USA

ဥရောပနိုင်ငံများမှ အမေရိကန်နိုင်ငံသို့ လာရောက်ခွင့် တလပိတ်ပင်၊ စတော့ဈေးများ မှတ်တမ်းတင် တစ်ရှိန်ထိုး ထိုးကျ

Last Updated:

အမေရိကန်ပြည်ထောင်စုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုကို တားဆီးကာကွယ် နိုင်ရန်အတွက် ဥရောပမှ နိုင်ငံခြားသားခရီးသွားများကို မတ်လ ၁၃ ရက်နေ့၊ သောကြာနေ့ သန်းခေါင်ယံမှစ၍ ရက်ပေါင်း ၃၀ အတွင်း အမေရိကန်နိုင်ငံအတွင် ဝင်ခွင့်ပိတ်ပင်ကြောင်း မတ်လ ၁၁ ရက်နေ့တွင် သမ္မတထရမ့်က ကြေညာလိုက် ပါသည်။ အဆိုပါကန့်သတ်ချက်သည် နိုင်ငံခြားသားများအတွက်သာဖြစ်ပြီး အမေရိကန်နိုင်ငံသားများ၊ Green Card ကိုင်ဆောင်ထားသူများ (သို့) အမေရိကန်နိုင်ငံ သား၏ မိသားစုဝင်များအတွက် သက်ရောက် မှုမရှိကြောင်း ပြည်ထဲရေးဌာနကဆိုပါသည်။ ထို့ပြင် နယ်စည်းမခြား အကန့်အသတ်မရှိ သွားလာနေကြသည့် ဥရောပ ၂၆ နိုင်ငံသို့ သွားလာထားသည့် နိုင်ငံခြားသားများကိုလည်း ကန့်သတ်ထားသည်ဟုဆိုပါသည်။ ဗြိတိန်တွင်လည်း ဗိုင်းရပ်စ် ပြန့်နှံ့နေသော်လည်း ကန့်သတ်မှုတွင် ဗြိတိန်နိုင်ငံပါဝင်ခြင်းမရှိပေ။

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကို ကမ္ဘာအနှံ့ပြန့်နှံ့တဲ့ပက်ရောဂါအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကြေညာခဲ့ပြီးနောက် ယခုလို ခရီးသွားကန့်သတ်ချက်ကို ထုတ်ပြန်ခဲ့ တာဖြစ်ပါသည်။ ဥရောပနှင့် ခရီးသွားကန့်သတ်ချက်မှု လူအဝင်ကန့်သတ်ခြင်းသာဖြစ်ပြီး ကုန်စည် ကုန်သွယ်မှုအပေါ် ကန့်သတ်မှုမရှိကြောင်းဆိုပါသည်။

အမေရိကန်သမ္မတထရမ့်က ဥရောပနိုင်ငံများမှ နိုင်ငံခြားသားများအား အမေရိကန် လာရောက်ခွင့်ပိတ်လိုက်သည့်အတွက် ဥရောပနှင့် အာရှတို့တွင် စတော့ဈေးကွက် တဟုန်ထိုးတိုးကျခဲ့ပါသည်။ မတ်လ ၁၂ ရက်နေ့နံနက်ပိုင်းတွင် S&P 500 ဈေး ၇ ရာခိုင်နှုန်းအောက် ထိုးကျခဲ့ပြီးနောက် နယူးယောက်စတော့ဈေးကွက် ရောင်းဝယ်မှု ယာယီရပ်တန့်ခဲ့ရပါသည်။ ထို့အတူ Dow Jones Industrial Average သည်လည်း ၁,၇၀၀ ပွိုင့်ထိ ကျဆင်းခဲ့ပါသည်။ မွန်းလွဲပိုင်းတွင် Dow Jones Industrial Average က ၂,၃၅၂ ပွိုင့်၊ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်း၊ S&P 500 က ၉.၅ ရာခိုင်နှုန်းနှင့် Nasdaq က ၉.၄ ရာခိုင်နှုန်း အသီးသီးမှတ်တမ်းတင် ကျဆင်းလျက် ရှိပါသည်။

ထို့အတူ ဥရောပစတော့ဈေးများလည်း သိသိသာသာထိုးကျခဲ့ပါသည်။ ဥရောပနှင့် အမေရိကန်နိုင်ငံအကြား ပျံသန်းကြသည့် လေကြောင်းလိုင်းများ ၎င်းတို့ခရီးစဉ် များ ဖျက်သိမ်းကြရပြီး အစုရှယ်ယာများ အထိနာဆုံးဖြစ်ပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အမေရိကန်ပြည်ထောင်စု)

 

https://www.nbcnews.com/politics/donald-trump/trump-make-prime-time-address-coronavirus-wednesday-night-n1155941

https://www.wsj.com/articles/global-stocks-follow-u-s-markets-lower-11583975524

 

Category: USA