ပြည်ပကုန်သွယ်မှုတိုးတက်ခဲ့ခြင်း

Last Updated:

ဥရောပ၏ စာရင်းအင်းအေဂျင်စီ Eurostat မှထုတ်ပြန်ခဲ့သည့် စာရင်းဇယားများအရ ၂၀၁၉ ခုနှစ်တွင် ယူရိုဇုန်အနေဖြင့် ကုန်သွယ်မှုပိုငွေ ယူရို ၂၂၅.၇ ဘီလီယံ ရှိခဲ့ကြောင်း၊ ပြီးခဲ့သည့်နှစ်က ကုန်သွယ်မှုပိုငွေပမာဏ ယူရို ၁၉၄.၆ ဘီလီယံထက် ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဘရပ်ဆဲလ်တိုင်းမ် သတင်းဌာန၏ ၁၄-၂-၂၀၂၀ နေ့တွင် သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။

၂၀၁၉ ခုနှစ်၊ နိုင်ငံတကာကုန်သွယ်မှုတွင် ယူရိုဇုန်အနေဖြင့် ပို့ကုန် ယူရို ၂၃၄၅.၄ ဘီလီယံတင်ပို့ခဲ့ပြီး ၂၀၁၈ ခုနှစ်နှိုင်းယှဉ်ပါက ၂.၇ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်တွင် ယူရိုဇုန်၏ သွင်းကုန်တင်သွင်းမှုတန်ဖိုးမှာ ယူရို ၂၁၁၉.၇ ဘီလီယံရှိခဲ့ပြီး၊ ၁.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ခြင်းဖြစ်ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများ အားလုံးမှ ပို့ကုန်တင်ပို့မှုတွင်လည်း တိုးတက်ခဲ့ပြီး ယူရို ၂၁၃၂.၃ ဘီလီယံဖြင့် တိုးတက်မှု ၃.၅ ရာခိုင်နှုန်းဖြစ်ကြောင်း၊ အီးယူအဖွဲ့ဝင်နိုင်ငံများ၏ သွင်းကုန်တင်သွင်းမှု အပိုင်းတွင် ယူရို ၁၉၃၂ ဘီလီယံဖြင့် တိုးတက်မှုမှာ ၁.၃ ရာခိုင်နှုန်း ရှိခဲ့ပြီး၊ ကုန်သွယ်မှုပိုငွေ ယူရို ၂၀၀.၃ ဘီလီယံရရှိခဲ့ကြောင်းသိရှိရပါသည်။

အီးယူအနေဖြင့် ကုန်သွယ်မှုပိုငွေအများဆုံးအဖြစ် အမေရိကန်နိုင်ငံနှင့်ကုန်သွယ်မှုတွင် ပိုငွေယူရို ၁၅၂.၆ ဘီလီယံရှိခဲ့ပြီး၊ ကုန်သွယ်မှုလိုငွေအများဆုံးဖြစ်ပေါ်ခဲ့မှုမှာ တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုတွင် လိုငွေယူရို ၁၆၃ ဘီလီယံရှိခဲ့ကြောင်း အဆိုပါသတင်းက ဖော်ပြထားပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ်  -  (https://www.brusselstimes.com)

Category: Belgium