Belgium

အီးယူမှ နိုင်ငံပေါင်း (၁၅) နိုင်ငံအတွက် ခရီးသွားလာမှု ကန့်သတ်ချက်များကိုဖယ်ရှားခဲ့ခြင်း

Last Updated:

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အီးယူပြင်ပနိုင်ငံများအပေါ်  အီးယူသို့ ခရီးသွားလာမှုအား ပြန်လည်ဖွင့်လှစ်ပေးသည့် အနေဖြင့် နိုင်ငံပေါင်း(၁၅) နိုင်ငံအတွက် ခရီးသွားလာမှုကန့်သတ်ချက်များကို ဖယ်ရှားပေးရန် အီးယူ အဖွဲ့ဝင်နိုင်ငံများအား ကောင်စီမှ ထောက်ခံမှုပြုထားကြောင်း သိရှိရပါသည်။

ရောဂါကူးစက်မှုထိန်းချုပ်ရေးဆိုင်ရာ အခြေအနေများနှင့် ကန့်သတ်ဆောင်ရွက်မှု အစီအမံများကဲ့သို့သော သတ်မှတ်စံနှုန်းများနှင့် အခြေအနေများအပေါ်အခြေခံ၍ အီးယူအဖွဲ့ဝင်နိုင်ငံများသည် ပြင်ပနိုင်ငံများအတွက် ခရီးသွားလာမှု ဆိုင်ရာကန့်သတ်ချက်များကို စတင်ဖြေလျှော့သွားမည်ဖြစ်ကြောင်း၊ အီးယူ၏ ခရီးသွားလာမှု ကန့်သတ်ချက်များဖြေလျှော့ပေးမှုတွင် အယ်လ်ဂျီးရီးယား၊ သြစတြေးလျ၊ ကနေဒါ၊ ဂျော်ဂျီယာ၊ ဂျပန်၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နယူးဇီလန်၊ ရဝမ်ဒါ၊ ဆားဘီးယား၊ တောင်ကိုရီးယား၊ ထိုင်း၊ တူနီးရှား၊ ဥရုဂွေး၊ တရုတ် (အပြန်အလှန်မူဖြင့်) စသည့် နိုင်ငံပေါင်း (၁၅) နိုင်ငံပါဝင်ကြောင်း သိရှိရပါသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် အီးယူသို့ ဝင်ရောက်ခွင့်အတည်ပြုမည့် နိုင်ငံများစာရင်းတွင် ပါဝင်ခြင်းမရှိသေးကြောင်း၊ အီးယူ၏အဆိုပါ ထောက်ခံချက် (Recommendation) တွင် အန်ဒိုရာ၊ မိုနာကို၊ ဆန်မာရီနိုနှင့် ဗာတီကန်တို့၌ နေထိုင်သူများအား အီးယူတွင်နေထိုင်သူများအဖြစ် မှတ်ယူမည်ဟု ကောင်စီမှ ဖော်ပြထားပြီး၊ အထက်ဖော်ပြပါ  ခရီးသွားလာမှုကန့်သတ်ချက် ဖြေလျှော့သည့်နိုင်ငံများစာရင်းကို ပြန်လည်သုံးသပ်၍ နှစ်ပတ်တစ်ကြိမ် မွမ်းမံပြင်ဆင် သွားမည်ဖြစ်သည်ဟု ကောင်စီမှကြေညာခဲ့ကြောင်း ဘရပ်ဆဲလ်တိုင်းမ်၏ ၃၀-၆-၂၀၂၀ နေ့တွင် သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် - (ဘရပ်ဆဲလ်တိုင်းမ်) 

 

Category: Belgium