Belgium

ဥရောပ၌ Cross-Border E-commerce တိုးတက်ခဲ့ခြင်း

Last Updated:

Cross-Border Commerce Europe (CBCommerce) မှ ထုတ်ပြန်ခဲ့သည့် လေ့လာမှု အစီရင်ခံစာအရ ပြီးခဲ့သည့်နှစ်အတွင်း ဥရောပတွင် နယ်စပ်ဖြတ်ကျော် အီလက်ထရွန်နစ်ကူးသန်း ရောင်းဝယ်မှု (Cross-border E-commerce)၏ ဝင်ငွေမှာ ယူရို (၁၀၈.၇၅) ဘီလီယံရှိခဲ့ကြောင်း သိရှိရပါသည်။  အဆိုပါဝင်ငွေစုစုပေါင်းအနက် ဥရောပသမဂ္ဂအတွင်းရှိ အွန်လိုင်းရောင်းချသည့် ကုမ္ပဏီများမှ ဝင်ငွေရရှိမှုမှာ (၅၈) ရာခိုင်နှုန်းရှိပြီး၊ Non-EU brands များမှ (၄၂) ရာခိုင်နှုန်း ရရှိခဲ့ကြခြင်းဖြစ်ကြောင်း၊ ဥရောပ၏ အွန်လိုင်း ရောင်းချသည့် ကုမ္ပဏီ (၅၀၀) မှ အခွန်ဘဏ္ဍာငွေ ယူရို (၃၉.၇) ဘီလီယံ ရရှိခဲ့ကြောင်း အဆိုပါလေ့လာမှုအရ သိရှိပါသည်။

အဆိုပါလေ့လာမှုအရ သတ်မှတ်ချက် (parameter) လေးခုဖြင့် အဆင့်သတ်မှတ်ခြင်း ဖြစ်ပြီး၊ ၎င်းသတ်မှတ်ချက်များမှာ ဥရောပအတွင်း နယ်စပ်ဖြတ်ကျော် အွန်လိုင်းရောင်းချမှု (cross-border online sales in Europe) ၊ cross-border SEO (search engine optimization) performance indicators၊ လွှမ်းခြုံသည့်နိုင်ငံအရေအတွက်အပေါ်မူတည်၍ နယ်စပ်ဖြတ်ကျော်ရမှတ် (cross-border score based on the number of countries covered)၊ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ကြည့်ရှုမှု ရာခိုင်နှုန်းနှင့် အရေအတွက် (the number and percentage of cross-border visits) တို့ဖြစ်ကြကြောင်း၊ အဆိုပါလေ့လာမှုအစီရင်ခံစာအရ  ဆွီဒင်နိုင်ငံမှ ပရိဘောဂကုမ္ပဏီ (IKEA) သည် ပထမနေရာ၌ ရပ်တည်ခဲ့ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏ သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

 

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်)

( မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

Category: Belgium