Belgium

အီးယူ၏ ဘတ်ဂျတ်ဆိုင်ရာဆွေးနွေးပွဲ သဘောတူညီမှုမရဘဲ ပြီးဆုံး

Last Updated:

အီးယူ၏ ကာလရှည်ဘတ်ဂျတ်ဆိုင်ရာ ဥရောပကောင်စီဆွေးနွေးပွဲမှာ သဘောတူညီချက် မရရှိခဲ့ဘဲ ၂၁-၂-၂၀၂၀ နေ့တွင် ပြီးဆုံးခဲ့ကြောင်း၊ ယင်းဆွေးနွေးပွဲကို ဘရပ်ဆဲလ်မြို့တွင် ၂၀-၂-၂၀၂၀ နေ့၊ နေ့လယ်ပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး၊ နှစ်နိုင်ငံဆွေးနွေးပွဲ များလည်းပါဝင်ခဲ့ကြောင်း၊ ဘတ်ဂျတ်ဆိုင်ရာအဆိုပြုချက်ကို အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသော်လည်း ၂၀၂၁-၂၀၂၇ ကာလအတွက် ဘဏ္ဍာရေးဆိုင်ရာ အစီအမံအပေါ်တွင် အီးယူခေါင်းဆောင်များအနေဖြင့် သဘောတူညီမှု မရရှိခဲ့ကြကြောင်း Politico သတင်းဌာန၏ သတင်းထုတ်ပြန်ခဲ့မှုအရ သိရှိရပါသည်။

ဆွေးနွေးပွဲတွင် အီးယူ၏ ဘတ်ဂျတ်နှင့်စပ်လျဉ်း၍ သဘောတူညီချက်ရရှိရန် မဖြစ်နိုင်ကြောင်းကိုတွေ့ရှိခဲ့ရပြီး၊ မိမိတို့အနေဖြင့် ပိုမိုအချိန်ယူရန် လိုအပ်မည်ဖြစ်ကြောင်း ဥရောပကောင်စီ ဥက္ကဌဖြစ်သူ Charles Michel က ပြောကြားခဲ့ကြောင်း၊ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း အီးယူ၏ နောက်ဆုံးအကြိမ်ကျင်းပခဲ့သည့် ဘတ်ဂျတ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများတွင် အီးယူ၏ ကာလရှည် ဘတ်ဂျတ်သုံးစွဲမှုအတွက် သဘောတူညီချက်ရရှိရန် ဥရောပကောင်စီအနေဖြင့် ဘတ်ဂျတ်ဆိုင်ရာ ဆွေးနွေးပွဲများ(Summits) ကို နှစ်ကြိမ်အထိ ပြုလုပ်ခဲ့ရခြင်းဖြစ်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘယ်လ်ဂျီယံနိုင်ငံ)

ရင်းမြစ် - (https://www.politico.eu/section/trade)

 

Category: Belgium