China(Nanning)

အားလပ်ရက်ပြီးစီးသည့်နောက်ပိုင်းတွင် အများပြည်သူနှင့်ဆိုင်သည့်နေရာများ၌ ရောဂါထိန်းချုပ်မှုများ ဆက်လက်ပြုလုပ်လျက်ရှိ

Last Updated:

ယခုအခါ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်က အများပြည်သူ လာရောက်သည့်နေရာများနှင့် သယ်ယူပို့ဆောင်ရေးယာဉ်များတွင် ကူးစက်ရောဂါကုသရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးကြရန် တောင်းဆိုလိုက်ပါသည်။

ကူးစက်ရောဂါပျံ့နှံ့နေမှုကို ထိန်းချုပ်ရန် အများပြည်သူလာရောက်သည့် နေရာများ၊ အများပြည်သူစီးသယ်ယူပို့ဆောင်ရေးယာဉ်များနှင့် အသုံးအဆောင်များနှင့် မတူညီသည့် လူအုပ်စုများအတွက် ရောဂါထိန်းချုပ်ရေးလမ်းညွှန်ချက်များကို ကော်မရှင်က ထုတ်ပြန်ထားပါသည်။

တရုတ်၏ ထပ်မံရက်တိုးမြှင့်ထားသည့် နှစ်သစ်ကူးရုံးပိတ်ရက်မှာ ကုန်ဆုံးတော့မည်ဖြစ်သဖြင့် လူအများအပြားမှာ လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်တော့မည်ဖြစ်ကြောင်း၊  ထိုအခါ ဘတ်စ်ကားများ ၊ မီးရထားများ၊ လေယာဉ်များနှင့် ကြိုပို့ယာဉ်များ အပါအဝင် အများပြည်သူအသုံးပြုသော ယာဉ်များအတွက် ထိုင်ခုံများ၊ ရောဂါကူးစက်မှု မခံရစေသည့် ပိုးသတ်သည့်အစီအစဉ်များနှင့် လေဝင်လေထွက်စနစ်များကို ကောင်းမွန်စွာဆောင်ရွက်ထားကြရန် ညွှန်ကြားထားသည်။

အငှားယာဉ်များသည်လည်း နေ့စဉ်ခရီးသည်များကို ပို့ဆောင်ခြင်းမပြုမီ ပိုးသတ်ရမည်ဖြစ်သည်။ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ စူပါမားကက်များနှင့် ရုံးအဆောက်အအုံများအပါအဝင် အများပြည်သူများ ရှိသည့်နေရာများ၌ ပိုးသတ်ခြင်း၊ လက်ဆေး ခြင်းနှင့် ကိုယ်အပူချိန်တိုင်းယူခြင်းတို့ကို လုပ်ဆောင်ကြရန်နှင့် နှာခေါင်းစည်း များတပ်ဆင်ထားကြရန်  လမ်းညွှန်ချက်တွင် အလေးအနက် ဖော်ပြထားသည်။ လမ်းညွှန်ချက်အား  တရားဝင်ဝက်ဘ်ဆိုဒ်ပေါ်တွင်လည်း တင်ထားကြောင်း သိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ ဆင်ဟွာ (၃-၂-၂၀၂၀)

Category: China(Nanning)