India (Delhi)

အိန္ဒိယနိုင်ငံ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပဲမျိုးစုံတင်သွင်းခွင့် ခွဲတမ်းသတ်မှတ်ချက် ထုတ်ပြန်ခြင်း

Last Updated:

၂၀၁၅-၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှစတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် ပဲလုံးအုပ်စုဝင် ပဲများ (စားတော်ပဲ အစိမ်း၊ အဝါနှင့် အခြားပဲများ) အား ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် အတွက် ခွဲတမ်းသတ်မှတ်ချက်ဖြင့် ကန့်သတ်တင်သွင်းခွင့်ပြုမည့် ပမာဏကို အိန္ဒိယကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနက အမိန့် ကြော်ငြာစာအမှတ်  S.O. 1225(E) ဖြင့် ၂၈.၃.၂၀၂၀ နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ အမိန့်ကြော်ငြာစာအရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပဲတီစိမ်းတန်ချိန် ၁.၅ သိန်း၊ ပဲစင်းငုံတန်ချိန် ၄ သိန်းနှင့် ပဲလုံးအုပ်စုဝင် စားတော်ပဲအစိမ်း၊ စားတော်ပဲအဝါနှင့် အခြား ပဲများ တန်ချိန် ၁.၅ သိန်းတို့ကို ကန့်သတ်တင်သွင်း ခွင့်ပြုမည် ဖြစ်ကြောင်း၊ ပဲလုံးအုပ်စုဝင်ပဲများ တင်သွင်းမှုကို ၁၈.၁၂.၂၀၁၉ နေ့၌ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၃၇ ၌ ဖော်ပြပါရှိ ချက်အတိုင်း တစ်ကီလိုလျှင် အနိမ့်ဆုံး CIF ရူပီးငွေ ၂၀၀ နှုန်းဖြင့် ကိုလ်ကတ္တားဆိပ်ကမ်းမှသာ တင်သွင်းရမည်ဖြစ်ကြောင်း၊ ယခုကန့်သတ်ချက်သည် အိန္ဒိယအစိုးရ၏ နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ်ရေးထိုးထားသည့် နားလည်မှု စာချွန်လွှာများနှင့် သက်ဆိုင်မှုမရှိကြောင်း၊ ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း ဆောင်ရွက်သူများကသာ DGFT ဌာနမှ သတ်မှတ်သည့် လုပ်ထုံးလုပ်နည်း များနှင့်အညီ ပဲများတင်သွင်းခွင့်ခွဲတမ်းကို လျှောက်ထားနိုင်ကြောင်းသိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ အိန္ဒိယနိုင်ငံ)

Category: India (Delhi)