China(Beijing)

ဩစတေးလျနိုင်ငံထုတ် မုယောစပါးများတင်သွင်းမှုအပေါ် မြင့်မားသည့် အကောက်ခွန်နှုန်း သတ်မှတ်ခဲ့ခြင်း

Last Updated:

တရုတ်နိုင်ငံသည် ဩစတေးလျနိုင်ငံ၏ စုပုံတင်သွင်းမှုတန်ပြန်သည့်အစီအမံနှင့် ထုတ်လုပ်သူများအပေါ် ထောက်ပံ့ပေးမှုများအား ၂ နှစ်ကြာ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပြီးနောက် ဩစတေးလျနိုင်ငံမှ စုပုံတင်သွင်းမှုများအပေါ် တန်ပြန်သည့်အနေဖြင့်  ဩစတေးလျနိုင်ငံ မှ တင်သွင်းမည့် မုယောစပါးများအပေါ် လက်ရှိကောက်ခံလျက်ရှိသည့် အကောက်ခွန်နှုန်းအပေါ် အကောက်ခွန် (၈၀) ရာခိုင်နှုန်း ထပ်မံတိုးမြှင့်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ဩစတေးလျနိုင်ငံ မှ နှစ်စဉ် အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံ တန်ဖိုးရှိ မုယောစပါးတင်သွင်းခဲ့မှုအပေါ် တန်ပြန်သည့် စီမံဆောင်ရွက်မှုအနေဖြင့် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း၊ ဩစတေးလျအနေဖြင့် အဆိုပါကိစ္စရပ်အား  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ထံသို့ တင်ပြသွားရန် အကြံပြုချက်များရှိကြောင်း၊ တရုတ်နှင့် ဩစတေးလျနိုင်ငံတို့သည် ၂၀၁၃ ခုနှစ်မှ စတင်၍ မဟာဗျူဟာမြောက်သည့် မိတ်ဖက်နိုင်ငံများအဖြစ်လည်းကောင်း၊ ၂၀၁၄ ခုနှစ်တွင် ဘက်စုံမဟာဗျူဟာမြောက် ဆက်ဆံရေးအဖြစ်သို့လည်းကောင်း အသီးသီး ရောက်ရှိခဲ့ပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဩစတေးလျနိုင်ငံ မှ မုယောစပါး စုပုံတင်သွင်းမှုအပေါ် တန်ပြန်သည့် အခွန်ကောက်ခံမှု(antidumping and count ervailing duties) ချမှတ်ခဲ့ခြင်းမှာ တရုတ်နိုင်ငံ၏ ဥပဒေများနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများနှင့်အညီ တိကျစွာစုံစမ်းစစ်ဆေးမှုများအပေါ် အခြေခံ၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်အတွင်း၌ ဩစတေးလျနိုင်ငံမှ ပင်လယ်ထွက်ကုန်အစားအစာ ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၄) ဘီလီယံ တင်ပို့ခဲ့ပြီး ၎င်းတို့အနက် အမေရိကန်ဒေါ်လာ (၆၅၈) သန်းသည် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း၊ အလားတူပင် ဩစတေးလျနိုင်ငံသည် နိုင်ငံအတွင်း ထုတ်လုပ်ထွက်ရှိသည့် လယ်ယာထွက်ကုန်ပစ္စည်းများ၏ (၆၅)ရာခိုင်နှုန်းအား တင်ပို့လျက်ရှိရာ အများစုမှာ တရုတ်၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဩစတေးလျနိုင်ငံမှ အမဲသား၊ ဝိုင်၊ ချည်မျှင်နှင့် မုယောစပါးတို့အား အဓိကတင်သွင်းလျက်ရှိကြောင်း၊ ဩစတေးလျနိုင်ငံမှ မုယောစပါးများတင်သွင်းမှုအပေါ် ပေးဆောင် ရန် အကောက်ခွန်နှုန်း သတ်မှတ်လိုက်သည့်အတွက် တရုတ်နိုင်ငံ၏ ဈေးကွက်အတွင်း ဩစတေးလျနိုင်ငံမှ ထွက်ရှိသည့် မုယောစပါးများအနေဖြင့် ဈေးကွက်အတွင်း ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်းသွားမည်ဖြစ်သည့်အတွက် တရုတ်နိုင်ငံသည် မုယောစပါးများ အား ပြင်သစ်၊ ကနေဒါ၊ ယူကရိန်းနှင့် ရုရှားနိုင်ငံတို့မှ ပြောင်းလဲဝယ်ယူတင်သွင်းလာနိုင်ကြောင်း၊ တရုတ်နိုင်ငံသည် ဩစတေးလျနိုင်ငံထွက် လယ်ယာထွက်ကုန်ပစ္စည်းများအား အများဆုံး ဝယ်ယူသူဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြားကုန်သွယ်မှုပမာဏ၌ လယ်ယာ ထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏသည် (၁၅) ရာခိုင်နှုန်းသာ ပါဝင်လျက်ရှိသည့်အတွက် အကယ်၍ နှစ်နိုင်ငံအကြား ဆက်ဆံရေးပိုမို တင်းမာလာမည်ဆိုပါက ကုန်သွယ်လျက်ရှိသည့် ကဏ္ဍအများစုအပေါ် ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း၊ ဩစတေးလျနိုင်ငံ၊ နိုင်ငံခြားရေးနှင့် ကုန်သွယ်မှုဌာနမှ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်အတွင်း ဩစတေးလျနိုင်ငံမှ တရုတ်နိုင်ငံသို့ သံသတ္ထုရိုင်း၊ ကျောက်မီးသွေး၊ သဘာဝဓါတ်ငွေ့စသည့် သဘာဝသယံဇာတ တွင်းထွက်အများဆုံးတင်ပို့ခဲ့ကြောင်း၊ စုစုပေါင်း တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ (၂၀.၈၈) ဘီလီယံရှိကြောင်း၊ အိန္ဒိယနိုင်ငံသည် ၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ သံသတ္ထုရိုင်းတင်ပို့မှုသည် တန်ချိန် (၃၀.၈၂) သန်း ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ထက်(၁၅၄)ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ တရုတ် နိုင်ငံသည် တောင်အာရှနိုင်ငံများမှ သဘာဝသယံဇာတအများဆုံး ဝယ်ယူသူဖြစ်လာသည့်အတွက် တရုတ်နိုင်ငံအနေဖြင့်  ဩစတေးလျနိုင်ငံထုတ် သဘာဝတွင်းထွက်ပစ္စည်းများအပေါ် ကန့်သတ်မှုများ ချမှတ်ဆောင်ရွက်မည်ဆိုပါက အိန္ဒိယနိုင်ငံအပါအဝင် အခြားနိုင်ငံများအနေဖြင့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်ဟု လေ့လာစောင့်ကြည့်သူများမှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

ရင်းမြစ် : https://www.globaltimes.cn/content/1188857.shtml

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: China(Beijing)